Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 216

Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 240

Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 247

Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 248
လွိုင်ကော် – Tourism Myanmar
Skip to content

စွဲမက်ဖွယ်လေ့လာစရာနေရာများ

လွိုင်ကော်

စိတ်ဝင်စားဖွယ်အချက်များ

  • ကယန်းအမျိုးသမီးများသည် အသက်(၅)နှစ်မှစတင်၍ ကြေးကွင်းများကို လည်ပင်းတွင် စွပ်ရပြီး သူတို့၏ ဘဝတစ်လျှောက်လုံးတွင် ကြေးကွင်း (၂၈)ကွင်းအထက် ဝတ်ဆင်လေ့ရှိပါသည်။
  • ကယန်းအမျိုးသမီးများသည် ပယင်း၊ ငွေ၊ သတ္တုဖြင့် ပြုလုပ်သော ကြီးမားလေးလံသော ဝတ်ရုံများနှင့် နားကွင်းများကို ဝတ်ဆင်လေ့ရှိပါသည်။
  • သီရိမင်္ဂလာတောင်ကို တောင်ထိပ်ရှိ စေတီမှနေ၍ အပိုင်း (၉)ပိုင်းခွဲထားပါသည်။
ကယားပြည်နယ်၏ မြို့တော်ဖြစ်သော လွိုင်ကော်မြို့သည် ကွဲပြားသော တိုင်းရင်းသားလူမျိူးများ နေထိုင်ရာမြို့တစ်မြို့ဖြစ်သည်။ နေ့စဉ်ရိုးရာဝတ်စုံများကို ဂုဏ်ယူစွာဝတ်ဆင်သော ကယောအမျိုး သမီးများနှင့် ကြေးကွင်းများကို လည်ပင်းတွင် ဝတ်ဆင်သော ကယားအမျိုးသမီးများရှိပါသည်။ ကြီးမားသော နားကွင်းနှင့် လည်ပင်းများဝတ်ဆင်ထားသော ကယန်းအမျိုးသမီးများ၏ ရိုးရာအက Lahtas ကို ကြည့်ရှုနိုင်ပါသည်။ လွိုင်ကော်မြို့သည် ယဉ်ကေျးမှုချစ်မြတ်နိုးသူများအတွက် စစ်မှန် သော ကျေးလက်အ‌တွေ့အကြုံကို ခံစားနိုင်သော နေရာတစ်ခုဖြစ်ပါသည်။

သမိုင်းကြောင်း

လွိုင်ကော်မြို့လေးသည် လူနေကျဲပြီးလည်ပတ်စရာနည်းပါးပါသည်။ ခရီးသွားများအနေဖြင့် ဒေသခံရွာသားများ၏ နေ့စဉ်လူနေမှုဘဝကိုသာ တွေ့မြင်လေ့လာနိုင်ပါသည်။ မြေပြန့်ပိုင်းလေးတွင် တည်ရှိသော လွိုင်ကော်မြို့သည် တိုင်းရင်းသားမျိုးနွယ်စုတို့၏ ဘိုးစဉ်ဘောင်ဆက် နေထိုင်လာရာ မြို့ကလေးဖြစ်ပါသည်။ မြို့ပြ အငွေ့အသက်များနှင့်ဝေးကွာရာ ကျေးလက်ဒေသမြို့လေးတစ်ခု ဖြစ်သည့်အလျောက် လွိုင်ကော်မြို့တွင် မြို့ပြယဉ်ကျေးမှုများ ရောယှက်ခြင်းမရှိသည့် ဒေသခံတို့၏ စစ်မှန်သော ရိုးရာယဉ်ကျေးမှုများကို တွေ့မြင်လေ့လာနိုင်ပါသည်။

