အရေးကြီးသောအချက်အလက်များ
လည်ပတ်ချိန် : စနေနေ့မှ ကြာသာပတေးနေ့၊ မနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ
ဝင်ကြေး : အခမဲ့
လမ်းညွှန်
နေပြည်တော်၊ အလယ်ခေါင်တွင်တည်ရှိပြီး ပြတိုက်သို့ တက္ကစီဖြင့် သွားရောက်လည်ပတ်နိုင် ပါသည်။
သမိုင်းကြောင်း
စစ်သမိုင်းပြတိုက်သည် ၂၄၄.၃ ဟက်တာကျယ်ဝန်းသော မြေပေါ်တွင် တည်ဆောက်ထား ပြီး ကြည်းတပ်အတွက် ပြခန်း ၆ ခု၊ ရေတပ်အတွက် ပြခန်း ၃ ခု၊ လေတပ်အတွက် ပြခန်း ၃ ခုနှင့် တပ် ၃ တပ်အတွက် နားနေခန်းတစ်ခုစီ ပါဝင်ပါသည်။
ဤပြတိုက်တွင် မြန်မာနိုင်ငံ၏ လွတ်လပ်ရေးအတွက် စစ်သားများ၏ တိုက်ခိုက်ခဲ့ပုံများ နှင့် စွန့်လွှတ်အနစ်နာခံခဲ့ပုံများကို တွေ့မြင်နိုင်ပါသည်။ သမိုင်းဝင်တိုက်ပွဲများအကြောင်းကို မှတ်တမ်း တင်ရှင်းလင်း ပြသထားပါသည်။
ဤပြတိုက်သည်စစ်တပ်၏ ကာကွယ်စောင့်ရှောက်မှုကိုလည်း ပြသထားပါသည်။ စစ်တပ်၏ အတိတ်ကဖြစ်ရပ်များအကြောင်း ပြသထားသော ခန်းမများအတွင်း ဖြတ်သန်းသွား လာခြင်းဖြင့် ၎င်းတို့၏ သတ္တိနှင့် ဆုံးဖြတ်ချက်ခိုင်မာပြတ်သားမှုတို့ကို မြင်တွေ့နိုင်မှာ ဖြစ်ပါ သည်။
လည်ပတ်ရန်အကောင်းဆုံးအချိန်
မတ်လ၊ ဧပြီလနှင့် မေလတို့တွင် နေပြည်တော်သို့ ခရီးသွားများ လာရောက်လည်ပတ်မှုများ ပြားပါသည်။ သို့သော် မည်သည့်အချိန်တွင်မဆို လည်ပတ်နိုင်ပါသည်။