Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 216

Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 240

Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 247

Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 248
မွန်ပြည်နယ် – Tourism Myanmar
Skip to content

မွန်ပြည်နယ်

စိတ်ဝင်စားဖွယ်ရာ အချက်များ

  • မွန်လူမျိုးများ၏ ပထမဆုံး အခြေချနေထိုင်မှုမှာ အေဒီ ၁၀၂၄ ခုနှစ်မှစတင်ခဲ့သည်ဟု ဖော်ပြထားရှိသည်။
  • မော်လမြိုင်ဟူသော အမည်၏ နောက်ကွယ်တွင် စိတ်ဝင်စားဖွယ် ဒဏ္ဍာရီတစ်ခုရှိပြီး ယင်းနှင့် ပတ်သက်၍ ဒေသခံများအား မေးမြန်းနိုင်သည်။
  • ကျိုက်ထီးရိုးဘုရားပွဲကျင်းပသော ဖေဖော်ဝါရီလသည် မွန်ပြည်နယ်သို့ သွားရောက်လည်ပတ်ရန် အကောင်းဆုံးအချိန်ဖြစ်ပေသည်။

မွန်ပြည်နယ်သည် အရှေ့ဘက်တွင် ကရင်ပြည်နယ်နှင့် အနောက်ဘက်ရှိ ကပ္ပလီပင်လယ်တို့ဖြင့် နယ်နိမိတ်သတ်မှတ်ထားသော မြန်မာနိုင်ငံတောင်ပိုင်းရှိ ပြည်နယ်တစ်ခု ဖြစ်သည်။ မွန်ပြည်နယ်၏ မြောက်ပိုင်းတွင် ပဲခူးဒေသတည်ရှိပြီး တောင်ဘက်အစွန်းဆုံးတွင် တနင်္သာရီတိုင်း တည်ရှိသည်။ မွန်ပြည်နယ်သည် မြန်မာနိုင်ငံ၏ အဓိကလူမျိုးစုဖြစ်သော မွန်လူမျိုးများ အခြေချနေထိုင်ကြသည်။

          မွန်ပြည်နယ်၏ ရာသီဥတုသည် တစ်နှစ်ပတ်လုံး အပူချိန်အတော်အသင့်ရှိသည့် အပူပိုင်း ရာသီဥတုဖြစ်သည်။ အဆိုပါ ဒေသသည် ဇူလိုင်လနှင့် ဩဂုတ်လတို့၌ မိုးသည်းထန်စွာ ရွာသွန်းပါသည်။ မြန်မာနိုင်ငံ၏ တတိယအကြီးဆုံးမြို့ဖြစ်သော မော်လမြိုင်မြို့သည် မွန်ပြည်နယ်၏ မြို့တော်ဖြစ်သည်။ မွန်ပြည်နယ်တွင် ကျယ်ပြန့်သော ကမ်းရိုးတန်းနှင့် ကမ်းခြေများစွာလည်း ရှိပါသည်။

သမိုင်းကြောင်း

မွန်ပြည်နယ်၏ သမိုင်းကြောင်းကို လေ့လာကြည့်ပါက ဘီစီ ၃၀၀ ခန့်ကပင် စတင် တည်ထောင် ခဲ့သည်ဟု ယူဆကြသည်။ မွန်ပြည်နယ်သည် အသောကမင်း၏ လက်ထက်ကပင် စာပေများတွင် ဖော်ပြထားသော သုဝဏ္ဏဘူမိ၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်ဟု သမိုင်းပညာရှင်များက ယုံကြည် ကြသည်။ ဤဒေသတွင်နေထိုင်သော လူများသည် ဘီစီ ၂ ရာစု နှင့် ၃ ရာစု ဝန်းကျင်တွင် အသောကမင်းထံမှ ဘုန်းကြီးများ မွန်ပြည်နယ်သို့ သွားရောက်ခဲ့ရာမှ ဗုဒ္ဓဘာသာနှင့် ဆက်နွယ်မှု ရှိခဲ့သည်။ ထို့ကြောင့် ဤဒေသ၏ယဉ်ကျေးမှုသည် အိန္ဒိယနှင့် မွန်ယဉ်ကျေးမှုတို့၏ ပေါင်းစပ်မှု တစ်ခုဖြစ်သည်။

