Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 216

Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 240

Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 247

Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 248
ဘားအံ – Tourism Myanmar
Skip to content

စွဲမက်ဖွယ်လေ့လာစရာနေရာများ

ဘားအံ

စိတ်ဝင်စားဖွယ်အချက်အလက်များ

  • ဘားအံတွင် ချောကလက်စေတီဟုခေါ်တွင်သော ကျောက်ကလပ်စေတီ တည်ရှိပါသည်။
  • ဘားအံမြို့တွင်းလည်ပတ်လိုပါက ခြေလျင် (သို့) စက်ဘီးဖြင့် လည်ပတ်နိုင်ပြီး အနီးအနား ပတ်ဝန်းကျင်ကို ခံစားရန် Guided bicycle tours များ စီစဉ်ထားရှိပါသည်။
  • ကရင်ပြည်နယ်၏ မြို့တော် ဘားအံမြို့သည် ထုံးကျောက်လိုဏ်ဂူများဖြင့် ဝန်းရံထားသော လှပသည့် မြစ်ကမ်းဘေးမြို့တော်တစ်ခုဖြစ်သည်။
Mt Zwe Ka Bin

ရန်ကုန်မြို့မှ (၆)နာရီကြာ သွားရသည့်အတွက် နေ့စဉ်လူနေမှု ဘဝမှ ခဏတာ အပန်းဖြေအနားယူလိုသော ခရီးသွားဧည့်သည်များအတွက် ဘားအံ မြို့သို့ နေ့ချင်း ပြန်သွားရောက်နိုင်ပါသည်။

သံလွင်မြစ်နှင့် ပတ်ဝန်းကျင်တွင် စိမ်းလန်းသော လယ်ခင်းပြင်များသည် နေဝင်ချိန် ရှုမျှော်ခင်း ပန်းချီကားတစ်ချပ် ပုံဖော်ထားသကဲ့သို့ တည်ရှိနေပါသည်။ ‌ဘေးပတ်ပတ်လည်တွင် ဝန်းရံလျက်ရှိ သော ထုံးကျောက်လိုဏ်ဂူများကို စေတီဘုရားများအဖြစ် အသွင်ပြောင်းထားပါသည်။ သဘာဝ ရေကန်များမှသည် ကျောက်ဆောင်များတွင် တည်ရှိသော စေတီဘုရားများအထိ ဘားအံမြို့သည် အားလပ်ရက်အတွင်း လာရောက်လေ့လာလည်ပတ်သင့်သော နေရာတစ်ခုဖြစ်ပါသည်။

ဘယ်လိုသွားရောက်ရမလဲ

အထင်ကရ လည်ပတ်ဖွယ်ရာများ

ဘားအံမြို့အနီးကျေးလက်ဒေသများသည် ထုံးကျောက်တောင်များ၊ မြစ်ရေများစီးဆင်းနေ သောထုံးကျောက်ဂူများဖြင့် ဝန်းရံထားပါသည်။ ဆဒ္ဒန်ဂူသည်ဘားအံမြို့၏ အထင်ကရဂူတစ်ခု ဖြစ်ပြီး ရင်သပ်ရှုမောဖွယ် ကျောက်စက်ပန်းဆွဲများ၊ ကျောက်စက်မိုးမျှော်များဖြင့် လှပလျက်ရှိ ပါသည်။ ဆဒ္ဒန်ဂူ၏ ထွက်ပေါက်ဘက်တွင် ဘုရားလောင်းဆဒ္ဒန်ဆင်မင်း ရေကစားရာ ကန်ဟု ဒေသခံများက တင်စားခေါ်ဝေါ်ကြသော ရေကန်ကြီးတည်ရှိပြီး အဆိုပါကန်တွင် လှေစီးခြင်းများ ပြုလုပ်နိုင်ပါသည်။ ဘားအံမြို့အနှံ့အပြားတွင် ခမ်းနားထည်ဝါသော ဘုရားစေတီများစွာ တည်ရှိ သည့်အနက် ရေကန်၏ အလယ်တွင် ထိုးထွက်နေသော ကျောက်ကလပ်ပေါ်တွင် တည်ထားသော ကျောက်ကလပ်ဘုရားသည် အထင်ရှားအကျော်ကြားဆုံးဖြစ်ပါသည်။ ထို့နောက် တောင်ဝိုင်းတောင် သို့တက်ရောက်၍ တောင်ဝိုင်းဘုရားဖူးခြင်း၊ တောင်ပေါ်မှ ဘားအံမြို့၏ အလှတရားများကို ကြည့်ရှုခံစားခြင်းများ ပြုလုပ်နိုင်ပါသေးသည်။ ထို့အပြင် ဘားအံမြို့သည် ဥယျာဉ်များစွာလည်းရှိပြီး အထင်ရှားဆုံးမှာ လုမ္ဗိနီဗုဒ္ဓဥယျာဉ်ဖြစ်ပါသည်။ အဆိုပါဥယျာဉ်၏ အောက်ဘက်လမ်းတွင် ထိုင်တော်မူရုပ်ပွားတော်များ ရာနှင့်ချီတည်ထားပါသည်။

