Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 216

Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 240

Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 247

Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 248
မြိတ်ကျွန်းစုများ – Tourism Myanmar
Skip to content

စွဲမက်ဖွယ်လေ့လာစရာနေရာများ

မြိတ်ကျွန်းစုများ

စိတ်ဝင်စားဖွယ်အချက်များ

  • မြိတ်ကျွန်းစုသည် ကျွန်းပေါင်း ၈၀၀ ရှိပြီးသဘာဝအတိုင်းမပျက်စီးဘဲ မူလအတိုင်းတည်ရှိနေ သည့်ကျွန်းစုများကြောင့် ခရီးသွားများအတွက် စူးစမ်းရှာဖွေမှုမပြုရသေးသည့် ရတနာအဖြစ် ရပ်တည်နေပါသည်။
  • • ဆလုံလူမျိုးများဟု လူသိများသော “ပင်လယ်ပျော်လူမျိုး” များသည် အဆိုပါကျွန်းစုများတွင် နေထိုင်ကြပြီး ရေလုပ်ငန်းဖြင့် အသက်မွေးကျောင်းပြုကြပါသည်။
  • ရေအောက်မှ ရေကူး၍သာသွားရောက်နိုင်သည့် အသဲပုံကျွန်းတစ်ကျွန်းရှိပါသည်။

မြိတ်ကျွန်း စုများကို ခရီးသွားများလာရောက်လည်ပတ်နိုင်ရေးအတွက် ၂၀၀၆ ခုနှစ်မှစ၍ ဖွင့်လှစ်​ပေးခဲ့ ပြီး ၎င်းသည် အာရှ၏ အကောင်းဆုံးသော ထိန်းသိမ်းစောင့်ရှောက်ထားသည့် လျှို့ဝှက်ချက် များအနက်မှတစ်ခုဖြစ်သည်။ ဗြိတိန်နိုင်ငံမှ စူးစမ်းရှာဖွေသူများကကျွန်းပေါင်း ၈၀၀ ကိုရှာဖွေ တွေ့ရှိခဲ့ကြသော်လည်း ဒေသခံများက ကျွန်းတစ်လျောက် မရှာဖွေရသေးသည့် ကျွန်းစုပေါင်း များစွာရှိနေသေးကြောင်း အခိုင်အမာပြောဆိုကြပါသည်။ 

လာရောက်လည်ပတ်သည့် ခရီးသွားဦးရေ အလွန်များပြားမှုမရှိသောကြောင့် ရေများမှာ ကြည်လင်ပြတ်သားပြီး ရေပန်းစားသည့် ​ရေအောက်လှုပ်ရှားမှုများဖြစ်သည့် ရေငုပ်ခြင်း၊ ရေ ကူးခြင်းများလုပ်ဆောင်နိုင်သည့်အပြင် ထူးခြားဆန်းကြယ်သည့် အဏ္ဏဝါဗေဒကို ရေငုတ်၍ ကြည့်ရှုနိုင်သည့် နေရာများစွာလည်းရှိပါသည်။

လာရောက်လည်ပတ်ရန်အကောင်းဆုံးအချိန်

ဒီဇင်ဘာလမှ ဖေဖော်ဝါရီလအတွင်းသည် အေးမြသောရာသီဥတုနှင့် တည်ငြိမ်သော ပင်လယ်ပြင် အနေအထားရှိသဖြင့်မြိတ်မြို့သို့ သွားရောက်အနားယူရန် အကောင်းဆုံးကာလဖြစ်ပါ သည်။  ရေငုပ်ခြင်း၊ ရေကူးခြင်းများ ပြုလုပ်လိုပါကနေသာ၍ ရေများကြည်လင်သောကာလဖြစ် သည့်မတ်လမှ ဧပြီလအတွင်းသွားရောက်လည်ပတ်လျှင် ပိုမိုကောင်းမွန်သော ရေငုပ်ခြင်း အတွေ့ အကြုံများကို ရရှိမည်ဖြစ်ပါသည်။ မိုးတွင်းကာလဖြစ်သော ဇွန်လမှ အောက်တိုဘာလ အလယ်ထိ သင်္ဘောများ ပြေးဆွဲခြင်းကို ရပ်နားကြပါသည်။

ဘယ်လိုသွားရောက်ရမလဲ

အထင်ကရ လည်ပတ်ဖွယ်ရာများ

မြိတ်ကျွန်းစုတွင် အပျော်စီးသင်္ဘောငှာရမ်း၍ ကျွန်းများသို့ ရွက်လွင့်ခြင်း၊ ရေငုပ်ခြင်းနှင့် ဝေးလံခေါင်ဖျားသော လူသိနည်းသည့် ကျွန်းများသို့ စွန်းစားသွားလာခြင်း စသည်တို့ပြုလုပ်နိုင် ပါသည်။

