Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 216

Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 240

Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 247

Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 248
မင်းဘူးမြို့ – Tourism Myanmar
Skip to content

မင်းဘူးမြို့

စိတ်ဝင်စားဖွယ်ရာ အချက်များ

  • မင်းဘူးမြို့ရှိ ရွှံ့မီးတောင်များသည် အမှန်စင်စစ်အားဖြင့် မြေအောက်တွင် ပိတ်မိနေသော မီသိန်း ဓာတ်ငွေ့များဖြစ်ပြီး မျက်နှာပြင်ပေါ်သို့ အရှိန်အဟုန်ဖြင့် ထွက်လာစေသည်။
  • မင်းဘူးမြို့သည် မကွေးမြို့၏တစ်ဖက်ကမ်းတွင် တည်ရှိသည်။ မကွေးမြို့မှ မင်းဘူးမြို့သို့ ခရီးစဉ်မှာ ၁၅ မိနစ်သာကြာသည်။
  • မင်းဘူးမြို့အနီးတွင် တည်ရှိသော မန်းရွှေစက်တော်ဘုရား အတွင်းတွင် ဗုဒ္ဓ၏ ခြေရာတော်များကို ဌာပနာထားသည် ။

မင်းဘူးမြို့သည် မြန်မာနိုင်ငံအလယ်ပိုင်းရှိ မြို့ငယ်လေးတစ်မြို့ဖြစ်ပြီး ဧရာဝတီမြစ်လွင်ပြင် များပေါ်တွင် တည်ရှိသည်။ မင်းဘူးဧရိယာတစ်ခုလုံးသည် ရခိုင်တောင်ကုန်းများဆီသို့ ပြေပြေပြစ်ပြစ် လျှောဆင်းသွားသည်။ ထိုဒေသ၏ အလှအပသည် ရွှံ့မီးတောင်များပေါ်တွင် တည်ရှိပြီး ထိုရွှံ့များသည် လွင်ပြင်များပေါ်တွင်အငွေ့အဖြစ်လွင့်ပြန့်သွားခြင်းဖြစ်သည်။မီးတောင်များသည် ကျယ်ပြန့်သော ဒေသ တစ်လျှောက် ပျံ့နှံ့လျက်ရှိပါသည်။ ဒီနေရာဒေသသည် အလည်အပတ်သွားရကျိုးနပ်စေမည့် ကမ္ဘာပေါ်ရှိ နေရာအမျိုးအစားတစ်ခုပင် ဖြစ်ပါသည်။

သမိုင်းကြောင်း

မင်းဘူးမြို့၏မူလဇာစ်မြစ်အစကိုခြေရာခံမည်ဆိုပါက ကုန်းဘောင်မင်းဆက်မတိုင်မီ အချိန်ကပင် မြို့ကြီးတစ်မြို့အဖြစ် တည်ရှိခဲ့ပါသည်။ ထိုအချိန်က မြို့၏အမည်မှာ မင်္ဂလာပါရမြို့ဟု ခေါ်ဆိုခဲ့ပါသည်။ မင်းဘူးမြို့သည် မန်းချောင်းနှင့် ဧရာဝတီမြစ်တို့ ပေါင်းဆုံရာနေရာ၌ တည်ရှိသောကြောင့် နောက်ပိုင်း တွင် မန်းပူးဟု အမည်ပေးခဲ့သည်။ မန်းပူးမှ မင်းဘူးဟု တဖြည်းဖြည်း ပြောင်းလဲလာခဲ့သည်။

ရောက်ရှိနိုင်မည့်နည်းလမ်း

အဓိကဆွဲဆောင်သည့်နေရာများ

မင်းဘူးမြို့ရှိ ရွှံ့မီးတောင်သည် သွားရောက်လည်ပတ်စရာကောင်းသော နေရာတစ်ခုဖြစ်သည်။ မြေအောက်တွင် ပိတ်မိနေသော မီသိန်းဓာတ်ငွေ့များသည် ဖိအားကို ဖြစ်စေပြီး ၎င်းသည် ရေများကို အထက်သို့ တွန်းကန်ထွက်လာစေသည်။ ရေများသည် ဓာတ်ငွေ့များ၊ ရွှံ့များနှင့် ရောနှော၍ အထက်သို့ တွန်းကန်ထွက်လာရာမှ ရွှံ့မီးတောင်အဖြစ် ဖြစ်ပေါ်လာသည်။ သို့သော် ပုံမှန်မီးတောင်များနှင့် မတူသည်မှာ ယင်းတို့သည် မပူကြဘဲ လက်ဖြင့် ထိကိုင်နိုင်သည်အထိ အေးပါသည်။ ရွှံ့စေးပူဖောင်း များနှင့် မြေပြင်ပေါ်ရှိ မီးတောင်ဝ အမြောက်အမြားမှလွဲ၍ တောတောင်ရှုခင်းတစ်ခုလုံးသည် လမျက်နှာပြင်နှင့်တူသည်ဟု ခံစားရစေပါသည်။ ဒဏ္ဍာရီအရ ကမ္ဘာမြေကြီးအတွင်းရှိ နဂါးများသည် မီးတောင်များကို စွမ်းအားပေးပြီး မြေကြီးကို တွန်းကန်နေကြသည်ဟု ဒေသခံများက ယုံကြည်ကြပြီး ဤနေရာကို ဘာသာရေးနယ်မြေအဖြစ် ယူဆကြသည်။ ဤနေရာသည် ဘာသာရေးနယ်မြေဖြစ်သဖြင့် သွားရောက်လည်ပတ်မည်ဆိုပါကဖိနပ်ချွတ်ထားရမည်ဖြစ်ပါသည်။ရွှံ့သည်အေးပြီးသင်၏ ခြေထောက် ကို အပူမလောင်နိုင်သဖြင့် စိုးရိမ်ရန်မလိုပါ။

