Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 216

Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 240

Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 247

Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 248
သီပေါမြို့ – Tourism Myanmar
Skip to content

စွဲမက်ဖွယ်လေ့လာစရာနေရာများ

သီပေါမြို့

စိတ်ဝင်စားဖွယ်အချက်အလက်များ

  • သီပေါမြို့မှ စိမ်းလန်းသော ရှမ်းတောင်တန်းများဆီသို့ သွားရောက်လည်ပတ်နိုင်မည့် လမ်းကြောင်း များစွာရှိပါသည်။
  • မြန်မာနိုင်ငံ၏ အကောင်းဆုံးနေဝင်ဆည်းဆာကို ခံစားကြည့်ရှုနိုင်သည့်အတွက် သွားရောက်သင့် သော နေရာတစ်ခုဖြစ်သည်။
  • သီပေါမြို့တွင် လတ်ဆတ်သော ဟင်းသီးဟင်းရွက်၊ အသီးအနှံများ ရောင်းချသော သက်ဝင် လှုပ်ရှားလျက်ရှိသော စျေးများရှိပါသည်။

ရှမ်းတောင်တန်းများတွင် တည်ရှိသော သီပေါမြို့တွင် စိတ်ဝင်စားဖွယ် သမိုင်းကြောင်းရာဇဝင်ဖြင့် ကျေးလက်ဘူတာရုံတစ်ခုရှိပါသည်။ မန္တလေးမြို့မှ ကီလိုမီတာ (၂၀၀)ကွာဝေးသော သီပေါမြို့သည် အပူပိုင်းဒေသမှ လွတ်မြောက်ရန်အတွက် လာရောက်လည်ပတ်သော နေရာတစ်ခုဖြစ်သည်။ စိမ်းလန်းသော တောင်တန်းများ၊ ကောင်းကင်ပြာဖြင့် ရစ်ဖွဲ့ထားသော သီပေါမြို့သည် သေးငယ်
သော်လည်း တိုင်းရင်းသားလူမျိုးများ၊ ဒေသထွက်အစားအစာများ ပေါများသော ပြယုဂ်မြို့လေး တစ်မြို့ဖြစ်သည်။ သီပေါမြို့တွင် တောင်တက်လမ်းကြောင်းများ ပေါများသဖြင့် စွန့်စားခရီးသွား လာခြင်းကို နှစ်ခြိုက်သူများအတွက် သင့်လျော်သော ခရီးစဉ်တစ်ခုဖြစ်သည်။

သီပေါပြည်နယ်၏သမိုင်းသည် ဘီစီ ၅၈ တွင် ရှေးယခင် ဒုဋ္ဌဝတီပြည်နယ်ကို တည်ထောင်ခဲ့ ချိန်မှ စတင်ခဲ့သည်။ သီပေါဒေသကို တရုတ်-မြန်မာစစ်ပွဲ (၁၇၆၅-၆၉) အတွင်း  တရုတ်ဧကရာဇ် Qianlongက ကျူးကျော်ဝင်ရောက်ခဲ့သည်။ သီပေါမြို့စားဆိုဖာသည် ၁၈၈၆ ခုနှစ်တွင် မြန်မာနိုင်ငံ ကိုဗြိတိသျှလက်အောက်သို့ အပ်နှံခဲ့သော ပထမဆုံးသော ရှမ်းမင်းသားဖြစ်ပြီး ကိုလိုနီအုပ်စိုးမှု ကြီးစိုးလာခဲ့ပါသည်။ သီပေါကို ၁၉၃၈ မှ ၁၉၄၇ ခုနှစ်အထိ ဗြိတိသျှတို့က အုပ်ချုပ်ခဲ့ပါသည်။ ၁၉၅၉ခုနှစ်တွင် သီပေါကို စိုးစံခဲ့သော အွန်ဘောင်း မင်းဆက်၏ နောက်ဆုံးမင်း နန်းစွန့်သောအခါ သီပေါသည် ရှမ်းပြည်နယ်၏ ဒေသတစ်ခုဖြစ်လာခဲ့ပါသည်။

