Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 216

Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 240

Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 247

Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 248
ဧရာဝတီတိုင်းဒေသကြီး – Tourism Myanmar
Skip to content

ဧရာဝတီတိုင်းဒေသကြီး

စိတ်ဝင်စားဖွယ်အချက်များ

  • ဧရာဝတီတိုင်းဒေသကြီးသည် မြန်မာနိုင်ငံ၏ အဓိက ဆန်စပါးထုတ်လုပ်သောဒေသ ဖြစ်ပြီး ယနေ့အချိန်အထိ ၎င်းဂုဏ်ပုဒ်ကို ထိန်းသိမ်းထားဆဲဖြစ်သည်။
  • ဧရာဝတီတိုင်းဒေသကြီးသည် လူဦးရေ ၆ သန်းကျော်ရှိသည့် လူဦးရေထူထပ်သော ဒေသ ဖြစ်သည်။
  • ဧရာဝတီတိုင်းဒေသကြီး၏ မြို့တော်သည် ပုသိမ်မြို့ဖြစ်သည်။
ဧရာဝတီတိုင်းဒေသကြီးတွင်ရှိသော ဒေသများ ဧရာဝတီတိုင်းဒေသကြီးသည် မြို့နယ် ၂၆ မြို့နယ်ဖြင့် ဖွဲ့စည်းထားပြီး ရေကန်၊ ရေအိုင်များစွာရှိသော မြစ်ဝကျွန်းပေါ်ဒေသဖြစ်သည်။ ဧရာဝတီမြစ်မှ ခွဲဖြာစီးဆင်းလာသော မြစ်များမှာ ငဝန်မြစ်၊ ပုသိမ်မြစ်နှင့် တိုးမြစ်တို့ဖြစ်သည်။ ဧရာဝတီတိုင်းဒေသကြီးသည် ဧရိယာအားဖြင့် ၃၅,၁၄၀ စတုရန်း ကီလိုမီတာ ကျယ်ဝန်းပြီး ဗမာလူမျိုးနှင့် ကရင်လူမျိုးများ အများစုနေထိုင်သော ဒေသဖြစ်သည်။

သွားလာလည်ပတ်ရန် အကောင်းဆုံးအချိန်

သွားလာလည်ပတ်ရန် အကောင်းဆုံးအချိန်သည် မပူလွန်း၊ မအေးလွန်းသောကာလ ဖြစ်သည့် နိုဝင်ဘာလမှဖေဖော်ဝါရီလအထိဖြစ်ပြီး ခြေလျင်ခရီးသွားလာခြင်းများ ပြုလုပ် နိုင်ပါသည်။ ဇူလိုင်လမှ စက်တင်ဘာလအတွင်း သွားရောက်လည်ပတ်ပါက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီး၊ ရေလျှံမှုများ ဖြစ်ပေါ်ပြီး လမ်းများပိတ်နိုင်သည်။

သွားလာလည်ပတ်နိုင်သော နည်းလမ်းများ

ခရီးသွားဧည့်သည်များအား ဆွဲဆောင်နိုင်သည့် နေရာများ

မြန်မာ့တဆန်အိုးကြီးဟု လူသိများသော ဧရာဝတီတိုင်းဒေသကြီး၏ ထင်ရှားသော အရာများကို သမိုင်းဝင်မြို့များဖြစ်ကြသည့် ပုသိမ်မြို့နှင့် ပဲခူးမြို့များရှိ ရှေးဟောင်းဘုရား စေတီပုထိုးများနှင့် ဘုန်းကြီးကျောင်းများတွင် တွေ့ရှိနိုင်ပါသည်။ အနောက်ဘက်ရှိ ထင်ရှားသော ခရီးစဉ်ဒေသများဖြစ်သည့် ချောင်သာကမ်းခြေနှင့် ငွေဆောင်ကမ်းခြေ တို့သည် ပြည်တွင်းခရီးသွားများ နှစ်ရှည်လများ ကြိုက်နှစ်သက်ခဲ့သော ခရီးစဉ်ဒေသများ ဖြစ်ပြီး ကမ်းခြေတွင် အပျော်ခရီးထွက်လိုသူများအတွက် ဆွဲဆောင်မှုရှိသောပင်လယ်ကမ်းခြေများ ဖြစ်ကြသည်။

