အရေးကြီးသော အချက်အလက်များ
လည်ပတ်နိုင်သည့်အချိန်
– နံနက်(၈)နာရီ မှ နေ့လည် (၁၂)နာရီထိ
– နေ့လည် (၂) နာရီမှ ညနေ(၅)နာရီထိ
ဝင်ခ – မပေးရပါ။
မည်သို့ရောက်ရှိနိုင်ပုံ
စိန့်မေရီ ဘုရားရှိခိုးကျောင်းမှာ ဗိုလ်တစ်ထောင်မြို့နယ်၊ ဗိုလ်အောင်ကျော်လမ်းတွင် တည်ရှိပြီး ရန်ကုန်မြို့တွင်းမှ မိနစ်(၃၀)ခန့်အကြာကားဖြင့်သွားလာနိုင်ပြီးထိုမြို့နယ်သို့ရောက်ရှိရန် အငှားယာဉ် (သို့) ဘတ်စ်ကားဖြင့် လည်းသွားနိုင်ပါသည်။စိန့်မေရီ ဘုရားရှိခိုးကျောင်း
စိန့်မေရီဘုရားရှိခိုးကျောင်းမှာရန်ကုန်မြို့သို့လာရောက်လည်ပတ်သူတိုင်းအတွက် ထင်ရှား သော ခရီးစဉ်ဒေသဖြစ်ပြီး သန့်ရှင်းသပ်ရပ်မှုရှိသော ဘုရားရှိခိုးကျောင်းအဖြစ် ထင်ရှားပါ သည်။ဗိုလ်တစ်ထောင်မြို့နယ်တွင် တည်ရှိပြီးမြန်မာနိုင်ငံတွင် အကြီးဆုံးခရစ်ယာန်ကျောင်းဖြစ်ပါ သည်။ (၁၉၃၀)ခုနှစ် ရန်ကုန်မြို့တွင် မြေငလျင် ဖြစ်ပွားခဲ့သော်လည်း ထိုအဆောက်အဦးမှာ ကြံ့ကြံ့ခံနိုင်ခဲ့ပြီးတုန်ခါမှုကြောင့် မည်သို့မှမပျက်စီးခဲ့ခြင်းသည်ပင် ခရီးသွားများကို ပိုမိုဆွဲဆောင် နိုင်သည့်အရာတစ်ခုဖြစ်ခဲ့ပါသည်။ ၎င်းအဝန်းအဝိုင်းအနီး ရောက်ရှိချိန်တွင် ဘုရားရှိခိုးကျောင်း၏ နှစ်သက်စရာကောင်းသော အနီရောင်အုတ်ခဲများ၊ တမူထူးခြားသော ခေါင်းလောင်းပုံ မျှော်စင်များကို သတိပြုမိပါလိမ့်မည်။
လည်ပတ်ရန်အကောင်းဆုံးအချိန်
ရာသီဥတုအေးမြသော နိုဝင်ဘာလမှ ဇန်နဝါရီလအထိ အချိန်မှာ ၎င်းဘုရားရှိခိုးကျောင်းသို့ လည်ပတ်ရန် အကောင်းဆုံးအချိန်ဖြစ်ပါသည်။