အရေးကြီးသောအချက်အလက်များ
လည်ပတ်ချိန် : မနက် ၉:၃၀ နာရီမှ ၃:၃၀နာရီအထိ
ဝင်ကြေး : နိုင်ငံသား ၂၀၀ ကျပ်၊ နိုင်ငံခြားသား ၂၀၀၀ ကျပ်
လမ်းညွှန်
အင်းလေးကန်အနီး ညောင်ရွှေမြို့တွင် တည်ရှိပါသည်။ အင်းလေးကန်သို့ သွားရောက်လည် ပတ်ပြီး ယင်းမှတစ်ဆင့်တက္ကစီဖြင့် ပြတိုက်သို့သွားရောက်နိုင်ပါသည်။ အင်းလေးကန်မှ လှေဖြင့် လည်း သွားရောက်နိုင်ပါသည်။
သမိုင်းကြောင်း
ညောင်ရွှေစော်ဘွားနေထိုင်ခဲ့သော အိမ်ဖြစ်ပြီး နောက်ပိုင်းတွင် ပြတိုက်အဖြစ် ပြောင်းလဲ ၍ ခရီးသွားများ လာရောက်လည်ပတ်နိုင်ရန် ဖွင့်လှစ်ခဲ့ပါသည်။ ဤအဆောက်အဦးအား ၁၉၁၃ ခုနှစ် တွင် စော်ဘွားကြီး ဆာစောမောင် တည်ဆောက်ခဲ့ပါသည်။ အနုစိတ်လှသော ပန်းပုလက်ရာများ၊ လှပ သော ရှေးဟောင်းဗိသုကာလက်ရာများဖြင့် အလှဆင်ထားသော အခန်းပေါင်းများစွာဖြင့်ဖွဲ့စည်း ထားပါသည်။ ရှမ်းပြည်နယ်၏ တော်ဝင်ခေါင်းဆောင်များပိုင်ဆိုင်သော ပစ္စည်းများကိုလည်း ဤပြ တိုက်တွင် ပြသထားပါသည်။ စော်ဘွားများ၏ အိပ်ယာခင်းများ၊ တော်ဝင်ဝတ်စုံများ၊ ကိုယ်ပိုင်အသုံး အဆောင်များနှင့် ရှားပါးဓါတ်ပုံများကို လေ့လာကြည့်ရှုနိုင်ပါသည်။
လည်ပတ်ရန်အကောင်းဆုံးအချိန်
နိုဝင်ဘာလမှ ဖေဖော်ဝါရီလသည် အင်းလေးကန်သို့ သွားရောက်လည်ပတ်ရန် အကောင်း ဆုံးအချိန်ဖြစ်သည်။ ရာသီဥတုသည် နွေးထွေးပြီး ခြောက်သွေ့သည်။ ဖော်တော်ဦးဘုရားပွဲကျင်းပ သည့် စက်တင်ဘာလမှ အောက်တိုဘာလ အတွင်းတွင်လည်း သွားရောက်လည်ပတ်နိုင်ပါသည်။