Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 216

Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 240

Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 247

Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 248
ဝိတိုရိယတောင် – Tourism Myanmar
Skip to content

စွဲမက်ဖွယ်လေ့လာစရာနေရာများ

ဝိတိုရိယတောင် (ခေါ်) နတ်မတောင်

စိတ်ဝင်စားဖွယ်အချက်များ

  • ကမ္ဘာလှည့်ခရီးသွားများအနေဖြင့် မျိုးသုဉ်းပျောက်ကွယ်နိုင်သည့်ငှက်များနှင့် ခရုမျိုးစိတ်များ ကို ဝိတိုရိယတောင်တွင်သာ တွေ့နိုင်မည်ဖြစ်ပါသည်။
  • ချင်းအမျိုးသမီးများ၏ မျက်နှာတွင် ပရဲ(သို့မဟုတ်)တက်တူးရန်အချိန်(၂)ရက်မှ(၃)ရက်အထိ ကြာမြင့်ပါသည်။
  • စည်ကားနေသည့်စျေးများတွင် ဒေသခံများအသုံးပြုလေ့ရှိသော၎င်းတို့၏ ဓါးများ၊ ပုလင်းများ ထည့်သည့် ပုခုံးလွယ် ပလိုင်းများကို တွေ့မြင်နိုင်မည်ဖြစ်ပါသည်။
ချင်းပြည်နယ်ရှိ အံ့ဖွယ်ကောင်းသည့်နတ်မတောင်သည်၃၀၅၃ မီတာမြင့်ပါသည်။ ကမ္ဘာလှည့် ခရီးသွားများသည် သဘာဝအလှတရားများကို တွေ့ကြုံခံစားရမည်အပြင် အဆိုပါဒေသ တွင် နှစ်မြှုပ်နေထိုင်သည့် ထူးခြားကွဲပြားခြားနားသည့် တိုင်းရင်းသားမျိုးနွယ်စုများကိုလည်း တွေ့နိုင်မည်ဖြစ်သည်။ ဝိတိုရိယတောင်သို့ ရွှေ့ပြောင်းနေထိုင်သော မျိုးသုန်းပျောက်ကွယ်လု ဖြစ်နေသည့် ငှက်မျိုးစိတ်များအပါအဝင် အခြားငှက်မျိုးစိတ်ပေါင်းများစွာကို တွေ့မြင်နိုင်မည် ဖြစ်ပါ သည်။ နိုဝင်ဘာ၊ ဒီဇင်ဘာနှင့် ဖေဖော်ဝါရီလများတွင် စိမ်းလန်းသည့်တောင်တစ်ခုလုံး အရောင်အသွေးစုံလင်သည့် တောင်ဇလပ်ပန်းများဖြင့် လှပထည်ဝါစွာ အစားထိုးပွင့်လန်းကြ ပါသည်။ တောင်ဇလပ်ပန်းများပွင့်လန်းနေမှုသည့် ဝိတိုရိယတောင်သို့ လာရောက်လည်ပတ် သည့် ခရီးသွားများကို စွဲမက်ကောင်းအောင် ဆွဲဆောင်နေပါလိမ့်မည်။ တောင်ထိပ်သို့ရောက် အောင်တက်သူများအနေဖြင့် လှပသည့်တောင်တန်းများနှင့် တောင်တောင်သဘာဝရှု့ခင်းများ ကို ခံစားနိုင်မည်ဖြစ်ပါသည်။

သမိုင်းကြောင်း

မြန်မာနိုင်ငံအနောက်ဘက်ပိုင်းရှိ ချင်းပြည်နယ်တွင် နတ်မတောင်တည်ရှိပါသည်။ ချင်းပြည် ၏မြို့တော်မှာ ဟားခါးမြို့ဖြစ်ပြီး ထန်တလန်၊ ဖလမ်း၊ တီးတိန်၊ တွန်းဇံ၊ မတူပီ၊ မင်းတပ်၊ ကန်ပက်လက်နှင့် ပလက်ဝ စသည့်မြို့နယ်ပေါင်းများစွာဖြင့် ဖွဲ့စည်းထားပါသည်။ တောင်တန်းများ ပေါများရာဒေသဖြစ်ပြီး ချင်းတောင်တန်းနှင့် နတ်မတောင်တို့မှာ ပြည်နယ်၏အထင်ရှားဆုံးများဖြစ် ကြပါသည်။ လမ်းပန်းဆက်သွယ်ရေးခက်ခဲသော်လည်း နတ်မတောင်၏ ရင်သပ်ရှုမောဖွယ် သဘာဝ အလှတရားများနှင့် ရိုးရာယဉ်ကျေးမှုများကြောင့် ထင်ရှားသော ခရီးစဉ်ဒေသတစ်ခုအဖြစ် တည်ရှိ နေပါသည်။