သမိုင်းကြောင်း

ပထမအင်္ဂလိပ်-မြန်မာစစ်ပွဲ (၁၈၂၃-၁၁၈၂၆) အပြီးတွင် ကော့သောင်းမြို့တစ်ဝိုက်ရှိ ဒေသတစ်ခု လုံးကို ဗြိတိသျှတို့ထံ လွှဲပြောင်းပေးခဲ့ရသည်။ ၁၈၅၉ခုနှစ်တွင် တရုတ်နှင့် ထိုင်းပြောင်းရွေ့ နေထိုင်သူ များသည် ထိုဒေသသို့ ပြောင်းရွှေ့နေထိုင်ခဲ့ကြသည်။ ၁၈၆၅ ခုနှစ်တွင်Victoria Point ပင်လယ်အော် အနီးတွင် အာရပ်-မလေး အသိုက်အဝန်းတစ်ခု ဖွံ့ဖြိုးလာခဲ့သည်။  Victoria Point မှ ၂၄ ကီလိုမီတာအကွာတွင်ရှိသော မလိဝမ်ရွာသည် ထိုအချိန်က အကျော်ကြားဆုံး အခြေချနေထိုင်ရာ ဖြစ်ခဲ့သည်။၁၈၇၂ ခုနှစ်တွင် ရဲအရာရှိတစ်ဦးသည် မလိဝမ်၌ ပထမဆုံးအကြိမ် တပ်စွဲခဲ့သည်။ မလိဝမ်ရွာသည် ချောင်းငယ်ဘေးတွင်တည်ရှိပြီး သင်္ဘောကြီးများသွားလာရန် ခက်ခဲသောကြောင့် ၁၈၉၁ခုနှစ်တွင် အုပ်ချုပ်ရေးရုံးများကို ကော့သောင်းမြို့သို့  ပြောင်းရွှေ့ခဲ့ပါ သည်။

ဘယ်လိုသွားရောက်ရမလဲ

အထင်ကရလည်ပတ်ဖွယ်ရာများ

ဆိတ်ငြိမ်သောသီပေါမြို့လေးတွင် သွားလာလည်ပတ်ရခြင်းမှာလွမ်းဆွေးဖွယ်ကောင်းလှပါ သည်။ မြောက်မြို့သည်သီပေါမြို့၏ သက်တမ်းအရင့်ဆုံးဒေသတစ်ခုဖြစ်ပြီး မိုဒယဘုန်းကြီးကျောင်း နှင့် ဝါးကျောင်းဟူ၍ ကျွန်းဖြင့်ဆောက်လုပ်ထားသော ဘုန်းကြီး ကျောင်း၂ကျောင်း ကိုလည်း တွေ့မြင်နိုင်ပါသည်။ အဆိုပါကျောင်းဆောင် ၂ခုတွင် စိတ်အေးချမ်းသာစွာ တရားထိုင်ခြင်း အနားယူ ခြင်း များပြုလုပ်နိုင်ပါသည်။

          နောင်ကော်ကြီးကန်သည် သီပေါမြို့မှကီလိုမီတာ (၄၀) ခန့်အကွာတွင်တည်ရှိပြီး နေ့ချင်းပြန် သွားရောက်လည်ပတ်ရန် အကောင်းဆုံးခရီးစဉ်တစ်ခုဖြစ်ပါသည်။ ရေကန်၏အလယ်တွင် ဘုရား ကျောင်းဆောင်ငယ်တစ်ခုတည်ထားပြီး အဆိုပါဘုရားကျောင်းဆောင်သို့ သစ်သားတံတား တစ်စင်း ဖြင့် ဆက်သွယ်ထားပါသည်။ သီပေါမြို့၏ အလှပဆုံးသော နေဝင်ဆည်းဆာကို တောင်ကုန်းမှ တဆင့်သွားရောက်ကြည့်ရှုနိုင်ပါသည်။

