Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 216

Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 240

Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 247

Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 248
ရွှေစည်းခုံဘုရား – Tourism Myanmar
Skip to content

ရွှေစည်းခုံဘုရား

သတိပြုရမည့်အချက်

လည်ပတ်ရန်အကောင်းဆုံးအချိန်- နံနက် ၅နာရီမှ ည ၉နာရီထိ

ဝင်ကြေး- တစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၅ဒေါ်လာ

ကြိုတင်သိထားသင့်သည့်အချက်

ရွှေစည်းခုံဘုရား၏ ထူးခြားချက်မှာ ဘုရား၏အရိပ်သည် ဘယ်သောအခါမှ ဘုရားအုတ် တံတိုင်းကိုကျော်ပြီး အရိပ်မကျရောက်သည့်အတွက် ၎င်းနေရာသို့ရောက်ရှိချိန်တွင် ကိုယ်တိုင်သတိပြုလေ့လာသင့်ပါသည်။

သွားရောက်နိုင်သည့်နည်းလမ်း

ရွှေစည်းခုံဘုရားသည် ညောင်ဦးမြို့တွင်တည်ရှိသည့်အတွက် ခြင်္သေ့ဂိတ်နှင့် အလွန်နီးကပ်စွာ ရှိပါသည်။

သမိုင်းကြောင်း

ရွှေစည်းခုံဘုရားသည် ပုဂံမြို့ရှိ အထင်ကရသမိုင်းဝင်အဆောက်အဦများထဲမှ တစ်ခုဖြစ်ပြီး အနော်ရထားမင်း လက်ထက်တွင် အလေးအမြတ်ထားကိုးကွယ်ကြသော ဘုရား တစ်ဆူဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ ရှေးမူအတိုင်းရှိနေသော စေတီပေါ်တွင် စက်ဝိုင်းပုံသဏ္ဍာန် ရှိသော ရွှေအရွက်များဖြင့် ကပ်လှုပူဇော်ထားပြီး ဘေးပတ်ပတ်လည် တွင် စေတီငယ်များဖြင့် ဝန်းရံတည်ထားပါသည်။ မြန်မာနိုင်ငံတွင် အထွဋ်အမြတ်ထားရာ နေရာများထဲမှ တစ်ခု အပါအဝင်ဖြစ်ပြီး ဗုဒ္ဓဘုရား၏ ဓာတ်တော်၊ အရိုးတော်နှင့် အံတော် တို့ကိုဌာပနာ ထားသော စေတီတစ်ဆူဖြစ်သည်။

ဘုရားကို အနော်ရထာမင်းလက်ထက်၊ အေဒီ၁၀၅၉ နှင့် ၁၀၆၀ကြား၌ စတင် တည်ထားကိုးကွယ်ခဲ့သော်လည်း အနော်ရထာမင်း၏ သားတော်ဖြစ်သော ကျန်စစ်သား မင်း လက်ထက် အေဒီ ၁၁၀၂ လက်ထက်မှသာ ပြီးစီးခဲ့ပါသည်။ နှစ်ပေါင်းများစွာ ကြာမြင့်လာသည် နှင့်အမျှ သဘာဝဘေးအန္တရာယ်များကြောင့် ပျက်စီးခဲ့ပြီး ကြိမ်ဖန်များစွာ ပြန်လည်ပြုပြင် ထားရပါသည်။ ဘုရာတစ်ဆူလုံးသည် အနုစိတ်သော ပန်းပုလက်ရာများဖြင့် ဝင့်ကြွားထည်ဝါစွာ ရှိနေပါသည်။

လည်ပတ်ရန်အကောင်းဆုံးအချိန်

အချိန်မရွေးလည်ပတ်နိုင်သော်လည်းအပူဒဏ်ကိုရှောင်ရှားနိုင်ရန်နှင့်ပိုမိုကောင်းမွန်သော အမှတ်တရပုံများရိုက်ကူးနိုင်ရန် အကောင်းဆုံးအချိန်မှာ နံနက်ခင်းအစောပိုင်း အချိန်ဖြစ်သည်။

PHOTO GALLERY

Video

ဆက်သွယ်ရန်

ရုံးအမှတ် (၃၃), ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန, နေပြည်တော်မြို့, မြန်မာနိုင်ငံ

+၉၅ ၆၇ ၃၄၀ ၆၄၅၈,

+၉၅ ၆၇ ၃၄၀ ၆၂၄၇, +၉၅ ၆၇ ၃၄၀ ၆၁၂၉

© COPYRIGHT 2020. ALL RIGHTS RESERVED