ဘယ်လိုသွားရောက်ရမလဲ

အထင်ကရ လည်ပတ်ဖွယ်ရာများ

မြန်မာ့အမြင့်ဆုံးတောင်ထိပ်များအနက် တစ်ခုဖြစ်သည့်အလျောက်, နတ်မတောင်တွင် ရင်သပ်ရှုမောဖွယ် မိုးမျှော်ရှုခင်းများနှင့် လှပသောတောင်တန်းများဖြင့် ဝန်းရံထားပါသည်။ တောင်ထိပ်သို့ ဂျစ်ကား (သို့) ဘတ်(စ်)ကားစီး၍ သွားရောက်နိုင်ပါသည်။ တောင်တက်လမ်း တစ်လျှောက်တွင် ဘေးပတ်ဝန်းကျင်ရှိ သစ်ပင်များ၊ ရှုခင်းများကို စိတ်ကြည်နူးဖွယ်တွေ့မြင်နိုင် သည့်အတွက် စိတ်အပန်းဖြေလိုသူများအတွက် အသင့်တော်ဆုံးခရီစဉ်တစ်ခုဖြစ်ပါသည်။

          နတ်မတောင်ရှိ မြို့နယ်များ၊ ကျေးရွားများသို့ မြူနှင်းထူထူများကြား သွားရောက်လည်ပတ်ရ ခြင်းမှာ စိတ်ကူးယဉ်ဆန်လှပါသည်။ ချမ်းစိမ့်စိမ့်လေအေးများသည် သဘာဝတရားကြီးအားမြတ်နိုး သူတို့အဖို့ မက်မောဖွယ်ကောင်းလှပါသည်။ မြို့နယ်ဈေးသို့သွားရောက်လည်ပတ်သူများ အနေဖြင့် ပရဲထိုးအလှဆင်လေ့ရှိသော ချင်းအမျိုးသမီးတို့၏အလှအပများကို တွေ့မြင်နိုင်ပါသည်။

လုပ်ဆောင်သင့်သည့် အရာများ

အမှတ်ရစရာ တောင်တက်ခရီး

ဝိတိုရိယတောင်သို့ အသွား/အပြန် တောင်တက်/ တောင်ဆင်းခရီးကြာချိန် (၅)နာရီ ကြမြင့် မည်ဖြစ်ပါသည်။ ခရီးသွားများသည် ခြေကျင်ဖြင့် တက်ရောက်ရသည့်နေရာသို့ ၄၅ မိနစ်တောင် တက်ခရီးကို ကားဖြင့် တက်ရပါသည်။ တောင်ပေါ်သို့ တက်သည့်ခရီးစဉ်သည် အခက်အခဲများစွာ မရှိဘဲ ပတ်ဝန်းကျင်တစ်ခုလုံး အေးမြသော ရာသီဥတုကြောင့် တောင်တက်ခရီးရှည်ကို သက်တောင့် သက်သာ သွားရောက်နိုင်ပါသည်။ တောင်တက်ခြင်းထက် ခရီးတစ်ခုလုံး ဖြတ်သန်းရခက်ခဲသော လမ်းကြမ်းများမရှိသဖြင့် လမ်းလျောက်၍သွားရောက်နိုင်ပြီး တောင်တက်လမ်းတစ်လျောက်ရှိ ကျေး ရွာများမှ ဒေသခံများနှင့် အပြန်အလှန် နုတ်ခွန်းဆက်နိုင်မည်ဖြစ်ပါသည်။