          သီပေါမြို့တွင် ခရီးကြမ်းလမ်းလျှောက်ခြင်းအတွက် လမ်းကြောင်းများစွာရှိပါသည်။ အဆိုပါ လမ်းကြောင်းများမှတဆင့် စိမ်းစိုသော တောင်ကုန်းများကိုကျော်ဖြတ်၍ ရေပူစမ်းများ ရေတံခွန်များ သို့သွားရောက်နိုင်ပါသည်။ ထိုခရီးကြမ်းလမ်းကြောင်းများမှ နမ်းဟူးနွဲ့ရေတံခွန်သို့ သွားရာလမ်း ကြောင်းသည် ရှင်းလင်းလွယ်ကူသည့်အတွက် လမ်းပြများပင်မလိုအပ်ပဲ မိမိတို့ဘာသာ သွားရောက် လည်ပတ်နိုင်ပါသည်။

လုပ်ဆောင်သင့်သည့် အရာများ

တောင်တက်ခြင်း

သီပေါမြို့သည် တောင်တက်ခြင်းအတွက် ထင်ရှားလာသော ခရီးစဉ်ဒေသတစ်ခုဖြစ်သည့်အတွက် တောင်များဝိုင်းရံလျက်ရှိသော ၎င်းမြို့လေးတွင် သေချာပြုလုပ်ထားသည့် တောင်တက်လမ်းကြောင်း များရှိပါသည်။ နံနက်ခင်းတွင် တောင်တန်းများဆီသို့ ဦးတည်လမ်းလျှောက်၍ စစ်မှန်သော ဒေသထွက်အစားအစာများကို ခံစားကြည့်ပါ။

နန်းဟူနွယ်ရေတံခွန်သို့ အလည်တစ်ခေါက်

ပြင်းထန်သော တောင်တက်ခြင်းအတွေ့အကြုံကို ရှာဖွေ နေသော ခရီးသည်များအတွက် မြို့မှ ကီလိုမီတာအနည်းငယ်ကွာဝေးသော နန်းဟူနွယ်ရေတံခွန်သို့ လည်ပတ်နိုင်ပါသည်။ လမ်းခရီးမရှည်လျားသောကြောင့် ခြေလျင်သွားနိုင်ပြီး ရေတံခွန်သည် တိတ် ဆိတ်ငြိမ်သက်သော သစ်တောအုပ်ကြီးထဲတွင် လှပအုံ့ဆိုင်းစွာ တည်ရှိလျက်ရှိပါသည်။

ရေပူစမ်းတွင် ရေချိုးခြင်း

သီပေါမြို့တစ်ဝိုက်တွင် ဒေသခံများနှင့် ခရီးသွားဧည့်သည်များ မကြာခဏလည်ပတ်နိုင်သော ရေပူစမ်း များစွာ ရှိပါသည်။ ၎င်းရေပူစမ်းများသို့သွားရောက်ခြင်းဖြင့် ကြွက်သားများကို ဖြေလျော့စေပြီး အပန်း ဖြေနိုင်ပါသည်။ မြန်မာ့ရိုးရာနှင့်အညီ ဝတ်စားဆင်ယင်လေ့ရှိသူများအနေဖြင့် ရေပူစမ်းတွင် ရေချိုးရန် သင့်တင့်လျောက်ပတ်သော အဝတ်အစားနှင့် ပစ္စည်းများ ယူဆောင်သွားရန် လိုအပ်ပါသည်။

Video

ဆက်သွယ်ရန်

ရုံးအမှတ် (၃၃), ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန, နေပြည်တော်မြို့, မြန်မာနိုင်ငံ

+၉၅ ၆၇ ၃၄၀ ၆၄၅၈,

+၉၅ ၆၇ ၃၄၀ ၆၂၄၇, +၉၅ ၆၇ ၃၄၀ ၆၁၂၉

© COPYRIGHT 2020. ALL RIGHTS RESERVED