Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 216

Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 240

Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 247

Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 248
မုံရွာမြို့ – Tourism Myanmar
Skip to content

စွဲမက်ဖွယ်လေ့လာစရာနေရာများ

မုံရွာမြို့

စိတ်ဝင်စားဖွယ်ရာများ

  • မုံရွာမြို့သည် အံဩဖွယ်ခမ်းနားကြီးကျယ်သော ဘုရားစေတီပုထိုးများစွာတည်ရှိရာမြို့ ဖြစ်ပါ သည်။
  • မုံရွာမြို့၏ သမိုင်းဝင်နေရာများနှင့် ယဉ်ကျေးမှုအမွေအနှစ်များကိုအံ့ဩဖွယ် တွေ့မြင်နိုင်ပါ သည်။
  • ဒေသထွက်စားသောက်ဆိုင်တန်းများတွင် စားသောက်ရင်း မြစ်ပြင်ကျယ်၏ ရှုမျှော်ခင်းများ ကိုလန်းဆန်းစွာခံစားနိုင်ပါသည်။

မုံရွာမြို့တွင် အထင်ကရဖြစ်သည့်အံ့မခန်းစေတီပုထိုးများစွာနှင့်အတူ သမိုင်းဝင်နေရာများနှင့် ယဉ်ကျေးမှုအမွေအနှစ်များစွာရှိသည်။ချင်းတွင်းမြစ်ရှုခင်းများကိုခံစားရင်း ဒေသထွက်အစားအစာများကို မြည်းစမ်းနိုင်သည်။

          မုံရွာမြို့သည် မန္တလေးမြို့၏အနောက်မြောက်ဘက် ၁၃၆ ကီလိုမီတာတွင် တည်ရှိသော ချင်းတွင်းမြစ်အနီး၌တည်ရှိပြီး ကမ္ဘာပေါ်တွင် အထင်ကရ ဒုတိယမြောက်အမြင့်ဆုံးရုပ်တုဖြစ်သည့် လေးကျွန်းစင်္ကြာဘုရားသည်မုံရွာမြို့၌တည်ရှိသည်။ချင်းတွင်းမြစ်ဝှမ်းတစ်ဝိုက်၏ ကုန်သွယ်ရေးနှင့် စိုက်ပျိုးရေးထွက်ကုန်များအတွက်အဓိကအချက်အချာလည်းဖြစ်သည်။မုံရွာသည် ချည်စောင်ကြောင့် ကျော်ကြားပြီး ကျောက်ကာရွာသည် အရည်အသွေးပြည့်ဝသော ယွန်းထည်အသုံး အဆောင်များဖြင့် လူသိများသည်။မုံရွာမြို့သည်မြန်မာနိုင်ငံအလယ်ပိုင်းခြောက်သွေ့ရပ်ဝန်း၏ချင်းတွင်းမြစ်ပေါ်တွင်တည်ရှိသောမြို့တစ်မြို့ဖြစ်ပါသည်။ထူးခြားသောနေရာများစွာရှိပြီးမြို့၏လမ်းများစွာတွင် တမာပင်များစွာ ရှိသောကြောင့် ၎င်းကို တမာမြေဟုလည်းခေါ်ကြသည်။ “Miss pancake town” ဟုလည်း လူသိများသည်။ ရှေးဒဏ္ဍာရီတစ်ခုအရ မင်းသားတစ်ပါးသည် ရွာသို့ အလည်အပတ်သွားပြီးနောက် ပန်ကိတ်မုန့်ကြော်သောအမျိုးသမီးတစ်ဦးနှင့်တွေ့ဆုံခဲ့သည်။သူမနှင့်လက်ထပ်ပြီးနောက်မုံရွာဟုအမည်ပေးခဲ့သည်။

