Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 216

Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 240

Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 247

Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 248
ငပလီကမ်းခြေ – Tourism Myanmar
Skip to content

ငပလီကမ်းခြေ

အရေးပါသော အကြောင်းအရာများ

ကမ်းခြေတစ်လျှောက်စက်ဘီးဖြင့်လည်ပတ်ခြင်းနှင့် အတွေ့အကြုံကောင်းများ ရရှိစေရန် ဒေသခံ များနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ခြင်း၊နံနက်ခင်းအစောတွင်လှေစီးနိုင်ပြီး ငါးဖမ်း ဝါသနာပါသူဖြစ်ပါ က လတ်ဆက်သောငါးများဖမ်းယူရရှိနိုင်ပါသည်။

သွားလာလည်ပတ်နိုင်သော နည်းလမ်းများ

ရန်ကုန်(သို့) ပုဂံမှ ငပလီကမ်းခြေသို့ သွားရောက်လည်ပတ်နိုင်ပါသည်။ သံတွဲ လေယာဉ်ကွင်းမှာ ငပလီကမ်းခြေမှ(၁၅)မိနစ်အကွာအဝေးတွင်တည်ရှိပါသည်။ရန်ကုန်နှင့်ပုဂံမှကုန်းကြောင်းဖြင့်လည်း သွားလာ နိုင်သော်လည်း ရောက်ရှိရန် (၁၄)နာရီ အချိန်ယူရပါသည်။

သမိုင်းကြောင်း

ငပလီကမ်းခြေသည် ၎င်းပတ်ဝန်းကျင်ရှိ ထူးခြားသော မြင်ကွင်းများကြောင့် ကျော်ကြား ပါသည်။ ပတ်ဝန်းကျင်တစ်ဝိုက် အသွားအလာနည်းပါးသည့်အတွက် လူသူကင်းရှင်းသော ကမ်းခြေ အနေဖြင့် စိတ်ဖိဆီးမှုများကင်းဝေးပြီး ပျော်ရွှင်မှုများအပြည့်အဝ ပေးနိုင်သည့် နေရာဖြစ်ပါ သည်။ ကမ်းခြေတစ်ဝိုက် အတွေ့အကြုံကောင်းများ အပြည့်အဝရရှိနိုင်ရေး(၂)ရက်ထက်ပိုနေရန် အကြံပြု လိုပါသည်။ကမ်းခြေတစ်လျှောက် စက်ဘီးများလည်း ငှားရမ်းနိုင်ပြီး စက်ဘီး(၁)စီးနှင့် (၁၀) ကီလိုမီတာအကွာလည်ပတ်ခြင်းဖြင့်  ပြည့်စုံသော ပျော်ရွှင်မှုကို ခံစားနိုင်ပါသည်။ အချို့ဟိုတယ်များ တွင် စက်ဘီးငှားဝန်ဆောင်မှုလုပ်ငန်းများရှိသဖြင့် သင်တည်းခိုရာ ဟိုတယ်တွင် စုံစမ်းနိုင်ပါသည်။ ငှားရမ်းခအနေဖြင့် ဈေးအချိုဆုံးအမေရိကန်ဒေါ်လာ (၃.၅) ရှိနိုင်ပါသည်။

ဖော်ရွေပျူငှာသော ငါးဖမ်းသမား၏ လမ်းညွှန်မှုဖြင့် အပျော်စီးလှေဖြင့် ဒေသခံများထံသို့ လည်း သွားရောက်လည်ပတ်နိုင်ပါသည်။ မလွဲမသွေ အခြားလုပ်ဆောင်သင့်သည်မှာ ကမ်းခြေညနေ နေဝင်အလှကို ကြည့်ရှုခံစားခြင်းဖြစ်ပါသည်။ငပလီကမ်းခြေမှာ အေးချမ်းပြီး မြင့်မားသော ကွန်ကရစ် အဆောက်အဦမြင်ကွင်းမှ ကင်းဝေးသဖြင့် နေဝင်ချိန်အလှကို စောင့်ကြည့်နိုင်သည့် အကောင်းဆုံး နေရာတစ်ခုဖြစ်ပါသည်။ ပင်လယ်ရေပြင်ညီမျဉ်းအတိုင်း တဖြည်းဖြည်းပျောက်ကွယ် သွားသည့် နေလုံးကြီးအား ကမ်းခြေတွင် ပင်လယ်စာစားကာ စောင့်ကြည့်ခြင်းဖြင့် စိတ်ပိုင်းဆိုင်ရာ ပျော်ရွှင်မှုကို အပြည့်အဝခံစားနိုင်ပါသည်။

လည်ပတ်ရန်အကောင်းဆုံးအချိန်

ကမ်းခြေတစ်လျှောက်လည်ပတ်ရန်အကောင်းဆုံးအချိန်မှာ အောက်တိုဘာလမှ မေလအတွင်း ဖြစ်ပြီးဇွန်လမှစက်တင်ဘာလအတွင်းမှာမိုးတွင်းဖြစ်သဖြင့် ဟိုတယ်နှင့် လေယာဉ်များမပျံသန်းနိုင်ပါ။

PHOTO GALLERY

Video

ဆက်သွယ်ရန်

ရုံးအမှတ် (၃၃), ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန, နေပြည်တော်မြို့, မြန်မာနိုင်ငံ

+၉၅ ၆၇ ၃၄၀ ၆၄၅၈,

+၉၅ ၆၇ ၃၄၀ ၆၂၄၇, +၉၅ ၆၇ ၃၄၀ ၆၁၂၉

© COPYRIGHT 2020. ALL RIGHTS RESERVED