Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 216

Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 240

Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 247

Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 248
အင်းတော်ကြီးအိုင် – Tourism Myanmar
Skip to content

အင်းတော်ကြီးအိုင်

စိတ်ဝင်စားဖွယ် အချက်များ

  • အင်းတော်ကြီးအိုင်သည် မြန်မာနိုင်ငံတွင် အကြီးဆုံးဖြစ်ပြီး အရှေ့တောင်အာရှတွင် ရှိသော အကြီးဆုံးများထဲမှ တစ်ခုဖြစ်သည်။
  • မြန်မာနိုင်ငံ၏ တစ်ခုတည်းသော ယူနက်စကိုအသိအမှတ်ပြု ဇီဝအဝန်းနယ်မြေ ဖြစ်သော အင်းတော်ကြီး သဘာဝဘေးမဲ့တော တည်ရှိရာနေရာလည်းဖြစ်သည်။
  • အင်းတော်ကြီးအိုင်အနီးတွင် ကချင်နှင့်ရှမ်းလူမျိုးများအခြေချနေထိုင်သော ရွာပေါင်း ၂၀ ရှိသည်။

အင်းတော်ကြီးအိုင်သည် ဝေးလံသောနေရာတွင်တည်ရှိသော်လည်း သဘာဝကို ကြိုက်နှစ်သက်သူများ မကြာခဏသွားရောက်လည်ပတ်လေ့ရှိပြီး မြန်မာနိုင်ငံတွင် ထင်ရှား သောနေရာတစ်ခုဖြစ်သည်။ အနီးနားပတ်ဝန်းကျင်ရှိငှက်များနှင့် အခြားသောတိရစ္ဆာန်များ စုဝေးနေထိုင်ကျက်စားသောကြောင့် သာယာသော အင်းတော်ကြီးအိုင်ကို ယူနက်စကို ဇီဝ အဝန်းနယ်မြေ သဘာဝဘေးမဲ့တောအဖြစ် သတ်မှတ်ထားသည်။

အင်းတော်ကြီးအိုင်သည် အနားယူရန်နှင့် ဒေသခံများ၏ ကျေးလက်လူနေမှုဘဝကို ခံစားရန် ကောင်းမွန်သော နေရာတစ်ခုဖြစ်ပါသည်။ ကန်ပတ်လည်တွင် လေ့လာနိုင်သော အရာများစွာရှိပြီး အဓိကမှာ အနီးနားရှိကျေးရွာများသို့ လည်ပတ်ခြင်းနှင့် ဒေသခံလူမျိုးများ နှင့်ထိတွေ့နိုင်ခြင်းဖြစ်သည်။

သွားလာလည်ပတ်ရန် အကောင်းဆုံးအချိန်

အောက်တိုဘာလနှင့် ဒီဇင်ဘာအတွင်းတွင် အင်းတော်ကြီးအိုင်ကို သွားရောက် လည်ပတ်ရန် အကောင်းဆုံးအချိန်ဖြစ်ပြီး ယင်းအချိန်တွင် ရာသီဥတုမှာကောင်းမွန်၍ အေးမြ သည်။ အဆိုပါ မြင်ကွင်းသည် ဇန်နဝါရီလ နောက်ပိုင်းတွင် တဖြည်းဖြည်း ပြောင်းလဲ သွားသည်။ ဇန်နဝါရီလတွင် ဆောင်းခိုငှက်များ အင်းတော်ကြီးအိုင်သို့ ရောက်ရှိသည့် ရာသီလည်းဖြစ်သည်။ မတ်လ၏ လပြည့်နေ့တွင် အင်းတော်ကြီးဘုရားပွဲကိုကျင်းပသည်။

သွားရောက်လည်ပတ်နိုင်သော နည်းလမ်းများ

ခရီးသွားဧည့်သည်များအား ဆွဲဆောင်နိုင်သည့် နေရာများ

အင်းတော်ကြီးအိုင်တွင် အပန်းဖြေအနားယူခြင်း၊ လမ်းလျှောက်ခြင်းနှင့် သဘာဝ အလှအပရှုခင်းများအား ကြည့်ရှုခံစားနိုင်ပါသည်။ အင်းတော်ကြီးအိုင်သည် ဒေသခံကျေးရွာ များနှင့် ထိစပ်လျက်ရှိပြီး ထင်ရှားသောကျေးရွာများမှာ နန့်ပတဲရွာ၊ နမ့်မီးလောင်ရွာနှင့် လွယ်မွန်ရွာများဖြစ်ကြပါသည်။ ၎င်းကျေးရွာများတွင် ဒေသခံများ၏ ရင်းနှီးဖော်ရွေ မှုများ ကို တွေ့မြင်နိုင်ပြီး မြန်မာ့သဘာဝကျေးလက် လူနေမှုဘဝကို သိရှိခံစားနိုင်မည်ဖြစ်ပါသည်။

          ရွှေမဉ္ဇူဘုရားသည် အင်းတော်ကြီးအိုင်အလယ်တွင်တည်ရှိသော ရေပေါ်ဘုရားဖြစ်ပြီး အထူးသဖြင့် နေဝင်ချိန်၌ ရေပေါ်တွင် ရောင်ပြန်ဟပ်လျက် ကြည်ညိုဖွယ်ရာကောင်းလှ ပါသည်။ တောင်တန်းများ၏ မြောက်ဘက်တွင် စေတီပုထိုးများစွာရှိသည့် ရွှေတောင်ဟု လူသိများသော ရွှေတောင်တန်း တည်ရှိပါသည်။ ရွှေမဉ္ဇူရေလယ်ဘုရားသို့ လှေဖြင့်တစ်ဆင့် သွားရောက်ရသည်မှာလည်း ပျော်ရွှင်ဖွယ် ကောင်းလှပါသည်။