ရောက်ရှိနိုင်မည့်နည်းလမ်း

အဓိကဆွဲဆောင်သည့်နေရာများ

မွန်ပြည်နယ်သည် ကမ္ဘာလှည့်ခရီးသည်များ စိတ်ဝင်စားသည့် နေရာများစွာကို ရရှိပိုင်ဆိုင်ထား ပါသည်။ ဘုရားများစွာရှိပြီး ကျိုက်ထီးရိုးဘုရားသည် နာမည်အကျော်ကြားဆုံးဖြစ်ပါသည်။ ရွှေရောင် ကျောက်တုံးသည် ချောက်ကမ်းပါးပေါ်တွင် တိကျစွာတည်ရှိနေပြီး နိုင်ငံအတွင်း ယုံကြည်အလေးစားဆုံး ဗုဒ္ဓဘာသာအထိမ်းအမှတ်များအနက် တစ်ခုဖြစ်ပါသည်။ ကမ္ဘာ့အကြီးဆုံးဖြစ်သော လျောင်းတော်မူ ဘုရားသည် ဝင်းစိန်တောရဘုရားတွင်တည်ရှိပြီး ကမ္ဘာလှည့်ခရီးသည်များအတွက် လည်ပတ်ရန်နေရာ တစ်ခုဖြစ်သည်။ ထို့အပြင် ကျိုက်ပေါလောဘုရားနှင့် ရွှေစာရံဘုရားတို့သည်လည်း သွားရောက် ဖူးမြှော်သင့်သည့် နေရာများဖြစ်သည်။ မွန်ပြည်နယ်၏ မြို့တော်ဖြစ်သော မော်လမြိုင်မြို့သည် ဗြိတိသျှအုပ်ချုပ်ချိန်အတွင်းက ရှေ့ပြေးမြို့တော်ဖြစ်ခဲ့ပြီး စူးစမ်းရှာဖွေရန်များစွာရှိသည့် စည်ကားသော မြို့တစ်မြို့ဖြစ်ပါသည်။ ကိုလိုနီခေတ်ဗိသုကာလက်ရာများနှင့် ဗုဒ္ဓဘာသာ ထွန်းကားသော မြို့တစ်မြို့ ဖြစ်ပြီး လက်ရှိတွင် မြန်မာနိုင်ငံ၏ အရေးပါသော ဆိပ်ကမ်းမြို့တစ်မြို့အဖြစ် တည်ရှိသည်။ စက်စဲ ကမ်းခြေသည် လှပ၍ အပန်းဖြေလည်ပတ်ရန်ကောင်းသော ကမ်းခြေတစ်ခုဖြစ်သည်။ နောက်ထပ် သွားရောက်လည်ပတ်သင့်သော နေရာတစ်ခုမှာ သမိုင်းဝင်နောက်ခံအကြောင်းအရာများ ပေါကြွယ်ဝ သည့် ရှေးဟောင်းမြို့တစ်မြို့ဖြစ်သော သထုံမြို့ပင် ဖြစ်ပါသည်။

လည်ပတ်ရန်နေရာများ

ဘုရားများသို့ သွားရောက်ဖူးမြှော်ခြင်း

မွန်ပြည်နယ်တွင် အလွန်တန်ခိုးကြီးသည့် ဘုရားများစွာရှိပေသည်။ ကျိုက်ထီးရိုးဘုရား သို့မဟုတ် ရွှေရောင်ကျောက်တုံးဘုရားသည် တန်ခိုးအကြီးဆုံးဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းမှ ဘုရားဖူးများ လာရောက်ဖူးမြှော်လျက်ရှိကြပါသည်။ အခြားတန်ခိုးကြီးများမှာ ကျိုက်‌ပေါလောဘုရား၊ ရွှေစာရံဘုရား၊ ဝင်းစိန်တောရဘုရားနှင့် ကျောက်တစ်လုံးတောင်ဘုရားတို့ဖြစ်ပါသည်။

