Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 216

Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 240

Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 247

Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 248
ပူတာအို – Tourism Myanmar
Skip to content

စွဲမက်ဖွယ်လေ့လာစရာနေရာများ

ပူတာအို

စိတ်ဝင်စားဖွယ်အချက်များ

  • ပူတာအိုမြို့သည် မြန်မာနိုင်ငံအရှေ့မြောက်ပိုင်းတွင် အကြီးမားဆုံးသောမြို့ဖြစ်ပြီး တစ်နှစ် ပတ်လုံး ရာသီဥတု အေးမြနေပါသည်။
  • မြန်မာနိုင်ငံ၏ အမြင့်ဆုံးသောတောင်ဖြစ်သည့် ခါကာဘိုရာဇီတောင်သည် အမြင့်ပေ ၅၈၈၁မီ တာရှိပြီး ပူတာအိုမြို့အနီးတွင်ရှိသည်။
  • • ပူတာအိုမြို့တွင် ကချင်၊ လီဆူး၊ ခန္တီး – ရှမ်း၊ ရ၀မ်နှင့် ဂျိန်းဖောလူမျိုးများ အများဆုံးနေထိုင် ကြသည်။

ပူတာအိုမြို့သည် လူဦးရေ ၁၀,၀၀၀ ခန့်နေထိုင်သော သဘာ၀ပတ်၀န်းကျင်ရှု့ခင်းများ နှင့်  နှင်းဖုံးတောင်တန်းများဝန်းရံထားသော တောင်ပေါ်မြို့လေးဖြစ်သည်။ ကောက်ရိုးဖြင့် မိုးထားသည့်အိမ်များ၊ ကျောက်ခင်းလမ်းများနှင့်လှပသောတောင်တန်းများဖြင့် ပူတာအိုမြို့၏ ရှု့ခင်းများသည် အေးမြသာယာနေပြီး ကာလတိုလာရောက်အပန်းဖြေအနားယူရန် အကောင်း ဆုံး မြို့ဖြစ်သည်။ ပူတာအိုမြို့တွင် ရှားပါးသည့် သစ်ပင်ပန်းမန်များနှင့် သတ္တဝါများရှိသည်ကို လည်း တွေ့ရပါသည်။ ကမ္ဘာပေါ်တွင် မည်သည့်နေရာမျှ ရှာမတွေ့နိုင်သော ရှားပါးသော အနက်ရောင်သစ်ခွများကဲ့သို့ ထူးခြားသောသစ်ခွအမျိုးအစားများလည်းရှိပါသည်။ ရှားပါးသည့် တိရိစ္ဆာန်မျိုးစိတ်များဖြစ်သော ဝက်ဝံ၊ အနီရောင်ပန်ဒါ၊ တောင်ဆိတ်နှင့် သမင်နက်များကို လည်းတွေ့နိုင်ပါသည်။ ဇန်နဝါရီလမှ ဧပြီလအတွင်း လာရောက်လည်ပတ်ပါက လှပသော လိပ်ပြာရောင်စုံများကိုလည်းတွေ့မြင်ရမည်ဖြစ်ပါသည်။

ဘယ်လိုသွားရောက်ရမလဲ

အဓိကခရီးသွားဆွဲဆောင်မှုများ

ပူတာအိုမြို့လေးသည် ဆီးနှင်းများဖုံးလွှမ်းနေသောတောင်ထိပ်များဖြင့် ဝန်းရံထားပြီး မြန်မာ့ အမြင့်ဆုံးတောင်ဖြစ်သော ခါကာဘိုရာဇီတောင်ထိပ်ကိုလည်း တွေ့မြင်နိုင်ပါသည်။  တောင်ပေါ် မြို့ငယ်လေးဖြစ်သည့် အလျောက် ခြေကျင်လည်ပတ်လေ့လာနိုင်ပါသည်။ ပူတာအိုမြို့၏ အချို့ဒေသ များကို လည်ပတ်ခွင့် မပြုထားသည့်အတွက် မလည်ပတ်မီ ကြိုတင်မေးမြန်းစုံစမ်းရန် အကြံပြုလို ပါသည်။ ကောင်းမှုလုံ ဘုရားသည် ပူတာအိုမြို့ အရှေ့ဘက် (၁၀)မိုင်အကွာ၊ မလိခမြစ်ကမ်းပေါ်တွင် တည်ရှိပါသည်။

