အရေးကြီးသော အချက်အလက်များ
လည်ပတ်ချိန်:
မနက် ၉ နာရီမှ နေ့လည် ၁၂ နာရီထိ၊ နေ့လည် ၃ နာရီမှ ညနေ ၅ နာရီထိ
လမ်းညွှန်
သီပေါဟော်နန်းသည် ရှမ်းပြည်နယ်၊ သီပေါမြို့တွင် တည်ရှိပါသည်။ ဟော်နန်းသို့ ရောက် ရှိရန် နမ္မတူလမ်းအနီးရှိ တံတားအားဖြတ်ရမည်ဖြစ်သည်။ ရှမ်းပြည်နယ်ရှိ မိုင်းဆတ်လေဆိပ်သို့ ပြည်တွင်း လေကြောင်းလိုင်းဖြင့် မန္တလေး သို့မဟုတ် ရန်ကုန် သို့မဟုတ် အခြားလေဆိပ်များမှ သွားလာနိုင်ပြီး မန္တလေးမှ သီပေါမြို့သို့ ၁၁ နာရီကြာစီးရသည့် ပုံမှန်ရထားခရီးစဉ်လည်း ရှိပါ သည်။ မန္တလေးမှ လားရှိုးသို့လည်း ရထားဖြင့် သွားနိုင်ပါသည်။ ဘတ်စ်ကားဖြင့် သွားမည်ဆို ပါက မန္တလေးမြို့မှ မနက် ၆ နာရီထွက်သည့် ဘတ်စ်ကားများစီးနိုင်ပြီး သီပေါမြို့သို့ ၆ နာရီ အကြာတွင် ရောက်ရှိပါသည်။
သမိုင်းကြောင်း
သီပေါဟော်နန်းသည် ရှမ်းလူမျိုးစော်ဘွားတစ်ဦးဖြစ်သည့် စပ်ကြာဆိုင် နေထိုင်ရာ နေရာ ဖြစ်ပါသည်။ ဤနေရာ၏ သမိုင်းကြောင်းမှာ စိတ်ဝင်စားဖွယ်ကောင်းလှပါသည်။ ၁၉၆၀ ဆယ်စု နှစ်အစောပိုင်းကာလမှ ရှမ်းစော်ဘွားနှင့် သူ၏ ဩစတေးလျအနွယ်ဝင် ကြင်ယာတော်၏ အချစ် ပုံပြင်အား လေ့လာသိရှိနိုင်ပေသည်။ သူတို့၏ အချစ်ပုံပြင်အား Twilight Over Burma အမည်ဖြင့် စာအုပ်ထုတ်ဝေခဲ့ပါသည်။ ၂၀၁၅ ခုနှစ်တွင် ထုတ်ဝေခဲ့သော အဆိုပါစာအုပ်ကြောင့် ကမ္ဘာတစ်ဝှမ်းရှိ ခရီးသွားများ၏ စိတ်ဝင်စားမှုကို တစ်ခဲနက်ရရှိခဲ့သည့် ခရီးစဉ်တစ်ခုဖြစ်လာခဲ့ပါသည်။ ၎င်းရှမ်းစော် ဘွားတူ၏ဇနီးသည် ယခုအခါ အတိတ်ဖြစ်ရပ်များအကြောင်း ပုံပြင်သဖွယ် ပြန်လည်ပြောပြလျက်ရှိ သည်။ စိတ်ကြည်နူးဖွယ် အချစ်ဇာတ်လမ်းအား နားဆင်ရင်း ထိုနေရာသို့ သွားရောက်လည်ပတ်သင့် ပေသည်။
လည်ပတ်ရန်အကောင်းဆုံးအချိန်
ရာသီဥတုသည် သာယာသောကြောင့် တစ်နှစ်တာကာလပတ်လုံး သွားရောက်လည်ပတ် နိုင်သည့် နေရာတစ်ခုဖြစ်ပါသည်။ အနီးအနားရှိ ရေတံခွန်သို့ သွားရောက်လည်ပတ်လိုပါက လှပ သောရှုခင်းများ မြင်တွေ့နိုင်ရန်အတွက် မိုးဦးကာလသည် လည်ပတ်ရန် အသင့်တော်ဆုံးအချိန် ဖြစ်ပါသည်။