Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 216

Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 240

Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 247

Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 248
နေပြည်တော် – Tourism Myanmar
Skip to content

နေပြည်တော်

စိတ်ဝင်စားဖွယ် အချက်များ

  • နေပြည်တော်သည် မြန်မာနိုင်ငံ၏အလျင်အမြန်ဖွံ့ဖြိုးတိုးတက်နေသည့် မြို့တစ်မြို့ ဖြစ်သည်။
  • မြို့တော်သည် အရှေ့တောင်အာရှအားကစားပွဲတော်များ၊ ကမ္ဘာ့စီးပွားရေးဖိုရမ်နှင့် အာဆီယံထိပ် သီးအစည်းအဝေးကဲ့သို့သော အဓိကနိုင်ငံတော်ပွဲများကို အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည်။
  • အဆောက်အဦ ၃၁ ခု ပါရှိသော ပါလီမန်အဆောက်အဦကိုလည်း ဆောက်လုပ်ထား ပါသည်။ ကမ္ဘာလှည့်ခရီးသွားများအတွက် ပါလီမန်ထဲသို့ မဝင်ရောက်နိုင်သော်လည်း ၂၀ လမ်းသွား အဝေးပြေးလမ်းမကြီးပေါ်သို့ ဆင်း၍ အလှဓာတ်ပုံများ ရိုက်ယူနိုင် ပါသည်။

နေပြည်တော်သည် မြို့တော်ဖြစ်ပြီး သေချာတာကတော့ နိုင်ငံ၏ခေတ်မီဆုံးမြို့ဖြစ်သည်။ မြို့တော် အနေဖြင့် လူနေထူထပ် သိပ်သည်းသော နေရာတစ်ခုအဖြစ် မြင်တွေ့ရမည် မဟုတ်ပဲ လူအုပ်စုများနှင့် ယာဉ်ကြောပိတ်ဆို့မှုများကို စိတ်ပူစရာမလိုပဲ ထူးထူးခြားခြား လည်ပတ်စရာအခွင့်အရေးကို ပေးစွမ်း မည့် နေရာတစ်ခုလည်းဖြစ်ပါသည်။  တောင်တန်းနှစ်ခုကြားတွင် တည်ရှိသည့်အလျောက် တိတ်ဆိတ် ငြိမ်သက်သည့်ပတ်ဝန်းကျင်သည် ဤကျယ်ဝန်းသည့်မြို့ကို သင်လေ့လာစဉ် အတွေ့အကြုံအသစ် တစ်မျိုးကို သင့်ထံသို့ ယူဆောင်ပေးမှာဖြစ်ပါသည်။

၂၀၀၂ ခုနှစ်တွင် တည်ဆောက်ခဲ့သော ဒေသသစ်တစ်ခုဖြစ်သည့် အားလျော်စွာ  နေပြည်တော်တွင် လုံလောက်သော အရေအတွက်တစ်ခုအထိ ဆွဲဆောင်မှုများနှင့် လုပ်ဆောင်စရာများစွာရှိသည်။ သင့်အနေဖြင့် စိတ်ဝင်စားဖွယ် အထင်ကရ နေရာများဖြစ်သော ပြတိုက်များ၊ အစိုးရအဆောက် အအုံများနှင့်အတူ နေပြည်တော်ရေပူစမ်းကဲ့သို့သော သဘာဝနေရာများကို တွေ့ပါလိမ့်မည်။ အကယ် ၍ သင်သည် ကလေးများနှင့်  သို့မဟုတ် တိရစ္ဆာန်များကို ချစ်မြတ်နိုးသူများနှင့်အတူ ခရီးသွားပါက နိုင်ငံတဝှန်းရှိ တိရစာ္ဆန်ဥယျာဉ်များအနက် တစ်ခုအပါအဝင်ဖြစ်သော တိရစာ္ဆန်ဥယျာဉ်သို့ မဖြစ်မနေ သွားရောက်လည်ပတ်သင့်ပါသည်။

သမိုင်း

နေပြည်တော် တည်ဆောက်ရေးကို ၂၀၀၂ ခုနှစ်တွင် ဆောက်လုပ်ရေးကုမ္ပဏီ (၂၅) ခုကျော် မှ မြို့တော်တည်ဆောက်ရန်ပါဝင်ခဲ့ပြီး အစပြုခဲ့ပါသည်။ အုပ်ချုပ်ရေးမြို့တော်ကို ရန်ကုန်မှ မြို့တော်ဆီ

