Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 216

Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 240

Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 247

Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 248
အင်းလေးကန် – Tourism Myanmar
Skip to content

အင်းလေးကန်

အရေးကြီးသော အကြောင်းအရာ

ဝတ်ဆင်ရမည့်အနေအထား။ အင်းလေးကန်ပတ်ဝန်းကျင်တစ်လျှောက် ခြေဦးတည့်ရာ လည်ပတ်သွားလာရာတွင် သီးခြားသတ်မှတ်ထားသည့် အဝတ်အစားမရှိပါ။ ခြေညှပ်ဖိနပ်၊ ဖိနပ်အပါးကဲ့သို့ သက်သောင့်သက်သာဖြစ်စေမည့် ဖိနပ်ကို ဝတ်ဆင်သင့်ပါသည်။ ဘုရားပရိဝုဏ်အတွင်း လည်ပတ်ရာတွင် ဖိနပ်ကို ချွတ်ပြီးမှ ဝင်ရပါသည်။ ဝင်ကြေးမှာ အမေရိကန် (၃)ဒေါ်လာဖြစ်ပြီး နေရောင်ပူသောကြောင့် နေလောင်ကာကွယ်သောခရင်မ်ကို ဆောင်သင့်ပါသည်။

သွားရောက်နိုင်သည့်နည်းလမ်း

အင်းလေးကန်ကိုရောက်ဖို့ အလွယ်ဆုံးနည်းလမ်းကတော့ ပြည်တွင်း လေကြောင်းခရီးပဲ ဖြစ်ပါတယ်။ အနီးဆုံးလေဆိပ်သည် ဟဲဟိုးလေဆိပ်ဖြစ်ပြီး တစ်နာရီခန့် ကားမောင်းရသည်။ လေဆိပ်ကနေ တက္ကစီစီးလို့ရတယ်။ ခရီးစရိတ် ကျပ် ၃၀၀၀၀ ကုန်ကျမည်ဖြစ်ပါသည်။

သမိုင်းကြောင်း

အင်းလေးကန်သည် ခရီးသွားဧည့်သည်များ မဖြစ်မနေသွားရောက်လည်ပတ်ရမည့်စာရင်းတွင် ပါဝင်သည်။ ပင်လယ်ရေမျက်နှာပြင်အထက် ၉၀၀ မီတာတွင် တည်ရှိပြီး ၂၂ ကီလိုမီတာ အရှည်၊ ၁၀ ကီလိုမီတာအကျယ်ရှိပါသည်။ အင်းလေးကန်အလှအား တကယ့်မျက်မြင်ကြုံတွေ့ရသည့်အချိန်တွင် ဧည့်သည်များအနေဖြင့် အံ့ဩမှင်သက်ဖြစ်ရသည်။ အင်းလေးကန်တွင် နေထိုင်ကြသည့် တိုင်းရင်းသားပေါင်းစုံများအနေဖြင့် ၎င်းတို့ ဘဝဖြတ်သန်းပုံကို လေ့လာနိုင်သည်။ ဒေသခံများ စိုက်ပျိုးထားသည့် ရေပေါ်သီးနှံဥယျာဉ်များနှင့် ၎င်းတို့ ထုတ်ကုန်များကို လှေပေါ်တွင် ရောင်းချလေ့ရှိသည်။ ဖောင်တော်ဦးဘုရားသည် အင်းလေးကန်တွင်တည်ရှိပြီး နှစ်စဉ်ပွဲတော်တွင် လူအများ လာရောက်ဖူးမြှော်လေ့ရှိသည်။ ကျေးရွာသူ/သားများသည် ရွာတစ်လျှောက် ဗုဒ္ဓရုပ်တုငယ်များကို လှည့်လည်အပူဇော်ခံရင်း ပွဲတော်ကို ဆင်နွှဲလေ့ရှိသည်။ မြန်မာနိုင်ငံ၏ ထိုနေရာမှာပင် မြင်တွေ့နိုင်သည့် ခြေတစ်ဖက်တည်းနှင့် လှေလှော်သည်ကို အံ့ဩဖွယ်ရာ ဖြစ်စေသည်။ မြန်မာ့ယဉ်ကျေးမှုနှင့် အကောင်းဆုံးအတွေ့အကြုံများကို အင်းလေးကန်မှ ကမ်းလှမ်းလျက်ရှိသည်။

လည်ပတ်ရန်အကောင်းဆုံးအချိန်

နိုဝင်ဘာလမှ ဒီဇင်ဘာလသည် လည်ပတ်ရန်အကောင်းဆုံးအချိန်ဖြစ်သည်။ ရာသီဥတုမှာ နွေးထွေးခြောက်သွေ့နေပြီး ဖောင်တော်ဦးပွဲတော်ကို စက်တင်ဘာလမှ အောက်တိုဘာလအထိ ကျင်းပသောကြောင့် ထိုအချိန်တွင် သွားရောက်လည်ပတ်နိုင်သည်။

PHOTO GALLERY

Video

ဆက်သွယ်ရန်

ရုံးအမှတ် (၃၃), ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန, နေပြည်တော်မြို့, မြန်မာနိုင်ငံ

+၉၅ ၆၇ ၃၄၀ ၆၄၅၈,

+၉၅ ၆၇ ၃၄၀ ၆၂၄၇, +၉၅ ၆၇ ၃၄၀ ၆၁၂၉

© COPYRIGHT 2020. ALL RIGHTS RESERVED