Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 216

Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 240

Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 247

Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 248
အတုမရှိကျောင်းနှင့် ရွှေကျောင်း – Tourism Myanmar
Skip to content

မန္တလေး

အတုမရှိကျောင်းနှင့် ရွှေကျောင်း

အရေးကြီးသော အချက်အလက်များ

လည်ပတ်နိုင်သည့်အချိန်      : မနက် ၈ နာရီမှ ည ၈ နာရီ
ဝင်ကြေး                            : ၁၀,၀၀၀ ကျပ် (နိုင်ငံခြားသား)
အကောင်းဆုံးအကြံပြုချက်   : လူထူထပ်မှုနှင့် အပူချိန်ကိုရှောင်ရှားရန်အတွက် မနက် ၉ နာရီဝန်းကျင်တွင် သွားရောက်လည်ပတ်သင့်ပါသည်။
အဝတ်အစား                      : ဘုန်းကြီးကျောင်းများသို့ သွားရောက်လည်ပတ်သည့် နည်းတူအဝတ်အစားအား သေသပ်လုံခြုံစွာ ဝတ်စားဆင်ယင်သင့်ပါ သည်။ ဒူးခေါင်းနှင့် ပုခုံးများအား ဖုံးအုပ်ထားသည့် အဝတ်အစားမျိုးဝတ်ဆင်သင့်ပါသည်။

လမ်းညွှန်

ရွှေနန်းတော်ဘုန်ကြီးကျောင်းသည် မန္တလေးမြို့တွင် တည်ရှိပြီး တော်ဝင်နန်းတော်နှင့် မီတာအနည်းငယ်သာ ကွာဝေးပါသည်။ အနီးအနားတွင် အတုမရှိဘုရားလည်း တည်ရှိပါသည်။

သမိုင်းကြောင်း

ဒေသခံများအကြားတွင် ရွှေနန်းတော်ကျောင်းဟု လူသိများသည့် ဘုန်းကြီးကျောင်းသည် စိတ်ကူးစိတ်သန်း ပုံဖော်ချက်များဖြင့် ပြည့်နှက်နေသော ဒဏ္ဍာရီလာသက်ရှိများနှင့် အပြောက် အမွမ်းအနုစိတ်ပန်းပုလက်ရာများကို အဆောက်အဦးရှိ သစ်သားနံရံများပေါ်တွင် ရေးထွင်းထားမှု အား ဂုဏ်ယူဝင့်ကြွားစွာ ပြသနေသော အဆောက်အဦတစ်ခုဖြစ်ပါသည်။ မြန်မာတို့၏ နောက်ဆုံး မင်းဆက်တို့ နန်းစံနေထိုင်ခဲ့သည့် မန္တလေးတော်ဝင်နန်းတော်ကို ၁၈၅၇ ခုနှစ်တွင် တည်ဆောက်ခဲ့ပြီး မင်းတုန်းမင်းစံမြန်းနေထိုင်ခဲ့သော နေရာတစ်နေရာလည်းဖြစ်ပါသည်။

၁၈၇၈ ခုနှစ်တွင် မင်းတုန်းမင်း ပျံလွန်တော်မူပြီးနောက် ၎င်း၏ဆက်ခံသူဖြစ်သည့် သီပေါမင်း သည် ဘုန်းကြီးကျောင်းအား နန်းတော်နယ်နိမိတ်အတွင်းမှ ထုတ်ပယ်ခဲ့ပြီး ယခုတည်ရှိသော နေရာ သို့ပြောင်းရွေ့ခဲ့ပါသည်။ ဤဘုန်းကြီးကျောင်းသည် ဒုတိယကမ္ဘာစစ်နောက်ပိုင်း ကျန်ရှိခဲ့သော နန်းတော်ရာဖြစ်ပြီး သမိုင်းဝင်အမွေအနှစ်တစ်ခုအဖြစ် အစိုးရအတွက်သာမက ဒေသခံပြည်သူများ အတွက်လည်း အရေးပါသော နေရာတစ်နေရာဖြစ်ပါသည်။

ရွှေအတိထူထပ်စွာ ဖုံးအုပ်ထားသည့် ဘုန်းကြီးကျောင်းသည် တစ်ချိန်က အလွန်ကြီးမြတ် သော နေရာတစ်ခုပင်ဖြစ်သည်။ သို့ရာတွင် ရာသီဥတုတိုက်စားမှုကြောင့် အပြင်ဘက် ရွှေအလွှာမှာ တဖြည်းဖြည်း အရောင်မှိန်လာပြီး ထိတွေ့မှုနည်းပါးသည့် ဘုန်းကြီးကျောင်း၏ အတွင်းပိုင်း၌သာ ရွှေသားများကျန်ရှိပါသည်။ ဘုန်းကြီးကျောင်း ပတ်ပတ်လည်အား စကျင်ကျောက်ဖြင့် ပြုလုပ်ထား သော ကြာပန်းများဖြင့် အလှဆင်ထား၍ သစ်လုံးကြီးများဖြင့် ထောက်ထားပြီး ကျွန်းသားဖြင့် ပြုလုပ်ထားသည့် လျှောက်လမ်းဖြင့် ဝန်းရံတည်ဆောက်ထားပါသည်။

လည်ပတ်ရန်အကောင်းဆုံးအချိန်

မန္တလေးမြို့ကို လည်ပတ်ရန် အကောင်းဆုံးအချိန်မှာ အပူချိန်ကျ ပြီး မိုးနည်းသော နိုဝင်ဘာလမှ ဖေဖော်ဝါရီလအတွင်း ဖြစ်ပါသည်။

PHOTO GALLERY

Video

ဆက်သွယ်ရန်

ရုံးအမှတ် (၃၃), ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန, နေပြည်တော်မြို့, မြန်မာနိုင်ငံ

+၉၅ ၆၇ ၃၄၀ ၆၄၅၈,

+၉၅ ၆၇ ၃၄၀ ၆၂၄၇, +၉၅ ၆၇ ၃၄၀ ၆၁၂၉

© COPYRIGHT 2020. ALL RIGHTS RESERVED