Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 216

Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 240

Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 247

Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 248
အင်းလေး Heritage Stilt House ရှိ ဗမာကြောင်များ – Tourism Myanmar
Skip to content

အင်းလေး Heritage Stilt House ရှိ

ဗမာကြောင်များ

သတိပြုရမည့်အချက်

သွားရောက်နိုင်သည့်နည်းလမ်း
အချိန်မရွေးသွားရောက်လည်ပတ်နိုင်သော်လည်း နံနက်(၁၀:၀၀)နာရီမှ နေ့လည်(၂:၀၀)နာရီထိ သာ ကြောင်များနှင့် ပွေ့ဖက်ဆော့ကစားနိုင်မည်ဖြစ်သည်။

ကြိုတင်သိထားသင့်သည့်အချက်
Inle Stilt House တွင်အကောင်းဆုံး အတွေ့အကြုံရရှိနိုင်ရန် တစ်ညတာညအိပ်ခရီးသွားသင့်ပါသည်။ ညအိပ်ခရီးမသွားနိုင်ပါကအနည်းဆုံးဒေသအစားအစာများကိုစားသောက်သင့်ပါသည်။

လမ်းညွှန်ချက်

အင်းလေးသို့ ပြည်တွင်းလေကြောင်းဖြင့် အလွယ်တကူသွားရောက်နိုင်ပါသည်။ ဟဲဟိုး လေဆိပ်မှာ အနီးဆုံးလေဆိပ်ဖြစ်ပြီး အင်းလေးကန်သို့ တစ်နာရီကြာ မောင်းရမည်ဖြစ်ပါသည်။ လေဆိပ်မှ တက္ကဆီစီးနိုင်ပြီး ခန့်မှန်းခြေ ၃၀,၀၀၀ ကျပ် ကျသင့်မည်ဖြစ်ပါသည်။

သမိုင်းကြောင်း

အင်းဖော်ကုန်းရွာတွင်တည်ရှိပြီး ရိုးရာဓလေ့ထုံးတမ်းနှင့် အင်းလေးကန်အနီးရှိ လှပ ကြွယ်ဝသော သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းနိုင်ရန်ရည်ရွယ်ပြီး ဤနေရာကို တည်ဆောက် ထားခြင်းဖြစ်ပါသည်။ သင်သည် ကြောင်ချစ်သူတစ်ယောက်ဖြစ်ပါက အင်းလေး Heritage Stilt House သည် လည်ပတ်သင့်သောနေရာများတွင် ထိပ်ဆုံးကမပါမဖြစ် ဖြစ်ပါသည်။ အမွှေးထူ သတ္တဝါများအတွက် ဗမာ့ကြောင်ဘေးမဲ့တောဖြစ်ပြီး အိမ်မွေးတိရစ္ဆာန်ချစ်သော ခရီးသွားများ အတွက် ကြောင်များစုဝေးနေသည့် ကြောင်နိဗ္ဗာန်ဘုံဖြစ်ပါသည်။ ချစ်စရာကောင်းသော ကြောင် ပေါက်လေးများကို ခြေတံရှည်အိမ်တစ်အိမ်၏ အောက်ခြေတွင်တွေ့နိုင်ပါသည်။

ချစ်စရာကောင်းသော ကြောင်ပေါက်လေးများနှင့် အပန်းဖြေအနားယူနိုင်ပြီး သိမ်မွေ့နူး ညံ့သော ကြောင်များနှင့်အတူတကွ ဓါတ်ပုံတွဲရိုက်နိုင်ပါသည်။ လှပသော အင်းလေးကန်မှ စိတ် ဝင်စားဖွယ် ရေသတ္တဝါများကို ပြသထားသော ငါးပြတိုက်လည်းရှိပါသည်။ အင်လေး Heritage Stilt House များသည် ကန်၏အလယ်တွင် ဟိုတယ်အဖြစ်တည်ဆောက်ထားသဖြင့် တည်းခိုနေထိုင် နိုင်ပါသည်။ လျှောက်လမ်းတစ်လျှောက်တွင်လည်း လှည့်ပတ်ကြည့်ရှုနိုင်သည့် သဘာဝဟင်းသီး ဟင်းရွက်စိုက်ခင်းတစ်ခုလည်းရှိပါသည်။

လည်ပတ်ရန်အကောင်းဆုံးအချိန်

အင်းလေးကန်အား ခြောက်သွေ့ပြီး ရာသီဥတုကောင်းမွန်သည့် နိုဝင်ဘာလမှ ဖေဖော်ဝါရီ လအတွင်း လည်ပတ်မှုများပါသည်။ စက်တင်ဘာလမှ အောက်တိုဘာလအထိ ကျင်းပသော ဖောင်တော်ဦးဘုရားပွဲကိုလည်း ဒေသခံများနှင့်အတူ ဆင်နွှဲနိုင်ပါသည်။

PHOTO GALLERY

Video

ဆက်သွယ်ရန်

ရုံးအမှတ် (၃၃), ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန, နေပြည်တော်မြို့, မြန်မာနိုင်ငံ

+၉၅ ၆၇ ၃၄၀ ၆၄၅၈,

+၉၅ ၆၇ ၃၄၀ ၆၂၄၇, +၉၅ ၆၇ ၃၄၀ ၆၁၂၉

© COPYRIGHT 2020. ALL RIGHTS RESERVED