လုပ်ဆောင်နိုင်သော အရာများ

ယဉ်ကျေးမှု

ယခင်က ဧရာဝတီတိုင်းဒေသကြီး၏ မြို့တော်ဖြစ်သော ပဲခူးတွင် ရှေးဟောင်း ဘာသာရေးဆိုင်ရာ အဆောက်အဦများဖြစ်သော ဘုရားစေတီပုထိုးများ များစွာရှိပါသည်။ ပဲခူးတွင် မတ်လ (သို့မဟုတ်) ဧပြီလတွင် နှစ်စဉ်ကျင်းပလေ့ရှိသော ပဲခူးဘုရားပွဲတော် ရှိသည်။ ပုသိမ်တွင် မြစ်ဝကျွန်းပေါ်မှ သွားရောက်လေ့လာနိုင်သော ဗိသုကာလက်ရာ အကြွင်းအကျန် များလည်းရှိသည်။

သားငှက်တိရစ္ဆာန်များကို လေ့လာခြင်း

ဆောင်းခိုငှက်များကို ကြည့်ရှုနိုင်ရန် ပဲခူးမြို့၏ မြောက်အရပ်တွင်ရှိသော မိုးယွန်းကြီး သဘာဝဘေးမဲ့တောသို့ သွားရောက်လည်ပတ်နိုင်ပါသည်။ ၎င်းထူးခြားသောငှက်များကို ကြည့်ရှုရန်အကောင်းဆုံးအချိန်မှာ ဒီဇင်ဘာလမှ ဖေဖော်ဝါရီလအတွင်းဖြစ်သည်။ နောက်ဆုံး စစ်တမ်းတွင် ဗျိုင်းငှက်မျိုးစိပ်များ၊ တင်ကျီးနှင့် တောငန်းများအပါအဝင် အခြားမျိုးစိပ်ပေါင်း ၁၂၅ မျိုးရှိသည်ကို ဖော်ပြထားသည်။

ကမ်းခြေသို့ ခရီးထွက်ခြင်း

လူသူပေါများသော ပတ်ဝန်းကျင်နှင့်ထိတွေ့လိုပါက ချောင်းသာသို့သွားရောက်နိုင်ပြီး ကြည်လင်သန့်ရှင်းသည့် ပင်လယ်ရေနှင့် အဆင့်မြင့်အပန်းဖြေစခန်းများရှိရာသို့ သွားရောက် လိုပါက မြောက်ဘက်ရှိ ငွေဆောင်သို့ သွားရောက်နိုင်ပါသည်။ အကယ်၍ သင်သည် ငွေကြေးချွေတာသော ခရီးသွားတစ်ဦးဖြစ်ပါက တောင်ဘက်ခြမ်းတွင် ဈေးသက်သက်သာ သောတည်းခိုခန်းများရှိပြီး Backpacker များအတွက်လည်း တည်းခိုရန်နေရာများရှိသည်။

ကျေးရွာများသို့ သွားရောက်လည်ပတ်ခြင်း

ယဉ်ကျေးမှုများကို စူးစမ်းလေ့လာလိုပြီး ဒေသခံပြည်သူများနှင့် အပြန်အလှန် ရင်းနှီးစွာဆက်ဆံလိုပါက ပုသိမ်တွင်ရှိသောကျေးရွာများသို့ သွားရောက်လည်ပတ်ရန် အကောင်းဆုံးဖြစ်ပြီး ၎င်းဒေသများတွင် ဗမာလူမျိုးများနှင့် ကရင်လူမျိုးများ အများဆုံး နေထိုင်ကြပါသည်။

Popular in Ayeyarwaddy Region

ဆက်သွယ်ရန်

ရုံးအမှတ် (၃၃), ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန, နေပြည်တော်မြို့, မြန်မာနိုင်ငံ

+၉၅ ၆၇ ၃၄၀ ၆၄၅၈,

+၉၅ ၆၇ ၃၄၀ ၆၂၄၇, +၉၅ ၆၇ ၃၄၀ ၆၁၂၉

© COPYRIGHT 2020. ALL RIGHTS RESERVED