          အမျိုးသားတောရိုင်းတိရိစ္ဆာန်ဥယျာဉ်တွင် ရှားပါးငှက်မျိုးစိတ်များနှင့် အဏ္ဏဝါမျိုးစိတ်များကို လေ့လာနိုင်ပါသည်။ ထို့အပြင် စလုံလူမျိုးတို့၏ စိတ်ဝင်စားဖွယ် နေထိုင်မှုပုံစံများလည်း တွေ့မြင်နိုင် ပါသေးသည်။ အဆိုပါစလုံလူမျိုးများနှင့် ငါးဖမ်းခရီးထွက်ပြီး ကိုယ်တိုင်စမ်း၍ ဖမ်းကြည့်သင့်ပါ သည်။

          မြိတ်ကျွန်းစုတွင် လည်ပတ်စရာကမ်းခြေများသာရှိသည်မဟုတ်ဘဲ အနားရှိမြို့ငယ်လေးသို့ လည်းသွားရောက်လည်ပတ်နိုင်ကြောင်းသိလျှင် ပို၍အံ့ဩသွားပါလိမ့်မည်။  အဆိုပါ မြို့လေးတွင် မြိတ်ဒေသ၏ အထင်ကရဖြစ်သော သိမ်တော်ကြီးဘုရားတည်ရှိပါသည်။ သိမ်တော်ကြီး ဘုရားကို မွန်ဗိသုကာလက်ရာနှင့် ဥရောပဟန်ပန်များရောနှော၍ တည်ထားခြင်းဖြစ်ပါသည်။ မြိတ်ဒေသ၏ လတ်ဆတ်သောပင်လယ်ငါးများရောင်းချသည့် နံနက်ခင်းဈေးကိုလည်း သွားရောက် ကြည့်ရှုရန် မမေ့သင့်ပါ။ မြိတ်ဒေသ၏ ပင်လယ်ပြင်ကြီးသည် သက်ရှိများစွာတို့၏ ကျက်စားရာဖြစ်ပြီး အရသာ ရှိသော ငါးနှင့်ပုစွန်မျိုးစုံတို့ကိုမြည်းစမ်းကြည့်နိုင်ပါသည်။

လုပ်ဆောင်သင့်သည့် အရာများ

ရေငုတ်ခြင်း

Macleod ကျွန်းနားရှိ ပင်လယ်ရေတွင် ရေငုတ်နိုင်ပါသည်။ အဆိုပါကျွန်းတွင် ဇိမ်ခံအပန်းဖြေ စခန်းများစွာရှိပြီး အနီးအနားရှိ ကျွန်းများသို့လည်း စက်လှေငှား၍ သွားရောက်နိုင်ပါသည်။ ၁၁၅ ကျွန်းနှင့် ဖီလာကျွန်းများတွင် လှုပ်ရှားတက်ကြွနေသည့် သန္တာကျောက်တန်းများကို ကြည့်ရှုနိုင်မည် ဖြစ်ပါသည်။

ရေကူးခြင်း

မြိတ်ကျွန်းစုတွင်ရေကူး/ရေငုပ်ခြင်းပြုလုပ်နိုင်သည့်နေရာများစွာရှိပြီး manta rays ရေအောက် ရောင်ခြည်များ၊ ဝေလငါးများ၊ ငါးမန်းများနှင့် ထူးခြားဆန်းပြားသည့် ငါးအမျိုးအစားများကဲ့သို့သော ရှားပါးသည့် အဏ္ဏဝါဗေဒဆိုင်ရာ အရာများနှင့်သတ္တဝါများကိုတွေ့နိုင်လိမ့်မည်ဖြစ်ပါသည်။ အမျိုးမျိုး ကွဲပြားသော ကျားသစ်ငါးမန်းများ ပုန်းအောင်းနေသည့် ငါးမန်းဂူပင်ရှိပါသည်။

အပျော်စီးသင်္ဘောစီးခြင်း

ကျွန်းများတစ်ဝိုက်သို့ ဇိမ်ခံသင်္ဘောဖြင့် ၄ ရက်ခရီးစဉ်ဖြင့် သွားရောက်နိုင်ပြီး စက်လှေငှား၍ လည်း ၁ ရက်တည်းဖြင့် ကျွန်းများကို ပတ်၍ ကြည့်ရှုနိုင်ပါသည်။

မြို့တွင်းသို့သွားရောက်လေ့လာခြင်း

မြိတ်မြို့နယ်အတွင်း သွားရောက်လေ့လာရင်းဖြင့် အရသာရှိသော ပင်လယ်စာအမျိုးမျိုးကို မြည်းစမ်းကြည့်နိုင်ပါသည်။ လတ်ဆပ်သန့်ရှင်းသည့် ပင်လယ်စာများကို ဒေသအလိုက် ကွဲပြားသည့် ပုံစံများဖြင့် ချက်ပြုတ်ကြပြီး အရသာအမျိုးမျိုးခံစားရစေသည့်အတွက် လူသိများထင်ရှားပါသည်။

Video

ဆက်သွယ်ရန်

ရုံးအမှတ် (၃၃), ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန, နေပြည်တော်မြို့, မြန်မာနိုင်ငံ

+၉၅ ၆၇ ၃၄၀ ၆၄၅၈,

+၉၅ ၆၇ ၃၄၀ ၆၂၄၇, +၉၅ ၆၇ ၃၄၀ ၆၁၂၉

© COPYRIGHT 2020. ALL RIGHTS RESERVED