ဘယ်လိုသွားရောက်ရမလဲ

အထင်ကရ လည်ပတ်ဖွယ်ရာများ

လွိုင်ကော်မြို့သည် ယဉ်ကျေးမှုနှင့်သဘာဝအကြောင်း လေ့လာရန်အကောင်းဆုံးဒေသတစ်ခု ဖြစ်ပါသည်။ ကယားပြည်နယ်ရှိလွိုင်ကော်မြို့လေးသည် ပျက်စီးခြင်းမရှိပဲ သဘာဝအလျောက်တည်ရှိ နေသောအံ့ဩဖွယ် နေရာများစွာရှိသောကြောင့် ခရီးသွားများအတွက် ဆွဲဆောင်မှုများစွာရှိသော နေရာ ဖြစ်ပါသည်။ ရိုးရာယဉ်ကျေးမှုကိုချစ်မြတ်နိုးသူများအတွက် ကယားပြည်နယ်ရှိရွာများတွင် ရေကူးခြင်း၊ တောင်တက်ခြင်းနှင့် ငါးမျှားခြင်းစသောနေ့စဉ်လှုပ်ရှားမှုများကို ဒေသခံများနှင့် အတူတကွပါဝင် ဆောင်ရွက်ခြင်းဖြင့် စစ်မှန်သော ခံစားမှုအတွေ့အကြုံများကို ခံစားနိုင်ပါသည်။ ထို့အပြင် အရသာရှိ လှသော ကယားဝက်အူချောင်းကိုလည်း ဝိုင်နှင့်တွဲဖက်မြည်းစမ်းကြည့်နိုင်ပါသည်။  

          ထုံးကျောက်တောင်ပေါ်တွင် ထုံးဖြူရောင်နှင့် ရွှေရောင်အဆင်းရှိသောစေတီများဖြင့် တည်ထား သော တောင်ကွဲစေတီသို့လည်း သွားရောက်လည်ပတ်နိုင်ပါသည်။ ကယားပြည်နယ်၏ အထင်ကရ နေရာတစ်ခုဖြစ်သောအဆိုပါတောင်ကွဲစေတီနှင့် စေတီအတွင်းရှိလှိုဏ်ဂူတို့ကိုလှေကားဖြင့်တက်ရောက် လေ့လာနိုင်မည်ဖြစ်သည်။

          ကယားပြည်နယ်သည် ဗုဒ္ဓဘာသာအများဆုံးကိုးကွယ်သည့်ပြည်နယ်ဖြစ်သော်လည်း တစ်ချိန်က ရိုမန်ကတ်သလစ်ဘာသာသာသနာပြုအခြေစိုက်စခန်းအဖြစ်တည်ရှိခဲ့ပြီး ဥရောပဗိသုကာလက်ရာနှင့် ဗုဒ္ဓဘာသာဟန်ပန်တို့ကို ရောစပ်ထားသော ဗိသုကာဒီဇိုင်းများဖြင့် ဘုရားကျောင်း(Church) များစွာကို တည်ဆောက်ထားခဲ့ပါသည်။ အဆိုပါ ဘုရားကျောင်း (Church) များအနက် “Christ the King” သည် ကယားပြည်နယ်၏ သက်တမ်းအရင့်ဆုံး ဘုရားကျောင်းတစ်ဆူဖြစ်ပါသည်။

လုပ်ဆောင်သင့်သည့် အရာများ

ကန်တော်ခုနှစ်ဆင့်

ကန်တော်ခုနှစ်ဆင့်သည် မြစ်ချောင်းတစ်ခုနှင့်ဆက်စပ်လျက်ရှိပါသည်။ တိုင်းရင်းသားကျေးရွာများကို နောက်ခံထားသော ဤရေကန်သည် ခရီးသွားဧည့်သည်များအတွက် စွဲမက်ဖွယ်ကောင်းသော မြင်ကွင်းကို ဖန်တီးပေးပါသည်။ ရေကန်ပတ်ဝန်းကျင်ရောင်ပြန်ဟပ်မှုသည် အခြားသော ကမ္ဘာတစ် ဖက်တွင် ရောက်နေသကဲ့သို့ ခံစားရရှိနိုင်ပါသည်။

