Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 216

Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 240

Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 247

Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 248
မိုးကုတ် – Tourism Myanmar
Skip to content

စွဲမက်ဖွယ်လေ့လာစရာနေရာများ

မိုးကုတ်

စိတ်ဝင်စားဖွယ်အချက်များ

  • မိုးကုတ်မြို့သည် ကမ္ဘာပေါ်တွင် အရည်အသွေးအကောင်းဆုံးသော ပတ္တမြားထွက်ရှိရာ ဒေသတစ်ခုဖြစ်ပါသည်။
  • ကမ္ဘာလှည့်ခရီးသွားများအနေဖြင့် ဥမင်လိုဏ်ကျောက်မျက်လုပ်ကွက်များသို့ သွားရောက် လည်ပတ်နိုင်မည့် ရှားပါးသည့်အခွင့်အရေးမျိုးလည်းရရှိနိုင်ပါသည်။
  • ၂၀၁၇ ခုနှစ်တွင် မိုးကုတ်မြို့တည်နှစ် ၈၀၀ပြည့်အထိမ်းအမှတ်အခမ်းအနားများကိုလည်း ကျင်းပခဲ့သည်။
မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်တွင် တည်ရှိပြီး ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၁၁၆၂ မီတာတွင် တည်ရှိပါသောကြောင့် ရာသီဥတမျှတပြီး လာရောက်လည်ပတ်သည့် ခရီးသွားများ အေးမြလတ်ဆတ်မှုကို ခံစားရမည်ဖြစ်ပါသည်။ ပတ္တမြား၊ နီလာနှင့်အခြား အဖိုးတန်ကျောက်မျက်ရတနာများတူးဖော်ထုတ်လုပ်မှုကြောင့် မိုးကုတ်မြို့သည် ရတနာ မြေအဖြစ် ထင်ရှားကျော်ကြားပါသည်။ အဖိုးတန်ကျောက်မျက်ရတနာများအပြင် ရှမ်း၊ ဗမာ၊ပလောင်နှင့်ကရင်စသည့်တိုင်းရင်းသားမျိုးနွယ်စုများ အတူတကွနေထိုင်ရာမြို့လေး တစ်မြိုလည်းဖြစ်ပါသည်။ မြို့ပတ်ပတ်လည်တွင် လှပသောတောင်တန်းများနှင့် ဝန်းရံ ထားပြီး ခရီးသွားများအနေဖြင့် တောင်စဉ်တစ်လျောက်ရှိ ကျေးရွာများသို့ လမ်းလျောက် ၍ လေ့လာအပန်းဖြေနိုင်ပါသည်။

သမိုင်းကြောင်း

ပတ္တမြားချိုင့်ဝှမ်းခေါ် မိုးကုတ်မြို့တော်သည် မန္တလေးတိုင်း၏ မြောက်ဘက်ပိုင်းတွင် တည်ရှိ ပါသည်။ ၁၆၄၈ခုနှစ်မှ ၁၆၆၁ခုနှစ်၊ ပင်းတလဲမင်း လက်ထက်တွင် ငမောက်အမည်ရှိသော ရွာသား တစ်ဦးသည် ကြည်လင်၍တဖိတ်ဖိတ်တောက်ပလျက်ရှိသော အလွန်ရှားပါးသည့် ၈၀ ကာရတ်ခန့် ရှိသော ပတ္တမြားတုံးကြီးအား တွေ့ရှိခဲ့ပြီး မင်းကြီးအား ဆက်သခဲ့ပါသည်။ ပတ္တမြားသည် ခိုသွေး ရောင် အနီတောက်တောက်လွှမ်းသော ကျောက်တုံးမျိုးဖြစ်ပါသည်။ ကမ္ဘာ့ပတ္တမြားအများစုမှာ မိုးကုတ်မှ ထွက်ရှိခြင်းဖြစ်ပြီး ကမ္ဘာအရပ်ရပ်သို့ တင်ပို့လျက်ရှိပါသည်။

