စိတ်ဝင်စားစရာများ
- ကော့သောင်းမြို့သည် မြန်မာနိုင်ငံ၏ မြောက်ဘက်အစွန်ပိုင်းရှိ ၂၀၀၀ ကီလိုမီတာအကွာတွင် တည်ရှိသည်။
- ထိုင်းနယ်စပ်မှ ၂၀ ကီလိုမီတာအကွာတွင်တည်ရှိပြီး ခရီးသွားများဝင်ရောက်ရာ ဝင်ပေါက်တစ်ခုလည်းဖြစ်ပါသည်။
- ၂၈ ရက် သက်တမ်းရှိသော ပြည်ဝင်ခွင့်ဗီဇာနှင့် နယ်စပ်ဖြတ်သန်းခွင့် များကို ကော့သောင်းမြို့တွင် ထုတ်ပေးလျက်သည်။
ကော့သောင်းမြို့သည် တနင်္သာရီတိုင်းဒေသကြီးတွင်တည်ရှိကာ မြန်မာနိုင်ငံတောင်ပိုင်းရှိ အရေးပါဆုံးမြို့များထဲမှတစ်ခုဖြစ်ပြီး ဗစ်တိုးရီးယားပွိုင့်ဟုလည်းလူသိများသည်။ ကော့သောင်းမြို့ သည် အရှေ့ဘက်ရှိ ထိုင်းနိုင်ငံရနောင်းမြို့နှင့်နယ်နိမိတ်ချင်းထိစပ်နေပြီး ခရီးသွားများဝင်ရောက်ရာ ဝင်ပေါက်တစ်ခုဖြစ်သည်။ အနောက်တောင်ဘက်တွင် အက်ဒမန်ပင်လယ်ရှိသည်။ အပူပိုင်းမုတ်သုံ ရာသီဥတုကိုရရှိပြီး ပင်လယ်များဝန်းရံလျက်ရှိပါသည်။ ဒီဇင်ဘာလမှမတ်လသည် ခြောက်သွေ့လှပ သောကြောင့် ကော့သောင်းမြို့သို့လည်ပတ်ရန် အကောင်းဆုံးအချိန်ဖြစ်ပြီး မေလမှစက်တင်ဘာလ အထိ မိုးသည်းထန်စွာရွာသွန်းလေ့ရှိသည်။
သမိုင်းကြောင်း
ပထမအင်္ဂလိပ်-မြန်မာစစ်ပွဲ(၁၈၂၃-၁၈၂၆)ပြီးနောက်ကော့သောင်းမြို့မှာ ဗြိတိသျှလက်အောက် သို့ ကျရောက်ခဲ့သည်။ ၁၈၅၉ ခုနှစ်တွင် တရုတ်နှင့်ထိုင်းတို့တွင် အခြေချနေထိုင်သူများက ကော့သောင်းမြို့ သို့ပြောင်းရွှေ့ခဲ့သည်။ ၁၈၆၅ ခုနှစ်တွင် အာရပ်-မလေးအုပ်စုသည် ဗစ်တိုးရီးယားပွိုင့်ပင်လယ်အော် ဝန်းကျင်ကို ဖွံ့ဖြိုးတိုးတက်စေခဲ့သည်။ ဗစ်တိုးရီးယားပွိုင့်၏ ၂၄ ကီလိုမီတာအကွာတွင် ရှိသော မာလီဝမ်ရွာ၌ အခြေချနေထိုင်မှုများ များပြားခဲ့ပါသည်။ ၁၈၇၂ ခုနှစ်တွင် ရဲအရာရှိတစ်ဦးက မာလီဝမ်တွင် ပထမဆုံးအကြိမ် တပ်စွဲခဲ့ပါသည်။ မာလီဝမ်သည် ချောင်းငယ်ဘေးတွင် တည်ရှိသောကြောင့် ကြီးမားသောရေယာဉ်များရပ်နားရန် အခက်အခဲရှိသောကြောင့် ၁၈၉၁ ခုနှစ်တွင် စီမံခန့်ခွဲရေးရုံးများကို ကော့သောင်းမြို့သို့ ရွှေ့ပြောင်းခဲ့ပါသည်။
ရောက်ရှိနိုင်မည့်နည်းလမ်း
- ကော့သောင်းမြို့သို့ လေယာဉ်ဖြင့်အလွယ်တကူသွားနိုင်ပြီး ရန်ကုန်မှ ၁ နာရီ ၅၀ မိနစ်ခန့်ကြာ သွားရောက်နိုင်ပါသည်။ မန္တလေးမှ တိုက်ရိုက်ပျံသန်းသည့်လေယာဉ်မရှိ၍ မန္တလေးမှ ရန်ကုန်သို့ လေယာဉ်ဖြင့်သွားရောက်ပြီး ရန်ကုန်မှတဆင့် ကော့သောင်းမြို့သို့ ဘတ်စ်ကားဖြင့်သွားရောက်နိုင်ပါ သည်။
- semi-deluxe မှ အဲယားကွန်းပါရှိသည့် ညအိပ်ဘတ်စ်ကားများအထိဘတ်စ်ကားမျိုးစုံ ဖြင့် သွားလာနိုင်သည်။
စိတ်ဝင်စားဖွယ်ရာများ
ကော့သောင်းမြို့သည် မြိတ်ကျွန်းစု၏ ဝင်ပေါက်တစ်ခုဖြစ်သည်။ ခရီးသွားဧည့်သည်များ လည်ပတ်ရန် ရေတံခွန်များနှင့် ရေပူစမ်းများရှိပြီး ပြည်တော်အေးဘုရား၊ အာနန္ဒာဘုရားနှင့် အောင်တော်မူဘုရားစသည်တို့နှင့်အတူ ရှေးကျသောဘုရားများစွာလည်းရှိလေသည်။ အစားအသောက် ပေါများရာမြို့ဖြစ်ပြီး ပလုံတုံတုံတံတားကိုဖြတ်သန်း၍ ပလုံတုံတုံမြို့သို့ သွားရောက်လည်ပတ်နိုင် ပါသည်။
လည်ပတ်စရာများ