သီရိမင်္ဂလာတောင်တော်

သီရိမင်္ဂလာတောင်တော် (တောင်ကွဲစေတီ) ပေါ်ရှိ စေတီပုထိုးများသည် တောင်ထိပ်များ၌ ကိန်းဝပ် စံပယ်နေသည်ကို တွေ့မြင်နိုင်မည်ဖြစ်ပါသည်။ လွိုင်ကော်မြို့၏ ရှုခင်းသည်တိတ်ဆိတ် ငြိမ်သက်နေပြီး စည်းကားလှသောမြို့ပြနှင့်ဝေးရာ တောင်ကုန်းများပေါ်မှအံ့သြမှင်သက်ဖွယ်ကောင်း သည့် နေဝင်ဆည်းဆာအလှ ကြည့်ရှု့ခံစားရခြင်းကို ခရီးသွားများ လွန်စွာနှစ်သက်လိမ့်မည်ဖြစ်ပါ သည်။ ညချမ်းအချိန်ခါတွင် ဒေသခံများမှ ဖယောင်းတိုင်များ၊ မီးလုံးများ ထွန်းညှိပေးထားသကဲ့သို့ စေတီတစ်ခုလုံး ရွှေရောင်များ ဖြာထွက်တောက်ပနေပါသည်။

အရသာရှိသည့် စားဖွယ်ရာများ

လွိုင်ကော်မြို့ရှိ လက်ဖက်ရည်ဆိုင်များသည်လည်း ခရီးသွားများ လက်မလွတ်သင့်သည့် နေရာများ ဖြစ်ပါသည်။ လွိုင်ကော်မြို့အနီးအနားရှိ ကျေးရွာများသည် ၎င်းတို့၏ စစ်မှန်သော ရိုးရာ အစားအစာများကို ဆက်လက်ထိန်းသိမ်းထားမှုကြောင့် လူသိများထင်ရှားပြီး ခရီးသွားဧည့်သည်များ အနေဖြင့် ဒေသခံပြည်သူများနှင့်အတူ နွေးထွေးပျူငှာစွာ မွေးကြိုင်လတ်ဆတ်သည့် ရေနွေးကြမ်း တစ်ကျိုက်ကို သောက်ရင်းဖြင့် အရသာရှိသည့် အကြော်စုံ၊ သီးစုံတန်ပူရာနှင့် ကုလားပဲတို့ဖူးများကို သရေစာအဖြစ် သုံးဆောင်နိုင်မည်ဖြစ်ပါသည်။

ဒေသဈေး

မတူကွဲပြားခြားနားသည့် တိုင်းရင်းသားမျိုးနွယ်စု ဒေသခံရွာသားများသည့် ၎င်းတို့၏ ထွက် ကုန်သီးနှံများ၊ ရိုးရာလက်မှုအဆင်တန်ဆာများနှင့် အိမ်သုံးပစ္စည်းများကိုရောင်းချရန်အတွက် ဒေသ စျေးတွင် စုရုံးရောက်ရှိကြပါသည်။ ခရီးသွားများအနေဖြင့် ဒေသထွက်ကုန်များကို ဝယ်ယူရရှိနိုင် သည့်အပြင် တိုင်းရင်းသားမျိုးနွယ်စုများ အချင်းချင်းအပြန်အလှန်ဟန်ချက်ညီစွာ အမှီသဟဲပြုနေ သည်ကို လည်းမြင်တွေ့နိုင်မည်ဖြစ်ပါသည်။ ထို့အပြင် လည်ပင်းတွင် ကြေးဝါကွင်းများစွတ်ထားပြီး ရိုးရာအဝတ်အထည်များဝတ်ဆင်ထားသည့် ကယန်းလူမျိုးလည်ပင်းရှည်ရှည်အမျိုးသမီးများကိုလည်း တွေ့မြင်ရမည်ဖြစ်ပါသည်။

Video

ဆက်သွယ်ရန်

ရုံးအမှတ် (၃၃), ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန, နေပြည်တော်မြို့, မြန်မာနိုင်ငံ

+၉၅ ၆၇ ၃၄၀ ၆၄၅၈,

+၉၅ ၆၇ ၃၄၀ ၆၂၄၇, +၉၅ ၆၇ ၃၄၀ ၆၁၂၉

© COPYRIGHT 2020. ALL RIGHTS RESERVED