မြို့များကို စူးစမ်းရှာဖွေခြင်း

မွန်ပြည်နယ်တွင် သွားရောက်လည်ပတ်သင့်သည့် မြို့များစွာရှိပါသည်။ ဗြိတိသျှလက်ထက်က မြို့တော်ဖြစ်ခဲ့သော မော်လမြိုင်မြို့သည် မြန်မာနိုင်ငံတွင် တတိယအကြီးဆုံးမြို့ဖြစ်ပါသည်။ အေဒီ ၈၇၅ တွင် တည်ထားခဲ့သော ကျိုက်သံလံဘုရားသည် မြို့၏ ထင်ရှားသော အထိမ်းအမှတ်တစ်ခု ဖြစ်ပါသည်။ နောက်ထပ်သွားရောက်လည်ပတ်သင့်သည့် သထုံမြို့သည် မြစ်နှစ်စင်းကြားတွင် တည်ရှိပြီး စိတ်ဝင်စားဖွယ်သမိုင်းကြောင်းနှင့်ပြည့်နေသော နန်းတော်အကြွင်းအကျန်များကို တွေ့မြင်နိုင်သည့် မြို့ဟောင်းတစ်ခုပင်ဖြစ်သည်။

ကမ်းခြေတွင် အပန်းဖြေအနားယူခြင်း

စက်စဲကမ်းခြေသည် မြန်မာနိုင်ငံ၏ အလှပဆုံးသောကမ်းခြေများအနက် တစ်ခုအပါအဝင်ဖြစ်ပြီး  မွန်ပြည်နယ်တွင် တည်ရှိသည်။ ယင်းသည် ဘင်္ဂလားပင်လယ်အော်ကို အပေါ်စီးမှကြည့်သကဲ့သို့ ကျယ်ဝန်းသော အညိုရောင်ကမ်းခြေတစ်ခုဖြစ်သည်။ မော်လမြိုင်မြို့မှ စက်စဲကမ်းခြေသို့ သွားရောက် မည်ဆိုပါက တစ်နာရီခွဲခန့် ကြာမြင့်သည်။ ကမ်းခြေသို့ နေ့ချင်းပြန်ခရီးဖြင့် သွားရောက်အပန်းဖြေ နိုင်သည်။

ကျွန်းများသို့ သွားရောက်လည်ပတ်ခြင်း

ကျယ်ပြန့်သော ကမ်းရိုးတန်းရှိသောကြောင့် မွန်ပြည်နယ်သည် ကမ်းခြေများသာမက ကျွန်း အများအပြားကိုလည်း မြင်တွေ့နိုင်သည်။ ထိုကျွန်းများသို့ လှေငှား၍ သွားရောက်လည်ပတ်နိုင်သည်။ ဘီလူးကျွန်းသည် မွန်ယဉ်ကျေးမှု၏ ဗဟိုအချက်အချာတစ်ခုဖြစ်ပြီး လည်ပတ်ရန် အဓိကနေရာများ ထဲမှ တစ်ခုဖြစ်သည်။ မွန်လူမျိုးများ နေထိုင်ကြသည့် ရွာပေါင်း ၆ဝ ခန့်ရှိပါသည်။ မော်လမြိုင်မြို့ နှင့်နီးသော အခြားသွားရောက်လည်ပတ်သင့်သည့်နေရာတစ်ခုမှာ ခေါင်းဆေးကျွန်းဖြစ်ပြီး ယင်းကျွန်း သည် နေ့တစ်နေ့ကိုအကောင်းဆုံး ဖြတ်သန်းရန် နေရာကောင်းတစ်ခုဖြစ်သည်။

Popular in Mon State

ဆက်သွယ်ရန်

ရုံးအမှတ် (၃၃), ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန, နေပြည်တော်မြို့, မြန်မာနိုင်ငံ

+၉၅ ၆၇ ၃၄၀ ၆၄၅၈,

+၉၅ ၆၇ ၃၄၀ ၆၂၄၇, +၉၅ ၆၇ ၃၄၀ ၆၁၂၉

© COPYRIGHT 2020. ALL RIGHTS RESERVED