လည်ပတ်ရန်နေရာများ

မန်းရွှေစက်တော်ဘုရား

မန်းရွှေစက်တော်ဘုရားသည် ဗုဒ္ဓ၏ ခြေတော်ရာ(၂)စုံကို ဌာပနာထားသော ဘုရားဖြစ်ပါသည်။ ခြေတော်ရာ(၂)စုံရှိပြီး အထက်စက်တော်ရာသည် တောင်ကုန်းပေါ်တွင်တည်ရှိပြီး အောက်စက်တော်ရာ သည် တောင်ခြေတွင် တည်ရှိသည်။ မန်းရွှေစက်တော်ဘုရားပွဲကို နှစ်စဉ် ဖေဖော်ဝါရီလမှ ဧပြီလအကြား ကျင်းပပြီး ထိုအချိန်သည် သွားရောက်လည်ပတ်ရန်အကောင်းဆုံးဖြစ်ပေသည်။

ကျောင်းတော်ရာဘုရား

ဘုရားကျောင်းဝန်းအတွင်း စန္ဒကူးပင်များ စိုက်ထားသောကြောင့် ဤဘုရားကို စန္ဒကူးဘုရားဟု လူသိများကြသည်။ ဒဏ္ဏာရီသမိုင်းကြောင်းအရ မြတ်စွာဘုရားသည် ဤဘုရားသို့ ကိုယ်တိုင် ကြွချီခဲ့ပြီး ရက်သတ္တပတ်(၁)ပတ် သီတင်းသုံးတော်မူခဲ့ကာ လူအများကို ဘဝနှင့် ဓမ္မအကြောင်း တရားဟော တော်မူခဲ့သည်ဟု သိရသည်။ ဤဘုရားသည် မုန်းမြစ်ကမ်းပေါ်တွင် တည်ရှိပြီး အမှတ်တရဖြစ်စေရန်  သွားရောက်လည်ပတ်သင့်သည်။

မကွေးမြို့

မကွေးမြို့သည် ၁၅ မိနစ်ခန့်သာ ဝေးသောနေရာတွင် တည်ရှိပြီး မြန်မာနိုင်ငံအလယ်ပိုင်းရှိ မကွေးတိုင်းဒေသကြီးတွင် အကြီးဆုံးမြို့ဖြစ်သည်။ မကွေးမြို့အတွင်း သွားရောက်လည်ပတ်ကြည့်ရှုရန် နေရာအများအပြားရှိပြီး ရုပ်စုံကျောင်း၊ ရွှေကူဘုရားနှင့် တန့်ကြည်တောင်ဘုရား၊ မင်းလှခံတပ်၊ ဗိဿနိုးမြို့ဟောင်းနှင့် သရက်ဂေါက်ကွင်းတို့သို့ သွားရောက်လည်ပတ်နိုင်ပါသည်။

မြသလွန်ဘုရား

မြသလွန်ဘုရားသည် မကွေးမြို့နယ်အတွင်း မြစ်ဘေးတွင်တည်ရှိသည်။ ဘုရားမှမြင်ရသော မြစ်၏ မြင်ကွင်းသည် ရင်သက်ရှုမောဖွယ်ရာကောင်းပေသည်။ ဒဏ္ဏာရီသမိုင်းကြောင်းအရ ဤဘုရားကို သူဌေးကြီး ဦးဘောဂျောနှင့် ဇနီးတို့မှ တည်ထားခဲ့သည်ဟု သိရသည်။ ၁၈၉၇ ခုနှစ်တွင် ငလျင်ကြောင့် ဘုရားတစ်ခုလုံး ပျက်စီးခဲ့ပြီး နောက်ပိုင်းတွင် ပြန်လည်တည်ထားခြင်းဖြစ်သည်။

Popular in Minbu

ဆက်သွယ်ရန်

ရုံးအမှတ် (၃၃), ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန, နေပြည်တော်မြို့, မြန်မာနိုင်ငံ

+၉၅ ၆၇ ၃၄၀ ၆၄၅၈,

+၉၅ ၆၇ ၃၄၀ ၆၂၄၇, +၉၅ ၆၇ ၃၄၀ ၆၁၂၉

© COPYRIGHT 2020. ALL RIGHTS RESERVED