ဘယ်လိုသွားရောက်ရမလဲ

အထင်ကရ လည်ပတ်ဖွယ်ရာများ

မိုးကုတ်မြို့သည် ပတ္တမြားမြို့တော်ဖြစ်သည့်အလျောက် ကျောက်တွင်းများစွာရှိပြီး နိုင်ငံခြား ခရီးသွားများအနေဖြင့် အဆိုပါကျောက်တွင်းများသို့ သွားရောက်၍ ပတ္တမြားတူးဖော်ခြင်းအဆင့်ဆင့် အား လေ့လာကြည့်ရှုနိုင်ပါသည်။ အဆိုပါကျောက်တွင်းများသို့သွားရောက်လေ့လာရန် အခွင့်အရေး သည်ရခဲလှပြီး အခြားသော သွားရောက်လည်ပတ်မည့် ခရီးသွားဧည့်သည်များနှင့် အတူပူးပေါင်း၍ သွားရောက်လေ့လာသင့်ပါသည်။ မိုးကုတ်မြို့၏ ပတ်ပတ်လည်တွင် တောင်တန်းများဖြင့် ကာရံထား ပြီး သစ်ပင်ပန်းမန်များပေါများလှသည့်အတွက် ရှုမျှော်ခင်းများကိုလည်း လှည့်လည်ကြည့်ရှုနိုင်ပါ သည်။ သဘာဝတရားများကို မှတ်တမ်းတင်လိုသောဓာတ်ပုံဆရာများအတွက် ရိုက်ကွင်းကောင်းများ စွာလည်းရှိပြီး အကောင်းဆုံးဓာတ်ပုံများရရှိနိုင်ရန် သင်၏ ဧည့်လမ်းညွှန်က ကူညီပေးနိုင်ပါသည်။ ဒေသခံတိုင်းရင်းသားမျိုးနွယ်စု ရွာသားများသည် သင့်အားပျော်ရွှင်စေရန် ငါးမျှားခြင်း၊ ခရီးကြမ်း လမ်းလျှောက်ခြင်းနှင့် ရေကူးခြင်းများဖြင့် ဧည့်ဝတ်ပြုကြပါလိမ့်မည်။ ရှမ်း၊ဗမာ၊ ကယန်း၊ ပလောင် နှင့် လီဆူး စသည့်မျိုးနွယ်စုများသည် မိမိတို့၏ ရိုးရာအဝတ်အစားများကို ဆင်ယင်၍ ရေကန်ဘေး တွင် နေ့စဉ်သွားလာလှုပ်ရှားနေသည်ကိုလည်း တွေ့မြင်လေ့လာနိုင်ပါသည်။ ညနေပိုင်းတွင် ကျောက်တန်းသို့ သွားရောက်၍ ခင်းကျင်းပြသထားသော ကျောက်မျက်ရတနာများကို လေ့လာ ဝယ်ယူနိုင်ပါသည်။

လုပ်ဆောင်သင့်သည့် အရာများ

ကျောက်မျက်ရတနာတူဖော်ရာနေရာများသို့ သွားရောက်လည်ပတ်ခြင်း

မိုးကုတ်မြို့ရှိ ကျောက်တွင်းများသို့ သွားရောက်လည်ပတ်ခြင်းသည် ခရီးသွားဧည့်သည်များကို အံ့သြသွားစေပါလိမ့်မည်။ ကျောက်မျက်လုပ်ကွက်များ၊ ဥမင်လိုဏ်လုပ်ကွက်များမှ ကျောက် ကြမ်းတုံးများနှင့် ပတ္တမြားအရိုင်းတုံးများကို မည်သို့တူးဖော်ထုတ်လုပ်နေသည်ကို လေ့လာကြည့်ရှု နိုင်မည်ဖြစ်ပါသည်။ ထို့အပြင် လုပ်ကွက်များတွင် ဒေသခံများသည် ၎င်းတို့၏ ကျွမ်းကျင်မှုဖြင့် အသက်မွေးဝမ်းကျောင်းအတွက် ကျွမ်းကျင်ပိုင်နိုင်စွာ ကျောက်မျက်ရတနာများတူးဖော်ထုတ်လုပ် နေမှု၊ ကျောက်များရွေးချယ်နေမှုများကိုလည်း မြင်တွေ့နိုင်မည်ဖြစ်ပါသည်။