          ကန်၏ ပတ်ဝန်းကျင်ရှိကျေးရွာများနှင့် မြို့များမှဈေးဆိုင်များတွင် ကချင်လွယ်အိတ် များ၊ ရိုးရာလက်ဝတ်ရတနာများ၊ လက်မှုအသုံးအဆောင်များနှင့် ကချင်ရိုးရာရက်ကန်းထည် များကို ဝယ်ယူနိုင်ပြီး ရိုးရာအစားအစာများမှ နိုင်ငံတကာအစားအစာများအထိ စားသောက် ဖွယ်ရာ အမျိုးမျိုးတို့ကို သုံးဆောင် နိုင်ပါသည်။

လုပ်ဆောင်နိုင်သော အရာများ

တောင်တက်ခြင်း

အင်းတော်ကြီးအိုင်၏ ပတ်ဝန်းကျင်သည် စိမ်းလမ်းစိုပြည်လျက်ရှိပြီး သစ်တောများ အတွင်းရှိ တောင်တက်လမ်းကြောင်းများစွာမှ ဘေးမဲ့တောများကို သွားရောက်နိုင်မည်ဖြစ်ပါ သည်။ အဆိုပါ တောင်တက်လမ်းကြောင်းအများစုသည် အရှေ့တောင်အရပ်နှင့် အရှေ့အရပ် တွင်ရှိသော တောင်တန်းများတွင်ရှိပါသည်။ တောင်တက်ခြင်းဖြင့် တောရိုင်းတိရစ္ဆာန်အချို့ နှင့်ရှားပါးငှက်မျိုးစိတ်များကိုတွေ့ရှိနိုင်ပြီး အပန်းဖြေအနားယူရန် နည်းလမ်းကောင်းတစ်ခု လည်းဖြစ်ပါသည်။

လှေလှော်ခြင်း

အင်းတော်ကြီးကန်ရေပြင်တွင် လှေလှော်ခြင်းသည် ပျော်ရွှင်ဖွယ်ကောင်းသော နည်းလမ်းဖြစ်ပါ သည်။ ကြည်လင်သော ကန်ရေပြင်၌ ရေဆော့ကစားနိုင်ပြီး ငါးများလည်း ကြည့်ရှုနိုင်ပါသည်။ ရွှေမဉ္ဇူရေလယ်ဘုရားသို့ လှေဖြင့်သွားရောက်ခြင်းသည် ပျော်ရွှင်ဖွယ် ကောင်းပြီး ကန်တစ်လျှာက်တွင်ရှိသော ကျေးရွာများကိုလည်း လေ့လာနိုင်ပါသည်။

ငါးဖမ်းခြင်း

ကန်ရေပြင်တွင် ငါးများ၊ ဂဏန်းနှင့် ပုစွန်ကဲ့သို့သော အခြားရေနေသတ္တဝါများကို အစုလိုက်အပြုံလိုက်တွေ့ရှိနိုင်သဖြင့် လှေငှား၍ငါးဖမ်းခြင်းကို ပြုလုပ်နိုင်ပါသည်။ ၎င်းသည် အပန်းဖြေအနားယူရန်နှင့် သဘာဝပတ်ဝန်းကျင်ကို ကြည့်ရှုခံစားနိုင်သည့် နည်းလမ်းကောင်း တစ်ခုဖြစ်ပါသည်။

ငှက်ကြည့်ခြင်း

အင်းတော်ကြီးပတ်ဝန်းကျင်တွင် UNESCO အသိအမှတ်ပြု ဇီဝအဝန်းအဝိုင်းနယ်မြေ (Bosphere Reserve) ရှိ သစ်တောများသည် အရောင်အသွေးစုံလင်သော ငှက်မျိုးစိတ်ပေါင်း များစွာတို့၏ စုဝေးရာနေရာဖြစ်ပါသည်။ အင်းတော်ကြီးကန်သည် ရွှေ့ပြောင်းငှက်များအတွက် နားခိုရာနေရာဖြစ်ပြီး ဒီဇင်ဘာလမှ မတ်လအတွင်းသွားရောက်လည်ပတ်ပါက ငှက်ကြည့်ရန် အကောင်းဆုံးအချိန်ဖြစ်ပြီး ရှားပါးငှက်မျိုးစိတ်များကိုလည်း မှတ်တမ်းအချို့ရယူနိုင်မည် ဖြစ်ပါသည်။

Popular Hotels in Kachin

ဆက်သွယ်ရန်

ရုံးအမှတ် (၃၃), ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန, နေပြည်တော်မြို့, မြန်မာနိုင်ငံ

+၉၅ ၆၇ ၃၄၀ ၆၄၅၈,

+၉၅ ၆၇ ၃၄၀ ၆၂၄၇, +၉၅ ၆၇ ၃၄၀ ၆၁၂၉

© COPYRIGHT 2020. ALL RIGHTS RESERVED