          ပူတာအိုမြို့အနီးတစ်ဝိုက်တွင် တောင်ပေါ်ရွာငယ်များစွာဝန်းရံတည်ရှိပြီး တစ်ညအိပ် (သို့) နှစ်ညအိပ်ခရီးဖြင့် သွားရောက်လည်ပတ်နိုင်ပါသည်။ ပူတာအိုမြို့တွင် အဓိကအခြေချနေထိုင်သူ အများစုမှာ ကချင်လူမျိုးများဖြစ်ပြီး ပူတာအိုမြို့တွင်နေထိုင်ခြင်းဖြင့် ကချင်လူမျိုးတို့၏ ရိုးရာ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းအစဉ်အလာများနှင့် ဘဝနေထိုင်မှုတို့ကို နားလည်လာပါလိမ့်မည်။ ထို့အပြင် ကချင်မနောပွဲသို့ သွားရောက်လည်ပတ်ခြင်းဖြင့် ဘဝတွင် တစ်ကြိမ်တစ်ခါသာကြုံနိုင်မည့် တိုင်းရင်းသားတို့၏ စစ်မှန်သောပွဲတော်ဆင်နွှဲခြင်းအတွေ့အကြုံကို ရရှိမည်ဖြစ်ပါသည်။

လုပ်ဆောင်သင့်သည့် အရာများ

တောင်တက်ခြင်း

ပူတာအိုပတ်၀န်းကျင်တွင် သိပ်သည်းသော ဟိမဝန္တာသစ်တောများတွင် တောင်တက်လမ်း ကြောင်းများစွာရှိပါသည်။ ဟိမဝန္တာသစ်တောတစ်ဝိုက် တောင်တက်ရင်းဖြင့် တောရိုင်းတိရိစ္ဆာန်များ ကိုလည်းတွေ့မြင်လေ့လာနိုင်ပါသည်။ ဟိမဝန္တာတောင်တန်းခရီးစဉ်များသွားရောက်ခြင်းဖြင့် ဒေသခံ များ၏ လူနေမှုဘဝများနှင့် ရိုးရာဓလေ့များကိုလည်း လေ့လာနိုင်ပါသည်။

လှေခရီးစဉ်

ဧရာ၀တီမြစ်၏ မြစ်လက်တက်တစ်ခုဖြစ်သော မလိခမြစ်သည် ပူတာအိုအနီးရှိ ကျောက် တောင်ထူထပ်သော တောင်တန်းများမှစီးဆင်ပြီး ရေတံခွန်များဖြစ်ပေါ်နေသဖြင့် လှေတစ်စီးဖြင့် ကြမ်းတမ်းသောခရီးကိုသွားနိုင်ပြီး ပျော်စရာနှင့်စွန့်စားမှုများ ပေါင်းစပ်ခံစားနိုင်မည်ဖြစ်ပါသည်။

တောရိုင်းတိရိစ္ဆာန်များအား လေ့လာခြင်း

ခါကာဘိုရာဇီ တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောသည် အနီးအနားတွင်တည်ရှိပြီး ဧရိယာအား ဖြင့်၃,၈၁၀စတုရန်းကီလိုမီတာရှိသည်။ တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော ၁၉၉၈ခုနှစ်တွင်တည်ထောင် ခဲ့ပြီး နိုင်ငံ၏ ဒုတိယအကြီးဆုံးဘေးမဲ့တောဖြစ်ပါသည်။ ၎င်းသည်နိုင်ငံအတွင်း အကြီးဆုံးအမျိုးသား ဥယျာဉ်ဖြစ်ပြီးသဘာဝအလျှောက် ကျက်စားနေထိုင်သည့် တောရိုင်းတိရစ္ဆာန်များနှင့်ငှက်များကြည့်ရှု့ ခြင်းတို့လည်း ပြုလုပ်နိုင်မည်ဖြစ်ပါသည်။

Video

ဆက်သွယ်ရန်

ရုံးအမှတ် (၃၃), ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန, နေပြည်တော်မြို့, မြန်မာနိုင်ငံ

+၉၅ ၆၇ ၃၄၀ ၆၄၅၈,

+၉၅ ၆၇ ၃၄၀ ၆၂၄၇, +၉၅ ၆၇ ၃၄၀ ၆၁၂၉

© COPYRIGHT 2020. ALL RIGHTS RESERVED