လုပ်ဆောင်သင့်သည့် အရာများ

စက်ဘီးစီးခြင်း

ဘားအံမြို့သို့ လည်ပတ်ရန် အကောင်းဆုံးမှာ ဟိုတယ် (သို့) မြို့တွင်းဆိုင်များတွင် စက်ဘီးငှားရမ်း၍ ကျေးလက်တောရွာပတ်ဝန်းကျင်တွင် ကိုယ်တိုင်လေ့လာလည်ပတ်နိုင်သော Guided biking tours ခရီးစဉ်များ ဖြစ်ပါသည်။

ဇွဲကပင်တောင်တက်ခြင်း

လှပသော ဇွဲကပင်တောင်ထိပ်မှနေ၍ ရင်သပ်ရှုမောဖွယ်ကောင်းသော မြင်ကွင်းကို ခံစားနိုင်ပါသည်။ တောင်ထိပ်ပေါ်သို့ တက်ရောက်ရန် ၂-၃ နာရီအထိ ကြာမြင့်ပြီး တောင်တန်းများ၏ မြင်ကွင်းကျယ် ရှုမျှော်ခင်းကို ကြည့်ရှုနိုင်ရန် စေတီတစ်ဆူတည်ရှိပါသည်။

မြို့ပတ်လမ်းလျှောက်ခြင်း

သင်သည် လမ်းလျှောက်ခြင်းကို နှစ်သက်သူဖြစ်ပါက ဘားအံမြို့သို့ အလွယ်တကူ လမ်းလျှောက် လည်ပတ်နိုင်ပါသည်။ မြို့ငယ်လေးဖြစ်သည့်အတွက် ဒေသခံအတွေ့အကြုံများနှင့် ရှုမျှော်ခင်းများကို ခံစားနိုင်ရန် ခြေလျင်ဖြင့် လည်ပတ်နိုင်ပါသည်။ ဘားအံစျေးတွင် ဒေသထွက် လက်ဆောင်ပစ္စည်းများ ဝယ်ယူခြင်းဖြင့် ခရီးစဉ်တစ်လျှောက် အမှတ်ရစေမည် ဖြစ်ပါသည်။

နေ့ချင်းပြန်ခရီးစဉ်များ

ဘားအံမြို့မှ ကျိုက်ထီးရိုးတောင်ပေါ်နှင့် မော်လမြိုင်မြို့ရှိ အကြီးဆုံးလျောင်း‌တော်မူဘုရားစသော နေ့ချင်းပြန်ခရီးစဉ်များရှိပြီး ပုံမှန်ပြေးဆွဲလျက်ရှိသော ဘတ်စ်ကားဝန်ဆောင်မှုများ ရနိုင်ပါသည်။ ပို၍ သက်တောင့်သက်သာ ခရီးသွားလိုပါက ကိုယ်ပိုင်တက္ကစီများ ဌားရမ်းနိုင်ပြီး Motorbike ဝန်ဆောင်မှု မှာ တစ်နေရာနှင့်တစ်နေရာ ဝေးကွာသည့်အတွက် အလွယ်တကူမရရှိနိုင်ပါ။

Video

ဆက်သွယ်ရန်

ရုံးအမှတ် (၃၃), ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန, နေပြည်တော်မြို့, မြန်မာနိုင်ငံ

+၉၅ ၆၇ ၃၄၀ ၆၄၅၈,

+၉၅ ၆၇ ၃၄၀ ၆၂၄၇, +၉၅ ၆၇ ၃၄၀ ၆၁၂၉

© COPYRIGHT 2020. ALL RIGHTS RESERVED