Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 216

Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 240

Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 247

Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 248
အာနန္ဒာဂူဘုရား – Tourism Myanmar
Skip to content

ပုဂံမြို့

အာနန္ဒာဂူဘုရား

သတိပြုရမည့်အချက်

လည်ပတ်ခွင့်ပြုချိန် – နံနက် ၈:၀၀ မှ ၅:၀၀ နာရီထိ။

ဝင်ကြေး – အာနန္ဒာဂူဘုရားဝင်ကြေးသည်ပုဂံဇုန်ဝင်ကြေး (အမေရိကန်ဒေါ်လာ၂၀)တွင် ထည့်သွင်း ကောက်ခံထားပြီး ဖြစ်ပါသည်။

ကြိုတင်သိထားသင့်သည့်အချက် – အာနန္ဒဂူဘုရားသို့ လည်ပတ်ရာတွင် သက်သောင့်သက်သာ ဖြစ်စေ မည့်ဖိနပ်မျိုး စီးရန်လိုအပ်ပါသည်။ သောက်သုံးရေ လုံလုံ လောက်လောက် သယ်ဆောင် သွားရန်နှင့်နေလောင်ခံ ခရင်မ် လိမ်းသွားရန် မမေ့ပါနှင့်။

သွားရောက်နိုင်သည့်နည်းလမ်း

အာနန္ဒာဂူဘုရားသည် ပုဂံမြို့၏ အဓိကအချက်အချာကျသည့်နေရာတွင် တည်ရှိသောကြောင့် လွယ်လင့်တကူ သွားရောက်ဖူးမြှော်နိုင်ပြီး အုတ်နီရောင်နှင့် ရွှေရောင်လွှမ်းနေသည့် ဖူးမြှော်နိုင်မည် ဖြစ်ပါသည်။

သမိုင်းကြောင်း

အာနန္ဒာဂူဘုရားကို ပုဂံခေတ် ကျန်စစ်သားမင်းကြီး လက်ထက် အေဒီ ၁၁၀၅ ခုနှစ်တွင် တည်ထားကိုးကွယ်ခဲ့ပြီး ဘုရား၏ဂုဏ်အရှိန်ဝါကြီးမား ကျော်စောခဲ့ပါသည်။ အံ့ဩရှုမောဖွယ် အနုပညာလက်ရာများကြောင့် လည်း အနုမှာအာနန္ဒာဟုပင် ပြောစမှတ်ပြုကြရသည်။ ဂူဘုရားကြီးကို တည်ဆောက်ထားပုံမှာ ပင်မအဆောက်အုံမှ အရပ်လေးမျက်နှာသို့ ကြက်ခြေခတ်ပုံစံ အာရုံခံမုခ် လေးခုကို  အထက်ပစ္စယံအဆင့်ထိ စေတီငယ်တစ်ဆူစီဖြင့် တည်ထားခြင်းဖြစ် ပါသည်။ ထိုစေတီငယ် များတွင် စေတီပုထိုးများ၏ အင်္ဂါရပ်တစ်ခုဖြစ်သော ထီးတော်တင်၍ ပူဇော်ထားပါသည်။ ဂူဘုရား အတွင်း၌ အရပ်လေးမျက်နှာသို့ မျက်နှာမူထားသော ရပ်တော်မူဘုရားလေးဆူတည်ထားပြီး ၅၅၀ ဇာတ်နိပါတ်တော်များဖြင့် ထွင်းထုထားသော စဉ့််ကွင်းများ၊ ပန်းတမော့များဖြင့် ဆင်ယင်ထားပါသည်။ ထို့အပြင် ဂူဘုရား၏ အတွင်းပိုင်းနှင့် အပြင်ပိုင်းတွင် ကျောက်ဆင်းတုတော်များကို ထည့်သွင်း တည်ဆောက် ထားပြီး မှတ်တမ်းများအရ အတွင်းပိုင်းတွင် ဆင်းတုတော်ပေါင်း ၁၅၀၀ခန့် ရှိသည်ဟု သိရှိရပါသည်။ အတွင်းဘက် ဝတ်ပြုဆောင်ရှိ နံရံများတွင် သမိုင်းဝင် နံရံဆေးရေးပန်းချီများစွာ ကိုလည်း တွေ့မြင်လေ့လာနိုင်ပါသည်။ ဂူဘုရားကြီးတွင် ပုဂံခေတ်၏ သမိုင်းကြောင်းရာဇဝင် များနှင့် ထိုခေတ်၏ အနုသုခုမလက်ရာများကို သမိုင်းဝင် ပြတိုက်သဖွယ် လေ့လာကြည့်ရှု နိုင်ပါသည်။

လာရောက်လည်ပတ်ရန်အကောင်းဆုံးအချိန်

သမိုင်းဝင်အကြောင်းအရာများကို မိမိနှစ်သက်ရာ အချိန်တွင် သွားရောက် လေ့လာနိုင်သော်လည်း  နှစ်စဉ်ဒီဇင်ဘာလမှ ဇန်နဝါရိလအတွင်း အာနန္ဒာဂူဘုရားကြီးတွင် ကျင်းပသည့် ဘုရားပွဲ ကာလတွင် သွားရောက်ဖူးမျှော်လည်ပတ်စေလိုပါသည်။ ထိုကာလသည် ဘုရားပွဲတော်ကာလ ဖြစ်သည့်အတွက် အာနန္ဒာဘုရားသို့ သွားရောက်ဖူးမြှော်ရန် အသင့်တော်ဆုံးအချိန်ဖြစ်ပါသည်။

PHOTO GALLERY

Video

ဆက်သွယ်ရန်

ရုံးအမှတ် (၃၃), ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန, နေပြည်တော်မြို့, မြန်မာနိုင်ငံ

+၉၅ ၆၇ ၃၄၀ ၆၄၅၈,

+၉၅ ၆၇ ၃၄၀ ၆၂၄၇, +၉၅ ၆၇ ၃၄၀ ၆၁၂၉

© COPYRIGHT 2020. ALL RIGHTS RESERVED