အရေးကြီးသောအချက်အလက်များ
လည်ပတ်ချိန် : မနက် ၇၊ ၈ နာရီမှ ညနေ ၆ နာရီအထိ
ဝတ်စားဆင်ယင်ပုံ : ဘုရားဖူးမြော်ရန် သီးခြားသတ်မှတ်ထားသော ဝတ်စားဆင်ယင်
ပုံမရှိသော်လည်း ဒူးနှင့်ပခုံးဖုံးသော အဝတ်အစားများ ဝတ်ဆင်
သင့်ပါသည်။ နွေရာသီတွင် အပူချိန်အရမ်းမြင့်နိုင်သောကြောင့်
ထီးနှင့် ဦးထုပ်များဆောင်ထားသင့်ပါသည်။
အကောင်းဆုံးအကြံပြုချက် : ဘုရားဖူးမြော်ရန် အနည်းဆုံးအချိန် ၂ နာရီခန့်ပေးသင့်ပါသည်။
လမ်းညွှန်
မန္တလေးမြို့မှ ၁ နာရီခန့်သွားရသော အမရပူရမြို့နယ်၊ မြင်းမူကျေးရွာရှိ ဆင်ရွာတွင်တည်ရှိပါ သည်။ တက္ကစီဖြင့် သွားရောက်ရန် အသင့်တော်ဆုံးဖြစ်ပါသည်။
သမိုင်းကြောင်း
မြန်မာနိုင်ငံရှိ ပထမဆုံးနှင့်အကြီးဆုံး ကျောက်စိမ်းဘုရားအား သွားရောက်ဖူးမြော်သင့်ပါ သည်။ ကျောက်စိမ်းတုံးများဖြင့် တစ်ဆင့်ပြီးတစ်ဆင့် ပုံသဏ္ဍာန်ရအောင် ကျောက်စိမ်းအတိဖြင့် ပြုလုပ်ထားသော ဘုရားတစ်ဆူဖြစ်ပါသည်။ ဘုရားအား ဆင်ရွာတောင်ထိပ်နှင့် မြင်းမူရွာမှ အလွယ် တကူ တွေ့မြင်ဖူးမြော်နိုင်ပါသည်။ ယုံကြည်သက်ဝင်သူများက ဆုတောင်းပြည့်သောကြောင့် ငြိမ်း ချမ်းမှု၊ တိုးတက်မှုနှင့် ချမ်းသာမှုတို့ရရှိရန်အတွက် လာရောက်ဖူးမြော် ဆုတောင်းကြပါသည်။
ဘုရားအား အမေရိကန်ဒေါ်လာ ၁၅ သန်းအကုန်ကျခံတည်ဆောက်ခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် ပြီးစီးခဲ့ပါသည်။ အဖိုးတန်ကျောက်မျက်ရတနာများအား ဗုဒ္ဓရုပ်ပွားတော်တွင် ကပ်လှူပူဇော်ထား သည်ကို မြင်တွေ့နိုင်ပါသည်။ ဘုရားသည် ကြီးမားလှပြီး ဗုဒ္ဓရုပ်ပွားတော်သည် အမြင့် ၇၅ ပေ၊ ၆ လက်မ၊ အချင်း ၁၇၅ ပေနှင့် ဆောင်းတန်းအရှည်မှာ ၅၂ ပေ၊ ၆ လက်မရှိပါသည်။
လည်ပတ်ရန်အကောင်းဆုံးအချိန်
လည်ပတ်သင့်သောအချိန်မှာ စကျင်ကျောက်ခင်းထားသော ကြမ်းပြင်အပူချိန်လျော့နည်း သည့် ညနေခင်းအချိန်ဖြစ်ပါသည်။ လည်ပတ်ရန်အကောင်းဆုံးအချိန်မှာ အောက်တိုဘာလမှ ဧပြီလ အထိ ဖြစ်ပါသည်။