Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 216

Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 240

Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 247

Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 248
ဓာတ်တော်ချိုင့်ရေတံခွန် – Tourism Myanmar
Skip to content

ပြင်ဦးလွင်

ဓာတ်တော်ချိုင့်ရေတံခွန်

သတိပြုရမည့်အချက်

ကြိုတင်သိထားသင့်သည့်အချက် – ရှုခင်းကြည့်ရန်သတ်မှတ်ထားသော နေရာမှ ကြည့်ရှု ခံစားနိုင်မည်ဖြစ်သည်။ ရေတံခွန်အနီးတစ်ဝိုက်တွင် လှည့်လည် ကြည့်ရှုစရာများစွာရှိပါသည်။ ရေတံခွန်သို့သွားရောက်နိုင်သည့် လမ်းကြောင်းအမျိုးမျိုးရှိပြီး အခက်အခဲအမျိုးမျိုးရှိနိုင်ပါသည်။

သွားရောက်နိုင်မည့်နည်းလမ်းများ

ဓာတ်တော်ချိုင့် ရေတံခွန်သည် မန္တလေးနှင့် ပြင်ဦးလွင်ကြားတွင် တည်ရှိပြီး ကားဖြင့်သာမက ရထားနှင့်ပါသွားရောက်လည်ပတ်နိုင်သည်။ မန္တလေး-ပြင်ဦးလွင်ရထားသည် နေ့စဉ်ပြေးဆွဲလျက်ရှိပြီး ခရီးစဉ်ကြာချိန်မှာ (၄) နာရီခန့်ဖြစ်သည်။ လာရှိုး၊ သီပေါနှင့် ကျောက်မဲမြို့တို့မှလည်း နေ့စဥ် ပြေးဆွဲလျက်ရှိသော ရထားများဖြင့်လာရောက်လည်ပတ်နိုင်ပါသည်။ ဘတ်စ်ကားဖြင့်သွားမည်ဆိုပါက မန္တလေး မှပြင်ဦးလွင်သို့ (၂) နာရီခန့်ကြာြမင့်မည်ဖြစ်သည်။ အငှားယာဉ်များဖြင့်လည်း သွားရောက် နိုင်ပါသည်။

သမိုင်းကြောင်း

ဓာတ်တော်ချိုင့် ရေတံခွန်သို့ တစ်ခေါက်မျှရောက်ဖူးလျှင်ပင် မပြန်ချင်လောက်အောင် နှစ်သက်မိမည် ဖြစ်သည်။ ရေတံခွန်မှ တသွင်သွင်စီးဆင်းနေသော သန့်ရှင်းကြည်လင်အေးမြနေသည့် စိမ်းပြာရောင် ရေများနှင့် အေးမြလတ်ဆတ်သော လေပြေညှင်းများ၏ တိုးဝှေ့တိုက်ခတ်မှုများကို ခံစားမိရုံနှင့် ဘဝအမောများပြေပျောက်ကာ နိဗ္ဗာန်ဘုံအလားခံစားရမည်ဖြစ်သည်။ အဆိုပါ ရေတံခွန်သို့ နှစ်စဉ် ပြည်တွင်း ပြည်ပ ခရီးသွားဧည့်သည်များ ထောင်နှင့်ချီကာ လာရောက် အပန်းဖြေလေ့ရှိပါသည်။ ဓာတ်တော်ချိုင့် ရေတံခွန်၏ ပတ်ဝန်းကျင်ရှိ နေရောင်ခြည်မမြင်ရသည်အထိ ပေါက်ရောက်လျက် ရှိသော စိမ်းညိုအုပ်မှိုင်းနေသည့် သစ်ပင်များ၊ ကျေးငှက်တိရိစ္ဆာန်များနှင့် ဇီဝမျိုးစိတ်မျိုးကွဲများစွာတို့က ခရီးသွားတို့၏ စိတ်အာရုံကိုဖမ်းစားလျက်ရှိသည်။ ဓာတ်တော်ချိုင့် ရေတံခွန်နှင့် သဘာဝတောတောင် အလှအပများကြောင့် စိတ်သာယာမှုကို ခံစားပြီးလျှင် အစဉ်အောက်မေ့သတိရကာ နောက်တစ်ကြိမ် လာရောက်လည်ပတ်လိုစိတ်များ ဖြစ်ပေါ်လာပါလိမ့်မည်။

လည်ပတ်ရန် အသင့်တော်ဆုံးအချိန်

မုတ်သုန်ကာလဖြစ်သည် မေလမှ အောက်တိုဘာလအတွင်းသည် ရေတံခွန်မှ ရေတသွင်သွင်စီးကာ အလှပဆုံးအချိန်ဖြစ်သည်။

PHOTO GALLERY

Video

ဆက်သွယ်ရန်

ရုံးအမှတ် (၃၃), ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန, နေပြည်တော်မြို့, မြန်မာနိုင်ငံ

+၉၅ ၆၇ ၃၄၀ ၆၄၅၈,

+၉၅ ၆၇ ၃၄၀ ၆၂၄၇, +၉၅ ၆၇ ၃၄၀ ၆၁၂၉

© COPYRIGHT 2020. ALL RIGHTS RESERVED