သစ်သို့ ၂၀၀၅ ခုနှစ်တွင်ပြောင်းရွှေ့ခဲ့ပြီး ၂၀၀၆ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့တွင်  မြို့တော်၏ တရားဝင် အမည်ကို အများပြည်သူထံသို့ အသိပေးထုတ်ပြန်ခဲ့ပါသည်။

အဲဒီကို ဘယ်လိုသွားရောက်ရမလဲ

ထိပ်တန်းဆွဲဆောင်မှုများ

နေပြည်တော်ဟာ ကမ္ဘာလှည့်ခရီးသွားဧည့်သည် ဆွဲဆောင်စရာနေရာများ မရှိတဲ့ မြို့တော်သာလို့ သင်ထင်ရင် မှားယွင်းသွားပါလိမ့်မည်။ လည်ပတ်ဖို့ရန် စိတ်ဝင်စားစရာ ကောင်းသော နေရာ အမျိုးမျိုးရှိပြီး မင်းရဲ့အားလပ်ရက်ကို မြို့တော်တွေရဲ့ ဂုဏ်အင်္ဂါရပ်နှင့် အညီ ထိုက်တန်စေပါလိမ့်မည်။ ကျောက်မျက်ရတနာပြတိုက်သည် အလွန်အမင်းရှားပါး၍ အဖိုးတန်သော ကျောက်မျက်အမျိုးမျိုးကို ပုံသဏ္ဍာန်အမျိုးမျိုးဖြင့် ခင်းကျင်း ပြသထားပါသည်။ ပြတိုက်အတွင်း၌  ရှားပါးပြီး လက်ရာမြောက် သောကျောက်တုံးများကိုလည်း ခင်းကျင်းပြသထားရှိပါသည်။ မြန်မာ့တပ်မတော်၏ စစ်ရေးစွမ်းရည် များကို ကာကွယ်ရေး ပြတိုက်တွင် လေ့လာနိုင်ပါသည်။ အမျိုးသားပြတိုက်တွင် စိတ်ဝင်စားဖွယ် မြန်မာ့သမိုင်းနှင့် နိုင်ငံတဝှန်းဒေသများ၏ သမိုင်းကြောင်းကို ရှာဖွေပါ။ မြို့တော်အတွင်း သွားရောက် လည်ပတ်ဖို့ ထိုက်တန်သော ဘုရားနှစ်ဆူရှိပြီး ဥပါဒသန္တိစေတီသည် လာရောက်ဖူးမျှော်လည်ပတ်သူ အများဆုံး နေရာတစ်ခုဖြစ်ပါသည်။  သတ္တဗေဒတိရစ္ဆာန်ဥယျာဉ်၊ တောတွင်းလေ့လာရေးပန်းခြံ (ဆာဖာရီဥယျာဉ်)၊ ငလိုက်ဆင်စခန်းနှင့် နေပြည်တော်ရေပူစမ်းကဲ့သို့သော သဘာဝနှင့်သက်ဆိုင် သည့် ဆွဲဆောင်မှုများလည်း ရှိပါသည်။ ခေတ်မီသောမြို့တော်တစ်ခုမှာနေထိုင်ရင်း သဘာဝတရား၏ တည်ငြိမ်အေးချမ်းမှုနှင့် အလှအပမှာ မိတ်ဆွေအနေဖြင့် နှစ်မြုပ်လိုက်ပါ။ နေပြည်တော်မှာရှိနေခိုက် ထုထည်ကြီးမားသော လွှတ်တော်အဆောက်အဦဝန်းနှင့် ၎င်းဆီသို့ ဦးတည်နေသော လမ်း(၂၀)သွား လမ်းမကြီးဆီသို့ သွားရောက်ရန် မလစ်ဟင်းပါစေနှင့်။ ဆက်ဖတ်ရန်

လုပ်ဆောင်ဖွယ်ရာများ

လွှတ်တော်အိမ်ယာ

လွှတ်တော်အိမ်ယာသည် ဧက ၈၀၀ ကျော်ကျယ်ပြန့်သော နေရာတွင်ဆောက်လုပ်ထားပြီး အဆောက် အဦ(၃၁)ဆောင် ရှိပါသည်။ ယင်းပါလီမန်လွှတ်တော်အိမ်ယာသည် သမ္မတနန်းတော်အဖြစ်လည်း

