အရေးကြီးသောအချက်အလက်များ
ရထားထွက်ခွာချိန် : မနက် ၄ နာရီ (မန္တလေးမှ)
ရထားလက်မှတ်ခ : ၃၉၅၀ ကျပ်
အကောင်းဆုံးအကြံပြုချက် : သက်တောင့်သက်သာရှိစေရန်အတွက် အထက်တန်းလက်မှတ်
အားဝယ်ယူပါ။ ရှုခင်းကောင်းကောင်းမြင်ရရန်အတွက် နောက်
ဆုံး ၃ ခုံမှ ဘယ်ဘက်ရှိခုံအား ဝယ်ယူပါ။
လမ်းညွှန်
ဤတံတားအား ဖြတ်သန်းသွားရန်အတွက် ပြင်ဦးလွင်-လားရှိုး မီးရထားအားစီးရမည်။ လာရှိုးမြို့ မြောက်ဘက်မှ ရထားစထွက်တတ်သော်လည်း ခရီးသွားအများစုက သီပေါမှစတင်စီး ကြသည်။ ဂုတ်ထိပ်တံတားသို့ရောက်ရန် သီပေါမှ ၄ နာရီခွဲခန့်ကြာမြင့်ပြီး ပြင်ဦးလွင်မှ ၃ နာရီခွဲ ခန့်ကြာမြင့်ပါသည်။
သမိုင်းကြောင်း
မြန်မာနိုင်ငံ၏ ပန်းချီကဲ့သို့လှပသော တံတားများအနက် တစ်ခုအပါအဝင်ဖြစ်သည်။ အံ့ဩ ဖွယ်ကောင်းသော ဂုတ်ထိပ်တံတားမှာ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၏ အရှေ့မြောက် ၅၅ ကီလိုမီတာအကွာတွင် တည်ရှိပါသည်။ အချိန်ကြာမြင့်လှပြီဖြစ်သော ရထားများ၏ ရိုးရိုးတန်းတွဲ အတွင်း၌ သစ်သားခုံများကို မြင်တွေ့နိုင်ပြီး ရှည်လျားလှသော တောင်တက်ခရီးစဉ်အတွင်း အတိတ် ကာလသို့ ပြန်လည်ခေါ်ဆောင်သွားမည်ဖြစ်ပါသည်။ ပြင်ဦးလွင်မှ ထွက်ခွာပြီး ၃ နာရီခွဲအကြာတွင် တံတားနားသို့ ရောက်လာမည်ဖြစ်သည်။ ရထားသည် အကွေ့များနှင့် တောင်များအကြား ကွေ့သွား သောအခါ ကြီးမားလှသောတံတားအား အဝေးမှ လျှပ်တစ်ပြက်မြင်တွေ့နိုင်ပေသည်။ ပျော်ရွှင်နှစ် သက်ဖွယ်ကောင်းသော ခေတ်ဟောင်းရထားခရီးစဉ်သည် တံတားအား ဖြတ်သန်းသွားပြီးနောက် နောင်ပိန် သို့မဟုတ် သီပေါအထိ ဆက်လက်စီးသွားနိုင်ပြီး မန္တလေးသို့ ဘတ်စ်ကား သို့မဟုတ် ကား ငှားပြီး ပြန်နိုင်ပါသည်။ ခေတ္တအနားယူရန် နေရာကောင်းဖြစ်သော ရှမ်းရွာသည်လည်း အနီးအနား တွင် ရှိပါသည်။
လည်ပတ်ရန်အကောင်းဆုံးအချိန်
မည်သည့်အချိန်မဆို လည်ပတ်နိုင်ပြီး ခြောက်သွေ့အေးမြသည့် နိုဝင်ဘာလမှ ဖေဖော်ဝါရီ လအတွင်း လည်ပတ်ရန် အထူးသင့်တော်ပါသည်။