ဝပ်ဂျွန်ဆပ်၊ ရပ်တော်မူဘုရားအနီး နှစ်ပေါင်း (၂၅၀)ကြာမြင့်သော သစ်ပင်တစ်ပင်ရှိပါသည်။ အန်း အမျိုးသမီးများသည် မိမိကိုယ်ကို လှပစေရန် သွားများကို နေ့စဉ် အမဲရောင်ဆိုးထားပါသည်။
ကြိုတင်ပြင်ဆင်ထားပါ။ ရိုးရာကျိုင်းတုံဝိုင်သည် အရမ်းပြင်းပါသည်။
ရှမ်းပြည်နယ်၏ ကုန်သွယ်ရေးမြို့ဖြစ်သော ဤမြို့လေးသည် တရုတ်နှင့် ထိုင်းလူမျိုးတို့၏ လွှမ်းမိုး မှုကြောင့် ကျိုင်းတုံအပြင် ကန်းတန်၊ ချိုင်တမ်း၊ ချိန်တန်းနှင့် ကမ်းတုံဟူ၍ နာမည်အမျိုးမျိုး ပြောင်းလဲ ခေါ်တွင်လျက်ရှိပါသည်။ တိုင်းရင်းသားလူမျိုးစုများရှိသည့် ဤမြို့လေးသည် စစ်မှန်သော ကျေးလက် ရိုးရာအတွေ့အကြုံများနှင့် အမှတ်ရဖွယ် စွန့်စားသွားလာခြင်း အတွေ့အကြုံများနှင့်အတူ မြို့ပတ် လည်ရှိ သဘာဝရှုမျှော်ခင်းများကို ခံစားပါ။
ဘယ်လိုသွားရောက်ရမလဲ
- မြို့တွင်းလည်ရန် ကားမောင်းလိုသော ခရီးသွားများအနေဖြင့် ကားပါမစ်ရရန်လိုအပ်ပါသည်။ အခြား နည်းလမ်းမှာ မော်တော်ဆိုင်ကယ်ဖြင့် ခရီးသွားခြင်းဖြစ်ပါသည်။
- ကျိုင်းတုံမြို့သည် ခရီးစဉ်ဒေသသစ်တစ်ခုဖြစ်သည့်အတွက် ရန်ကုန်၊ ဟဲဟိုး၊ တာချီလိတ်နှင့် မန္တလေးမြို့တို့မှတစ်ဆင့် ပြည်တွင်းလေကြောင်းလိုင်းဖြင့် လာရောက်နိုင်ပါသည်။
လုပ်ဆောင်သင့်သည့် အရာများ
သစ်တစ်ပင်တောင်
သစ်တစ်ပင်တောင်သည် ကျိုင်းတုံမြို့၏အထင်ကရ ပြယုဂ်တစ်ခုဖြစ်ပြီး အဆိုပါတောင်ကုန်း ပေါ်တွင် နှစ်ပေါင်း (၂၅၀) သက်တမ်းရှိသော သစ်ပင်ကြီးတစ်ပင် ရှိပါသည်။ အဆိုပါ ကရင်ဖြူပင်ကို ၁၇၅၃ခုနှစ်တွင် စိုက်ပျိုးခဲ့ပြီး ၂၁၈ ပေ အမြင့်ရှိပါသည်။
မဟာမုနိဘုရား
အဆိုပါထိုင်းရိုးရာပုံစံဘုရားကျောင်းသည် ကျိုင်းတုံမြို့၏အချက်အချာနေရာတွင် တည်ရှိပြီး ဆူးလေဘုရားနှင့် ဆင်တူပါသည်။ ဘုရားအတွင်း၌ ဆိတ်ငြိမ်အေးချမ်းလျက်ရှိပြီး စိတ်အေးချမ်းစွာ နေထိုင်နိုင်မည်ဖြစ်ပါသည်။ ဘုရားအတွင်း၌ အဆိုပါဘုရား၏ သမိုင်းကြောင်းများအကြောင်း ရေးသားထားသော စာအုပ်များကိုလည်း ရရှိနိုင်ပါသည်။
မြို့မဈေး
ကျိုင်းတုံမြို့မဈေးကြီးသည် နေ့စဉ် နေ့လယ် (၁:၀၀)နာရီထိဖွင့်ပါသည်။ နံနက်ပိုင်းတွင် ပိုမို လတ်ဆတ်ကောင်းမွန်သော ကုန်ပစ္စည်းများကို ရရှိနိုင်သည့်အပြင် ဒေသခံများ၏ တစ်နေ့တာ လုပ်ငန်းဆောင်တာများကိုလည်း လေ့လာနိုင်ပါသည်။ ထို့အပြင် ကျိုင်းတုံမြို့မဈေး၏အစားသောက် တန်းကိုလည်း သွားရောက်မြည်းစမ်းကြည့်ရန် မမေ့သင့်ပါ။
နောင်တုံကန်
နောင်တုံကန်သည် ကျိုင်းတုံမြို့လယ်တွင်တည်ရှိပြီး ကိုလိုနီခေတ်၏ ပြောင်မြောက်သော ဗိသုကာအဆောက်အအုံများဖြင့် ဝန်းရံထားပါသည်။ နောင်တုံကန်လေးသည် နေချင်စဖွယ်ကောင်း လှပြီး အထူးသဖြင့်ညနေခင်းဘက်များတွင် အလွန်သာယာလှပပါသည်။ ဒေသခံများသည်ညနေ ဘက်တွင် အဆိုပါရေကန်သို့ လာရောက်အပန်းဖြေလေ့ရှိကြပါသည်။