Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 216

Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 240

Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 247

Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 248
ငွေဆောင်ကမ်းခြေ – Tourism Myanmar
Skip to content

ဧရာဝတီတိုင်း

ငွေဆောင်ကမ်းခြေ

သတိပြုရမည့်အချက်

ကြိုတင်သိထားသင့်သည့်အချက် – နေပူစာလှုံခြင်း၊ ရေငုပ်ခြင်းနှင့် ဒေသထွက် အစားစာများ စားသုံးရင်း အပန်းဖြေအနားယူနိုင်သည့် ခရီးစဉ်ဒေသဖြစ်ပါသည်။

သွားရောက်နိုင်သည့်နည်းလမ်း

ငွေဆောင်ကမ်းခြေသည် ဧရာဝတီတိုင်း၊ ပုသိမ်မြို့ အနောက်ဖက် (၄၈-ကီလိုမီတာ) အကွာတွင် တည်ရှိသည်။ ပုဂံမှ တဆင့် ရန်ကုန်သို့ လေယာဉ်ဖြင့် သွားရောက်နိုင်ပြီး နာရီဝက်ခန့် ကြာမြင့်မည် ဖြစ်သည်။ ထိုမှတဆင့် ရန်ကုန်ဘူတာကြီးတွင် နံနက် ၆:၀၀ နာရီ၊ ည ၉:၃၀ နာရီ ထွက်သည့် ဘတ်စ်ကားများကို ၈နာရီကြာစီး၍ သွားရောက်နိုင်ပါသည်။

သမိုင်းကြောင်း

မြန်မာပြည်အနှံ အလည်အပတ်ခရီးစဉ် တစ်လျှောက် ပင်ပန်းနွမ်းနယ်ခဲ့သည့် ခရီးရှည်ကြီးကို သန့်ရှင်းသောသဲသောင်ဖြူများနှင့် စိမ်းပြာပြာ ရေကြည်အေးများ ပေါင်းစပ်ထားသည့် စွဲမက်ဖွယ် မြန်မာ့ ဂုဏ်ဆောင် ငွေဆောင် ကမ်းခြေတွင် အနားယူ အပန်းဖြေပြီးမှသာလျှင် နေရပ်သို့ ပြန်သင့်ပေသည်။ ထိခိုက်ပျက်စီးခြင်းမရှိပဲ သဘာဝအတိုင်းလှပလျက်ရှိသော ငွေဆောင်ကမ်းခြေသည် သာမန် ရှုခင်းကြည့် အနားယူအပန်းဖြေခရီးစဉ်များထက် များစွာသာလွန်သော ခံစားမှုများကို ပေးစွမ်းနိုင်ပါသည်။  ဒေသခံတို့၏ နိစ္စ ဓူဝ ရုန်းကန်လှုပ်ရှားနေရပုံနှင့် ဘဝနေထိုင်မှုများအပြင် ၎င်းတို့၏ ရိုးရာယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းအစဉ်အလာများကိုပါ တွေ့မြင် လေ့လာနိုင်ပါသည်။

အရသာစုံလင်လှသော မြန်မာ့ရိုးရာ ဟင်းလျာများစွာတို့ကို ရရှိနိုင်သည့် ဟိုတယ်၊ တည်းခိုရိပ်သာနှင့် စားသောက်ဆိုင်ပေါင်းများစွာ ဖွင့်လှစ်ထားသည့်အတွက် သင်၏ နေထိုင်စားသောက်ရေးအတွက် ပူပန် ကြောင့်ကြရန်လိုအပ်မည် မဟုတ်ဘဲ ဒေသထွက် ငါး နှင့် ပုစွန်မျိုးစုံတို့၏ လတ်ဆတ် ချိုမြိန်သော အရသာများကို ခံစားရင်း စိတ်အေးချမ်းသာစွာ အနားယူနိုင်မည်ဖြစ်ပါသည်။ ဒေသခံများ ပြုလုပ် ဖန်တီးထားသည့် လှပသော လက်မှုပစ္စည်းများစွာကို ရောင်းချပေးလျက်ရှိသည့် အမှတ်တရပစ္စည်း အရောင်းဆိုင်များတွင် အပြန်ခရီးအတွက် လက်ဆောင်ပစ္စည်းများကို ဝယ်ယူနိုင်ပါသည်။ ဒေသခံလူထု များထံမှ ဝယ်ယူအားပေးမှုများသည် ၎င်းတို့၏ ကြိုးပမ်းအားထုတ်မှုများကို အသိအမှတ်ပြုပေးရာ ရောက်သည့်အပြင်လူမှုစီးပွားဘဝများအဆင်ပြေလာရေးအတွက်အထောက်အပံ့လည်းဖြစ်လာပေမည်။

လာရောက်လည်ပတ်ရန် အကောင်းဆုံးအချိန်

အောက်တိုဘာလမှ ဧပြီ/ဒီဇင်ဘာလ အတွင်း သွားရောက်လည်ပတ်ရန် အသင့်တော်ဆုံးဖြစ်သည်။

PHOTO GALLERY

Video

ဆက်သွယ်ရန်

ရုံးအမှတ် (၃၃), ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန, နေပြည်တော်မြို့, မြန်မာနိုင်ငံ

+၉၅ ၆၇ ၃၄၀ ၆၄၅၈,

+၉၅ ၆၇ ၃၄၀ ၆၂၄၇, +၉၅ ၆၇ ၃၄၀ ၆၁၂၉

© COPYRIGHT 2020. ALL RIGHTS RESERVED