ဘယ်လိုသွားရောက်ရမလဲ

လည်ပတ်စရာနေရာများ

မုံရွာမြို့သည် နာမည်ကြီးဘုရားပုထိုးများတည်ရှိသော မြန်မာနိုင်ငံ၏ယဉ်ကျေးမှုအချက်အချာ နေရာဖြစ်သည်။ သမ္ဗုဒေစေတီတော်သည် ခရီးသွားများလာရောက်လည်ပတ်ရာ စေတီငယ်များဖြင့် ခမ်းနားထည်ဝါသော ဘုရားစေတီတစ်ခုဖြစ်ပါသည်။  အခြားထင်ရှားသောစေတီတစ်ဆူမှာ ဆရာတော် ဦးနာရာဒါတည်ထားခဲ့သော ဗောဓိပင်များတည်ရှိရာ ဘုရားဆင်းတု (၁၀၀၀) ကိန်းဝပ်စံပယ်နေသော ဗောဓိတစ်ထောင်စေတီတော်မြတ်ကြီးဖြစ်ပါသည်။ မုံရွာဟုဆိုလျှင် လေးကျွန်းစင်္ကြာရပ်တော်မူ ရုပ်ပွား တော်အား တွဲဖက်မြင်နိုင်ပါသည်။ ဂူများသို့သွားရောက်လည်ပတ်လိုသူများအနေဖြင့် တစ်ခုနှင့်တစ်ခု နီးကပ်စွာတည်ရှိနေသော ရွှေဘတောင်နှင့် ဖိုဝင်တောင်တို့သို့လည်း သွားရောက်လည်ပတ်နိုင်ပါသည်။ မုံရွာမြို့တွင် ရာစုနှစ်များစွာတည်ရှိသော ဗုဒ္ဓရုပ်ပွားတော်များစွာကိုဖူးတွေ့နိုင်ပါသည်။ ထို့အပြင် ဒေသ တွင်း ညဈေး၌လည်း အရသာရှိသော အစားအစာများမြည်းစမ်းနိုင်ပြီး မြစ်၏လှပသောရှုခင်းတို့ကို ခံစားနိုင်ရန် ရေလမ်းကြောင်းတစ်လျှောက်ခရီး သွားနိုင်သည်။

လုပ်ဆောင်သင့်သည့် အရာများ

ခရီးစဉ်ဒေသများရှာဖွေခြင်း

မုံရွာမြို့သည်လှပသောအထင်ကရနေရာများ၊ ခမ်းနားထည်ဝါသောအမွေအနှစ်များဖြစ်သည့် ရွှေဝါရောင်ဘုရားများဖြင့်လူသိများပါသည်။ သာယာလှပသော ချင်းတွင်းမြစ်နှင့် ၎င်း၏ထူးခြားသော နေရာများကြောင့်ကျော်ကြားပါသည်။ မုံရွာမြို့အရှေ့တောင်ဘက်တွင် တည်ရှိသော ဘုန်းတော်ကြီး ကျောင်းများမှာ မုံရွာမြို့၏ဆွဲဆောင်မှုများထဲမှ တစ်ခုဖြစ်သည်။

ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များတည်ရှိရာဂူများ

ရွှေဘတောင်နှင့် ဖိုဝင်တောင်ကို သင်သိပါသလား။ ရွှေဘတောင်နှင့် ဖိုဝင်တောင် ဂူများအတွင်း၌ ရှေးကျပြီး သေးငယ်သော ရွှေရောင်ဗုဒ္ဓရုပ်ပွားတော်များရှိပြီး အံ့ဩဖွယ်အလွန်ကောင်းသည်။

ဒေသထွက်ကုန်များ လေ့လာခြင်း

လူတိုင်းနှစ်သက်သော မြန်မာ့ယွန်းထည်ပစ္စည်းများကို မုံရွာမြို့တွင်တွေ့ရှိနိုင်သည်။ ယွန်းထည် ပစ္စည်းများထုတ်လုပ်ရာနေရာများသည် ခရီးသွားဧည့်သည်များကို အမြဲဆွဲဆောင်လျက်ရှိပြီး ယဉ်ကျေးမှု အမွေအနှစ်မျိုးစုံကိုတွေ့ရှိနိုင်သည်။ မုံရွာမြို့မှ ၁၂ မိုင်အကွာအဝေးတွင်တည်ရှိသော ကျောက္ကာရွာ သည် ယွန်းထည်ပစ္စည်းများကို လေ့လာနိုင်ရန် အကောင်းဆုံးနေရာတစ်ခုဖြစ်ပါသည်။

မုံရွာမြို့၏ဒေသထွက်အစားအစာများ

မုံရွာမြို့သည်မြစ်ကမ်းဘေးတွင် တည်ရှိသောကြောင့် လတ်ဆတ်သော အော်ဂဲနစ်အစားအစာ များပေါများပါသည်။အရသာရှိသောဒေသထွက် အဆာပြေမုန့်များကို မုံရွာမြို့တွင်မြည်းစမ်းနိုင်သည်။ မြန်မာအစားအစာများဖြစ်သည့် ဒေသချက်ဟင်းလျာများနှင့်အတူ လက်ဖက်သုပ်ကဲ့သို့သော အခမဲ့ အရံဟင်းလျာများကို စားသုံးနိုင်သည့် မြန်မာစားသောက်ဆိုင်များလည်းရှိပါသည်။

ဆက်သွယ်ရန်

ရုံးအမှတ် (၃၃), ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန, နေပြည်တော်မြို့, မြန်မာနိုင်ငံ

+၉၅ ၆၇ ၃၄၀ ၆၄၅၈,

+၉၅ ၆၇ ၃၄၀ ၆၂၄၇, +၉၅ ၆၇ ၃၄၀ ၆၁၂၉

© COPYRIGHT 2020. ALL RIGHTS RESERVED