အရေးပါသောအကြောင်းအရာများ
သွားရောက်လည်ပတ်နိုင်သည့်အချိန် နံနက် (၈) နာရီမှ ညနေ(၆)နာရီ ထိဖြစ်သည်။ ဝင်ကြေး (၁၀၀၀)ကျပ် (သို့) ၅ ဒေါ်လာ ဖြစ်ပြီး အကြံပြုလိုသည်မှာ နံနက်(၈)နာရီတွင် သွားပြီး (၁၁)နာရီတွင် ပြန်ပါက နေပူခြင်းနှင့်လူရှုပ်ခြင်းမှ ရှောင်ကျဉ်နိုင်သည်။
ရောက်ရှိနိုင်မည့်နည်းလမ်း
မန္တလေးမြို့တွင်းမှ ကားဖြင့် နာရီဝက်အကြာတွင်ရောက်ရှိနိုင်ပြီး မန္တလေးတောင်အပေါက်ဝတွင် ပုဂ္ဂလိက အငှားယာဉ်များကို အလွယ်တကူငှားရမ်းနိုင်သည်။တောင်ပေါ်သို့တက်နိုင်မည့် စက်လှေကား၊ ဓာတ်လှေကားများလည်းရှိသည်။
သမိုင်းကြောင်း
မန္တလေးမြို့သို့ သွားရောက်လည်ပတ်ပါက မန္တလေးတောင်သို့ မဖြစ်မနေသွားရောက် လည်ပတ် သင့်သည်။ ပထမဆုံးသင့်စိတ်အားဆွဲဆောင်မည့်တောပေါ်တက်သည့် လှေကားဘေးတွင် အစောင့် သဖွယ် ခြင်္သေ့(၂)ကောင်ရုပ်တုကို တွေ့မြင်ရမည်ဖြစ်သည်။ပင်လယ်ရေမျက်နှာပြင်အထက် (၂၃၀)မီတာတွင်ရှိပြီး မန္တလေး မြို့တစ်မြို့လုံးမြင်ကွင်းကို ကြည့်ရှုနိုင်မည်ဖြစ်သည်။နေဝင်နေထွက်ကို ကောင်းစွာ မြင်တွေ့နိုင်မည့်နေရာလည်းဖြစ်သည်။အချို့နိုင်ငံခြားသားများသည် ဖိနပ်မပါဘဲ လှေကား မှတက်ရင်း သဘာဝအလှအပများကို ခံစားကြည့်ရှုလေ့ရှိသည်။
အရောင်အသွေးစုံလင်စွာဖြင့် လာရောက်ကြသည့်ဘုရားဖူးများကို လေ့လာရန်ကိုလည်း အကြံပြုလို ပါသည်။တောင်ပေါ်မှနေ၍ မန္တလေးမြို့၏ အထင်ကရများဖြစ်သည့် မြနန်းစံကျော် ရွှေနန်းတော်၊ကုသိုလ်တော်ဘုရား၊ကျင်း(၁၈)ကျင်းပါသည့်ရွှေမန်းတော်ဂေါက် ကွင်းစသည်ဖြင့် ရင်သပ်ရှု မောဖွယ်မြင်ကွင်းများကို တွေ့မြင်နိုင်သည်။ တောင်ခြေတွင် အစားအစာများရောင်းသည့်လမ်းဘေး ဈေးသည်များကို တွေ့မြင်နိုင်သည်။
သွားရောက်လည်ပတ်ရန်အကောင်းဆုံးအချိန်
မြင်ကွင်းများကြည့်ရှုနိုင်ရန် ညနေပိုင်း နေမဝင်ခင်တွင် သွားရောက်လည်ပတ်သင့်ပြီး လှပသော မြင်ကွင်းများတွေ့မြင်နိုင်သည့် အောက်တိုဘာလမှ မတ်လအတွင်းသွားရောက်လည်ပတ်နိုင်သည်။