ဆောင်ရွက်သည်။ ဤနေရာရှိ အဆောက်အအုံများ၏ ဗိသုကာလက်ရာတို့က အံ့ဩဖွယ်ကောင်းမွန် လှပြီး လက်လွတ်မခံသင့်သော ထိုက်တန်သည့် လည်ပတ်သင့်သော နေရာတစ်ခုဖြစ်ပါသည်။ အကောင်းဆုံးမြင်ကွင်းကိုဖမ်းယူရန်  ဘေလီ တံတားထိပ်သို့ ဦးတည်သွားဖို့ရန် အကြံပြုလိုပါသည်။

စေတီပုထိုးများသို့လည်ပတ်ပါ

မြို့တော်တွင် ထင်ရှားသောစေတီတော်(၂)ဆူ ရှိပါသည်။ ဥပါဒသန္တိစေတီ နှင့် သတ္တသထ္ထဟာမဟာ ဗောဓိစေတီတော် တို့ဖြစ်ကြပြီး ကမ္ဘာပေါ်တွင် ထင်ရှားသော စေတီပုထိုးနှစ်ခုဖြစ်သည့် ရန်ကုန်ရှ ိရွှေတိဂုံစေတီတော်နှင့် အိန္ဒိယရှိမဟာဗောဓိစေတီတော်တို့ကို ပုံစံတူပြုလုပ်ထားသော ကိုယ်ပွား စေတီများ ဖြစ်ကြပါသည်။ ဤမြို့၏အများဆုံး လာရောက်ဖူးမျှော်ခံရသည့် နေရာများဖြစ်သည်။ မိတ်ဆွေ၏ ခရီးစဉ်တွင် ယင်းနေရာများကို သွားရောက်လေ့လာရန် မဖြစ်မနေ ထည့်သွင်းရမည် ဖြစ်ပါသည်။

သဘာဝနှင့်သက်ဆိုင်သော လုပ်ဆောင်မှုများကို ခံစားကြည့်ပါ

နေပြည်တော်တွင် အထင်ကြီးစရာ သဘာဝဆွဲဆောင်မှုလည်ပတ်စရာများလည်း ရှိပါသည်။ ဆင်စခန်း တွင် ချစ်စရာကောင်းသော ဆင်များနှင့် ကစားပါ၊ ရေပူစမ်းတွင် အပန်းဖြေ အနားယူပါ၊ ရှားပါး တိရစ္ဆာန်မျိုးစိတ်များကို သတ္တဗေဒ တိရစ္ဆာန်ဥယျာဉ်တွင် လေ့လာပြီး ညနေခင်းတွင် ရေပန်းအကကို ခံစားပျော်မွေ့လိုက်ပါ။ ရွေးချယ်စရာများစွာလည်း ရှိနေပါတယ်။

ပြတိုက်များမှာ သမိုင်းကိုရှာဖွေပါ

နေပြည်တော်တွင်    သက်ဆိုင်ရာ ဘာသာရပ်အလိုက် ထူးခြားကောင်းမွန်သော ပြတိုက်များစွာ ရှိပါ သည်။ ကာကွယ်ရေးပြတိုက်တွင် နိုင်ငံ၏စစ်ရေးစွမ်းရည်၊ အမျိုးသားပြတိုက်တွင် မြန်မာ့သမိုင်း အကြောင်း လေ့လာသင်ယူပြီး ကျောက်မျက်ရတနာပြတိုက်တွင် ရှားပါးအဖိုးတန်သော ကျောက်မျက် ရတနာများကို ရှာဖွေလေ့လာလိုက်ပါ။

Popular in Nay Pyi Daw

ဆက်သွယ်ရန်

ရုံးအမှတ် (၃၃), ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန, နေပြည်တော်မြို့, မြန်မာနိုင်ငံ

+၉၅ ၆၇ ၃၄၀ ၆၄၅၈,

+၉၅ ၆၇ ၃၄၀ ၆၂၄၇, +၉၅ ၆၇ ၃၄၀ ၆၁၂၉

© COPYRIGHT 2020. ALL RIGHTS RESERVED