နတ်မတောင်အမျိုးသားဥယျာဉ်

ငှက်ကြည့်သူများသည် နတ်မတောင်အမျိုးသားဥယျာဉ်ကို သဘောကျနှစ်ခြိုက်ကြပြီး ဝိတိုရိ ယတောင်တွင် လုပ်ဆောင်သင့်သည့်အကောင်းဆုံးဆောင်ရွက်ချက်များမှ တစ်ခုဖြစ်သည့် ငှက်ကြည့် ခြင်းကို မိသားစုများအလိုက်၊ တစ်ဦးချင်းစီအလိုက်နှင့် ခရီးသွားအဖွဲ့များအလိုက် ကြည့်လေ့ရှိကြပါ သည်။ လာရောက်လည်ပတ်သည့်ခရီးသွားများသည် White-browed Nuthatch နှင့် Burmese Tit ကဲ့သို့သော ဝိတိုရိယတောင်သို့ ရွှေ့ပြောင်းလာသည့် ငှက်မျိုးစိတ်များစွာကိုလည်း တွေ့မြင်နိုင်မည် ဖြစ်ပါသည်။ ထို့အပြင် တောရိုင်းတိရိစ္ဆာန်များနှင့် အပင်များကို လေ့လာရန် စောင့်ဆိုင်းကြည့်ရှု့ရ သည့် နေရာလည်းရှိသည်။ နိုင်ငံခြားသားခရီးသွားများအနေဖြင့် နတ်မတောင်ဘေးမဲ့တောသို့ဝင် ရောက်ရန်အတွက် အမရိကန်ဒေါ်လာ ၁၀ ဒေါ်လာ ပေးဆောင်ရပါမည်။

ချင်းပြည်နယ်ရှိ မြို့နယ်များနှင့်ကျေးရွာများသို့ သွားရောက်လည်ပတ်ခြင်း

ကန်ပက်လက်၊ မင်းတပ်နှင့် Pan Auge တို့သည် ဝိတိုရိယတောင်၏ လူသိများသော မြို့နယ် များနှင့်ကျေးရွာများဖြစ်သည်။ အဆိုပါမြို့များသည် မြို့ပြနှင့်မတူ သီးခြားဖြစ်နေသောကြောင့် ခရီး သွားများသည် မြင့်မားသောတောင်ထိပ်များရှိ ဒေသများမှ တိုင်းရင်းသားများ၏ ဓလေ့စရိုက်များနှင့် နေထိုင်မှုပုံစံများကို လေ့လာတွေ့မြင်နိုင်မည်ဖြစ်ပါသည်။ ထို့အတူ ခရီးသွားများသည် စိမ်းလန်းသော ရှုခင်း၊ လှပသောသစ်သားအိမ်များနှင့်စိမ်းလန်းစိုပြေသောသစ်တောများ၏ ရင်သပ်ရှုမောဖွယ်ကောင်း သောမြင်ကွင်းကိုလည်း ခံစားနိုင်မည်ဖြစ်ပါသည်။

ချင်းရိုးရာစျေးတွင်စျေးဝယ်ခြင်း

ချင်းရိုးရာစျေးတွင် ကမ္ဘာလှည့်ခရီးသည်များအနေဖြင့် ဒေသထွက်ကုန်များဖြစ်သည့် ချင်းရိုး ရာအဝတ်အစားများ၊ ငွေပန်းတိမ်ပစ္စည်းများ၊ ချက်ပြုတ်ပစ္စည်းများ၊ ရိုးရာဝိုင်များနှင့်ချင်းရိုးရာအစား အစာများကို တွေ့နိုင်မည်ဖြစ်ပါသည်။ ရိုးရာဝိုင်များကို ချက်ပြုတ်၍လည်းစားနိုင်သည့် စပါးမျိုးဖြစ် သောပြောင်းဆန်မှချက်လေ့ရှိပါသည်။ ချင်းလက်မှုပစ္စည်းများကို ဈေးတွင် ကျယ်ကျယ်ပြန့်ပြန့်ရရှိ နိုင်သဖြင့် ခရီးသွားများအနေဖြင့် မိမိတို့၏သူငယ်ချင်းများနှင့်မိသားစုများအတွက် လက်ဆောင်ပစ္စည်း များမရရှိမည်ကို စိုးရိမ်ရန်မလိုပါ။

Video

ဆက်သွယ်ရန်

ရုံးအမှတ် (၃၃), ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန, နေပြည်တော်မြို့, မြန်မာနိုင်ငံ

+၉၅ ၆၇ ၃၄၀ ၆၄၅၈,

+၉၅ ၆၇ ၃၄၀ ၆၂၄၇, +၉၅ ၆၇ ၃၄၀ ၆၁၂၉

© COPYRIGHT 2020. ALL RIGHTS RESERVED