Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 216

Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 240

Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 247

Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 248
ပြင်ဦးလွင် – Tourism Myanmar
Skip to content

ပြင်ဦးလွင်မြို့

စိတ်ဝင်စားဖွယ်ရာအချက်များ

  • အေးမြသောရာသီဥတုရှိသောကြောင့် အမြဲတမ်းစစ်စခန်းနှင့်အတူ ပြင်ဦးလွင်မြို့ကို ၁၈၉၇ ခုနှစ်တွင် တရားဝင်တည်ထောင်ခဲ့သည်။
  • ကိုလိုနီခေတ်သမိုင်းကြောင်းအရ မြန်မာနိုင်ငံရှိ ဒေသခံတိုင်းရင်းသားများနှင့်အတူ အိန္ဒိယ၊ ဂေါ်ရခါး ၊ အင်္ဂလိပ်-မြန်မာ နှင့် အင်္ဂလိပ်-အိန္ဒိယလူမျိုးများသည် ပြင်ဦးလွင်မြို့တွင် ရောနှော နေထိုင်လျက်ရှိသည်။
  • နာမည်ကျော်စာရေးဆရာ George Orwell သည် ၁၉၂၂ ခုနှစ် မှ ၁၉၂၇ ခုနှစ် အထိ ပြင်ဦးလွင်မြို့တွင် တပ်စွဲကာ နေထိုင်ခဲ့သည်။

မန္တလေးမြို့၏ အရှေ့ဘက် ၆၇ ကီလိုမီတာခန့်တွင် တည်ရှိသော ပြင်ဦးလွင်မြို့သည် ထူးခြား သော တောင်ကုန်းတစ်ခုဖြစ်ပြီး ရှမ်းတောင်တန်းများပေါ်တွင် တည်ရှိကာ ကိုလိုနီခေတ် ယဉ်ကျေးမှု၏ အငွေ့အသက်များနှင့် လွှမ်းခြုံနေပါသည်။ ဗြိတိသျှအုပ်ချုပ်စဉ်ကာလအတွင်း ပြင်ဦးလွင်မြို့ကို  နွေရာသီ၌ စံအိမ်မြို့တော်ဟု သတ်မှတ်ထားပြီး ၎င်းသမိုင်းကို နှစ်ပေါင်းများစွာ ထိန်းသိမ်းထား ခဲ့သည်။ ပြင်ဦးလွင်မြို့ရှိ သစ်သားအဆောက်အဦးများနှင့် မြင်းလှည်းများက အင်္ဂလန်မြို့ဟောင်းဆီသို့ ပြန်လည်ခေါ်ဆောင်သွားမည် ဖြစ်သည်။ မန္တလေးမြို့၏ ပြင်းထန် သော အပူဒဏ်မှ လွတ်မြောက်ရန် ပြင်ဦးလွင်မြို့သည် အပူရှောင်ရန် အကောင်းဆုံးသော နေရာ တစ်ခု ဖြစ်သည်။

သမိုင်းကြောင်းဆိုင်ရာအချက်များ

ပြင်ဦးလွင်၏သမိုင်းကြောင်းကို ခြေရာခံကြည့်မည်ဆိုလျှင် ကိုလိုနီခေတ်မတိုင်မီကတည်းက ရှမ်းတောင်တန်းများအနီးရှိ လားရှိုးနှင့် မန္တလေးကြား ရွာငယ်တစ်ရွာအနီးတွင် စစ်တပ် ကင်းစခန်း တစ်ခု အခြေပြုစတင်တည်ထောင်ခြင်းနှင့်အတူ ပေါ်ပေါက်တည်ရှိခဲ့သည်။ ဗြိတိသျှတို့က မြန်မာနိုင်ငံအား သိမ်းပိုက်ပြီးနောက် ၁၈၉၇ ခုနှစ်တွင် အမြဲတမ်းစစ်စခန်းအဖြစ် ပြင်ဦး လွင်မြို့ကို ပြောင်းလဲခဲ့သည့်အပြင် ၎င်း၏ အေးမြသော ရာသီဥတုကြောင့် နွေရာသီမြို့တော် အဖြစ်လည်း အသုံးပြုခဲ့သည်။ ထိုသို့ တပ်စွဲရာတွင် ပါဝင်ခဲ့သော Colonel May မှလည်း မေမြို့ဟု သတ်မှတ်ခေါ်ဝေါ်ခဲ့သည်။ Colonel May သည် ၁၈၅၇ ခုနှစ် အိန္ဒိယပုန်ကန်မှုအတွင်း ရွံရွံချွံချွံ တာဝန်ထမ်းဆောင်ခဲ့သည်။ ဂျပန်များသည် မြန်မာနိုင်ငံကို သိမ်းပိုက်သောအခါ မေမြို့ရှိ Anglo-Indians လူမျိုးများသည် ဗြိတိသျှအပေါ် သစ္စာခံသောကြောင့် ထောင်ကျခဲ့ရသည်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးသောအခါ အစိုးရက မေမြို့ မှ ပြင်ဦးလွင် သို့ ပြောင်းလဲခေါ်တွင် စေခဲ့သည်။