မိုးကုတ်မြို့

ခရီးသွားများသည် မိုးကုတ်မြို့တစ်လျှောက်လမ်းလျှောက်ခြင်းကို နှစ်သက်ကြလိမ့်မည်ဖြစ်ပါ သည်။ အေးမြသောရာသီဥတုသည် လမ်းလျှောက်မှုကို သက်သောင့်သက်သာရှိစေပြီး မိုးကုတ်မြို့ အနီးဝန်းကျင်ရှိ ကြီးမားသောတောင်တန်းများ၏ ရင်သပ်ရှုမောဖွယ်ရာ လှပသောရှုခင်းကို ငေးမော ရင်း သဘာဝ၏အေးချမ်းမှုရသကို ခံစားရရှိနိုင်မည်ဖြစ်ပါသည်။ မိုးကုတ်မြို့လယ်တွင် ရေကန်တစ်ခု ရှိပြီး ညနေခင်းအချိန်တွင် ဒေသခံများ လေညှင်းခံရန် စုဝေးလာရောက်လေ့ရှိကြပါသည်။

ကျေးရွာသို့ သွားရောက်လေ့လာခြင်း

မိုးကုတ်မြို့ပတ်ဝန်းကျင်အနီးအနားရှိ ကျေးရွာများသို့ လာရောက်လည်ပတ်သည့် ခရီးသွား များသည် အပြန်အလှန် ရိုင်းပင်းကူညီမှုဖြင့် အတူတကွနေထိုင်ကြသည့် တိုင်းရင်းသားမျိုးနွယ်စုများ ဖြစ်သည့် ရှမ်း၊ ဗမာ၊ ကရင်၊ ပလောင်နှင့်လီဆူးလူမျိုးများ၏ တွေ့မြင်နိုင်မည်ဖြစ်ပါသည်။ ခရီးသွား များအနေဖြင့် ရေတံခွန်များတစ်လျောက် ဒေသခံရွာသားများနှင့်အတူ ရေကူးခြင်းကို လွန်စွာနှစ်သက် ကြလိမ့်မည်ဖြစ်ပါသည်။

ကျောက်မျက်ရတနာဈေးများ

မိုးကုတ်မြို့တွင် ပတ္တမြားနှင့်အခြားကျောက်မျက်ရတနာများကို ရောင်းချသည့် ကြီးမားသော ကျောက်မျက်ရတနာစျေး(၂)ခုရှိပါသည်။ ကျောက်မျက်ရောင်းချသူများနှင့် ကျောက်ကုန်သည်များ သည် စားပွဲများပေါ်တွင် အဝတ်စများခင်း၍ ပတ္တမြားများ၊ တောက်ပသည့် ကျောက်မျက်ရတနာများ သာ ခင်းကျင်းပြသရောင်းချသည့်ဈေးများဖြစ်သောကြောင့် ခရီးသွားအနေဖြင့် အခြားပစ္စည်းများ စွာကို ရှာဖွေတွေ့ရှိနိုင်မည်မဟုတ်ပါ။ အသေးစားနှင့်အလတ်စားအရွယ်ရှိ ပတ္တမြားများကို ၎င်းတို့၏ သဘာဝ အရောင်များပိုမိုတောက်ပစေရန် ကြေးဝါပြားများပေါ်တွင်တင်၍ ခင်းကျင်းပြသရောင်းချ ကြပါသည်။

Video

ဆက်သွယ်ရန်

ရုံးအမှတ် (၃၃), ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန, နေပြည်တော်မြို့, မြန်မာနိုင်ငံ

+၉၅ ၆၇ ၃၄၀ ၆၄၅၈,

+၉၅ ၆၇ ၃၄၀ ၆၂၄၇, +၉၅ ၆၇ ၃၄၀ ၆၁၂၉

© COPYRIGHT 2020. ALL RIGHTS RESERVED