ကျွန်းများသို့ လည်ပတ်ခြင်း
ကော့သောင်းမြို့သည် ကျွန်းများအားသွားရောက်လည်ပတ်ရန် အချက်အချာကျသောမြို့ဖြစ် ပါသည်။ လှေငှား၍ တစ်ကျွန်းမှတစ်ကျွန်းသို့ ခရီးသွားနိုင်သည်။ မြင်းခွာကျွန်း၊ Dunkin ကျွန်း၊ ၁၁၅ကျွန်း၊ Cocks Comb ကျွန်း နှင့် ဇာဒက်ကြီးကျွန်းတို့မှာ ခရီးသွားများ အများဆုံးလည်ပတ်ရာ ကျွန်းများ ဖြစ်ပါသည်။

ဘုရားဖူးခြင်း
မြန်မာနိုင်ငံ၏အခြားမြို့များကဲ့သို့ပင် ကော့သောင်းမြို့၌ စေတီပုထိုးများစွာရှိပါသည်။ ပုဂံရှိ အာနန္ဒာဘုရားနှင့်ဆင်တူသော ရွှေပြည်သာဘုရားမှာ သွားရောက်ဖူးမြော်သင့်သော စေတီတစ်ဆူ ဖြစ်ပါ သည်။ ပြည်တော်အေးဘုရား၊ အာနန္ဒာဘုရားနှင့် အောင်တော်မူဘုရားတို့ကို သွားရောက်ဖူးမြော်သင့် ပါသည်။

ကော့သောင်းမြို့မဈေးအားလည်ပတ်ခြင်း
မြို့မဈေးသည် ကော့သောင်းမြို့၏လူစည်ကားရာဈေးကြီးဖြစ်ပြီး ဈေးထဲသို့သွားရောက် လည်ပတ် ပြီး ဒေသထွက်အစားအစာများကို မြည်းစမ်းနိုင်သည်။

ရေငုပ်ခြင်း
ကော့သောင်းမြို့အနီးရှိ ပင်လယ်ပြင်တွင် အလွန်လှပသော ရေသတ္တဝါမျိုးစိတ်များရှိပြီး ရေငုပ် ခြင်းကို စိတ်ဝင်စားသူများအတွက် ရောင်စုံသန္တာကျောက်တန်းနှင့် လှပသောငါးမျိုးစုံတို့ကို တွေ့ရှိနိုင် သည်။ နေ့ချင်းပြန်မှစ၍ ရက်များစွာ Diving Tour သွားရောက်ပါကလည်း လေ့လာစရာများစွာရှိ သည်။
Popular in Tanintharyi Region
Popular Hotels in Myanmar

Sofitel Inle Lake Myat Min
View Details
Novotel Inle Lake Myat Min
View Details
Golden Fish Hotel
View Details
UCT Taunggyi Hotel
View Details
Sweet Cherry Resort
View Details
Myanmar Treasure Resort Inle
View Details
Aureum Palace Hotel & Resort, Inle
View Details
Aureum Palace Hotel & Resort, Pyin Oo Lwin
View Details
Kandawgyi Hill Resort
View Details
View Details