Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 216

Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 240

Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 247

Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 248
ဝင်းစိန်တောရကျောင်း – Tourism Myanmar
Skip to content

မွန်ပြည်နယ်

ဝင်းစိန်တောရကျောင်း

အရေးပါသော အကြောင်းအရာများ

အဝတ်ဝတ်ဆင်ရမည့် ပုံစံ ဝတ်ဆင်ရမည့် အဝတ်အစားအတွက် သီခြားသတ်မှတ်ထားခြင်း မရှိသော်လည်း ရှေးရိုးအစဉ်အလာအတိုင်း ဒူး၊ ပုခုံးများ လုံခြုံအောင်ဝတ်ဆင်သင့်ပါသည်။
အရိပ်အမြွက် ဆင်းတုတော်ရှေ့ ဝင်ရောက်သည့်အခါ ဖိနပ်ချွတ်သင့်ပါသည်။

မည်သို့ရောက်ရှိနိုင်ပုံ

ထိုကဲ့သို့ အံ့ဩဖွယ်ရာ လဲလျောင်းဆင်းတုတော်မှာ ရန်ကုန်မြို့မှ ၅ နာရီ ၃၀ မိနစ်အကွာ အဝေးတွင်ရှိသော မော်လမြိုင်မြို့ ၏ မြို့ငယ်တစ်မြို့တွင် တည်ရှိပါသည်။ မော်လမြိုင်မြို့သို့ရထား၊ တက္ကစီ၊ အဝေးပြေးကား များဖြင့်ရောက်ရှိနိုင်ပါသည်။ ဆင်းတုတော်မှာ ထုထည်ကြီးမားပြီး အဝေးတစ်နေရာမှပင် ဖူးတွေ့နိုင်ပါ သည်။

သမိုင်းကြောင်း

ကမ္ဘာပေါ်တွင် အကြီးဆုံးလဲလျောင်းဗုဒ္ဓဆင်းတုတော်မှာ ဝင်းစိန်တောရ ဘုန်းကြီးကျောင်း တွင် တည်ရှိပါသည်။ဆင်းတုတော်မှာ ၃၀ မီတာအမြင့်နှင့် အရှည် ၁၈၀ မီတာရှိပါသည်။ ဘုရားဆင်း တုတော်ဧရိယာပရဝဏ်အဝေးမှပင် ကြီးမားသောဆင်းတုတော်အားကောင်းစွာ ဖူးတွေ့နိုင်ပါ သည်။ ၎င်းမှာ ကျောက်တစ်လုံးတောင်ပေါ်ရှိ ဗုဒ္ဓရုပ်ပွားတော်နှင့်မျက်နှာချင်းဆိုင်တွင် တည်ရှိပါသည်။ ဝင်ပေါက်လမ်းတစ်လျှောက် လမ်းဘေးဝဲယာတွင် ဘုရားဆင်းတုတော်အဆူ (၅၀၀)ကို ဖူးမြော်နိုင်ပြီး ဒုတိယအကြီးဆုံးဆင်းတုတော်အား ယခုလက်ရှိ ဆင်းတုတော်နှင့် မျက်နှာချင်းဆိုင်တွင် သွန်းလုပ် လျက်ရှိပါသည်။

အကြီးဆုံးလဲလျောင်း ဗုဒ္ဓဆင်းတုတော်သွန်းလုပ်ရန် (၁၅)နှစ်ကြာပြီး ယခုအချိန်ထိ အပြီး မသတ်နိုင်သေးသည်ကို တွေ့ရှိရမည်ဖြစ်ပါသည်။ဗုဒ္ဓဆင်းတုတော်အတွင်းအခန်းငယ်များ  ထည့်သွင်း နိုင်ရန် ဆင်းတုတော်မှာ လုံလောက်စွာကြီးမားပါသည်။ ၎င်းအခန်းများအတွင်း ဗုဒ္ဓအဆုံးအမများ ထည့်သွင်းခင်းကျင်း ဖော်ပြထားပါသည်။ အထူးအလေးအမြတ် ထားရမည့်နေရာ ဖြစ်သောကြောင့် ဆင်းတုတော်ပရဝဏ် အတွင်းဝင်ရောက်သည့်အချိန်တွင် ဖိနပ်ချွတ်ဝင်ရောက်ခြင်းဖြင့် ရိုသေသမှု ပြုရပါမည်။

သွားရောက်လည်ပတ်ရန်အကောင်းဆုံးအချိန်

ကမ်းခြေတွင် နှံ့စပ်စွာသွားရောက်လည်ပတ်ရန် အကြံပြုလိုပါသည်။မတ်လမှ မေလအတွင်း ရာသီဥတု ပူပြင်းပြီး အောက်တိုဘာလမှ ဖေဖော်ဝါရီလအတွင်း ရာသီဥတုအေးမြသဖြင့် သွားရောက်လည်ပတ်ရန် ကောင်းမွန်သည့်အချိန်ဖြစ်ပါသည်။

PHOTO GALLERY

Video

ဆက်သွယ်ရန်

ရုံးအမှတ် (၃၃), ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန, နေပြည်တော်မြို့, မြန်မာနိုင်ငံ

+၉၅ ၆၇ ၃၄၀ ၆၄၅၈,

+၉၅ ၆၇ ၃၄၀ ၆၂၄၇, +၉၅ ၆၇ ၃၄၀ ၆၁၂၉

© COPYRIGHT 2020. ALL RIGHTS RESERVED