ရောက်ရှိနိုင်မည့်နည်းလမ်းများ

လည်ပတ်စရာနေရာများ

ပြင်ဦးလွင်မြို့ရှိ ဗြိတိသျှကိုလိုနီခေတ်က အနီရောင် ရောင်စုံအဆောက်အအုံများ၊ မြင်းလှည်းများ သည် သင့်အား၁၉ရာစုနှစ်ဆီသို့ပြန်လည်ခေါ်ဆောင်သွားပါလိမ့်မည်။ သို့သော်လည်း ၎င်းကိုအဆောက်အဦ များသည် ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့ရှိ လိုနီခေတ်ပုံစံများနှင့် မတူဘဲ ကွဲပြားလျက်ရှိပြီး သင့်ရဲ့ နှလုံးအိမ်မှာ စွဲထင်ကျန်ရစ်နေမှာ ဖြစ်သည်။။ ပြင်ဦးလွင်မြို့သည် ၁၉၁၅ ခုနှစ်တွင်တည်ထောင်ခဲ့သော ဌာနေသစ်ပင် ၅၁၄ မျိုး၊ နိုင်ငံခြားမျိုးစိတ် ၇၄ မျိုး၊ သစ်ခွပန်း ၃၀၀ မျိုးနဲ့နှင်းဆီ ၂၅ မျိုးရှိသည့် မြန်မာနိုင်ငံ၏ အကြီးဆုံးရုက္ခဗေဒဥယျာဉ်ဖြစ်သော လန်ဒန်မြို့၏ နာမည်ကျော် Kew Gardens ပန်းဥယျာဉ်များကိုပုံစံတူတည်ဆောက်ထားသည့်သမိုင်းဝင်  အမျိုးသားကန်တော်ကြီးဉယျာဉ်တည်ရှိရာ မြို့ဖြစ်သည့်အပြင် တောင်ပေါ်အငွေ့အသက်ကို ခံစားရယူလိုသူများအတွက် သင့်တော်သည့် သွားရောက်လည်ပတ်စရာ နေရာဒေသ တစ်ခု ဖြစ်ပါသည်။

လုပ်ဆောင်နိုင်မည့်အကြောင်းအရာများ

မြင်းလှည်းစီးခြင်း

ပြင်ဦးလွင်မြို့လယ်၌ တောက်ပသောပန်းရောင်၊ အနီရောင်၊ ခရမ်းရောင်နှင့်အစိမ်းရောင်များ ဖြင့်ခြယ်သထားသောခေတ်ဟောင်းမြင်းလှည်းများကို တွေ့မြင်ရမှာဖြစ်ပြီး မြို့တစ်ပတ် စီးကာ လည်ပတ်ကြည့်ရှုခြင်းသည် လည်းပျော်စရာကောင်းပါသည်။

ကျေးရွာများဆီသို့ အလည်တစ်ခေါက်

ကျေးရွာများထဲမှဖြတ်ကာတစ်လမ်းဝင်တစ်လမ်းထွက်‌တောင်တက်ခြင်းကို ဝါသနာပါသူဖြစ်ပါက ပြင်ဦးလွင်မြို့ရှိတောင်ကုန်းများတွင်မှီတင်းနေထိုင်ကြသောရင်းနှီးဖော်ရွေကြသည့် ချစ်စဖွယ် လူမျိုးစု များ၏ ကျေးရွာတောလမ်းလေးများတစ်လျှောက် သွားရောက် လေ့လာနိုင်သည်။

ရေတံခွန်များဆီသို့ အလည်တစ်ခေါက်

ပြင်ဦးလွင်မြို့အနီးတစ်ဝိုက်ရှိ ရေတံခွန်များဆီသို့ ကားနှင့်တစ်ဖုံ၊ ခြေလျင်နှင့်တစ်မျိုးဖြင့်လည်း ခရီးဆန့်နိုင်သည်။ ပြင်ဦးလွင်မြို့ရဲ့ အနောက်တောင်ဘက်တွင်ရှိသည့် ဓာတ်တော်ချိုင့် ရေတံခွန်သည် ကြည်လင်အေးမြသည့်ရေအိုင်ကြောင့် ရေလာဆော့ကစားသူများနှင့် ရေကူး ဝါသနာရှင်များအကြားမှာ လူသိများထင်ရှားပြီး ခရီးသွား အများအပြားလာရောက်ကြသည့် နေရာ များထဲမှ တစ်ခုဖြစ်သည်။

မြန်မာနိုင်ငံ၏ အမြင့်ဆုံးတံတား (သို့) ဂုတ်ထိပ်တံတား

ဂုတ်ထိပ်တံတားကြီးကို ဗြိတိသျှကိုလိုနီခေတ်တွင် မန္တလေး-လားရှိုးလမ်း အဖြစ် တည်ဆောက် ခဲ့ပြီး မြေပြင်မှ ၁၀၂ မီတာ အကွာတွင် ယခုအချိန်အထိ အသုံးပြုလို့ရနိုင်သေးသည်ကိုထင်ရှားစွာ တွေ့ရှိရမှာြဖစ်သည်။ ပြင်ဦးလွင်ဘူတာရုံလေးမှ သီပေါမြို့အထိ ၄ နာရီကြာ ရထားခရီးစဉ်ကို ဂုတ်ထိပ်တံတားပေါ်ကနေပြီး ရှုမျှော်ခင်းများကြည့်ကာ သွားရောက်နိုင်ပြီး သီပေါမြို့ထဲသို့ ဝင်ရောက်လည်ပတ်ပြီး အပြန်တွင် ကားစီးကာ ပြင်ဦးလွင်မြို့ဆီသို့ တစ်ဖန်နားခိုနိုင်မှာ ဖြစ်ပါသည်။

Popular in Mandalay Region

ဆက်သွယ်ရန်

ရုံးအမှတ် (၃၃), ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန, နေပြည်တော်မြို့, မြန်မာနိုင်ငံ

+၉၅ ၆၇ ၃၄၀ ၆၄၅၈,

+၉၅ ၆၇ ၃၄၀ ၆၂၄၇, +၉၅ ၆၇ ၃၄၀ ၆၁၂၉

© COPYRIGHT 2020. ALL RIGHTS RESERVED