Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 216

Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 240

Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 247

Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 248
နတ်မတောင် – Tourism Myanmar
Skip to content

ချင်းပြည်နယ်

နတ်မတောင်

သတိပြုရမည့်အချက်

ဝင်ကြေး – အမေရိကန်ဒေါ်လာ(၁၀)ဒေါ်လာ

ကြိုတင်သိထားသင့်သည့်အချက် –  တောင်တန်းများဆီသို့ ခရီးသွားလမ်းညွှန်၏ အကူအညီဖြင့်သာ သွားရောက် လည်ပတ် ခြင်းသည် အကောင်းဆုံး ဖြစ်ပါသည်။

သွားရောက်နိုင်သည့်နည်းလမ်း

ပုဂံမှ နတ်မတောင်သို့ ကားဖြင့်သွားလျှင် (၈)နာရီခန့်ကြာမြင့်နိုင်ပါသည်။

သမိုင်းကြောင်း

နတ်မတောင် (Mt.Victoria) သည် ချင်းပြည်နယ်တွင် အမြင့်ဆုံးတောင် ဖြစ်ပြီး တောင်ထိပ်သည် ပင်လယ်ရေမျက်နှာပြင်အထက် ၃၀၅၃မီတာ မြင့်ပြီး အရှေ့တောင်အာရှတွင် အမြင့်ဆုံး မြေသားတောင်ဖြစ်ပါသည်။ ကန်ပက်လက်မြို့နယ်တွင် တည်ရှိပြီး ယခုအခါ ၁၉၉၄ ခုနှစ်က စတင်တည်ထောင်ခဲ့သော  နတ်မတောင် အမျိုးသားဥယျာဉ်အဖြစ် ထိန်းသိမ်းကာကွယ် ထားပါသည်။ နတ်မတောင်မှတစ်ဆင့် ချင်းပြည်နယ်၏ ရှုခင်းကို မြင်ကွင်းကျယ်ကျယ် ကြည့်ရှုနိုင်ပါသည်။ နတ်မတောင်တွင် အာဆီယံ အမွေအနှစ်ဥယျာဉ် တည်ရှိပြီး ဆောင်းခို ငှက်မျိုးစိတ်များ ပြောင်းရွှေ့ နေထိုင်ရာဒေသဟု လူသိများပါသည်။ ဤဒေသတွင် ရှားပါးငှက်မျိုးစိတ်များ အပါအဝင် ငှက်မျိုးစိတ် ရာပေါင်းများစွာကိုလည်း တွေ့မြင်နိုင်ပါသည်။ နတ်မတောင်ရှိ အမျိုးသားဥယျာဉ်သို့ (၁၅)မိုင်ခန့် ခြေလျင်တောင်တက်ခရီးဖြင့် သွားရောက်နိုင်ပါသည်။ တောရိုင်းတိရစ္ဆာန်များနှင့် သစ်ပင်ပန်းမန် မျိုးစုံတို့သည်လည်း  သဘာဝအလျောက် ရှင်သန်‌နေထိုင် ပေါက်ရောက်လျက်ရှိပါသည်။ ထိုဥယျာဉ်တွင် တရားမဝင် အမဲလိုက်ခြင်းကို တင်းကျပ်စွာ တားမြစ်ထားရာ မျိုးသုဉ်းလုနီးပါး ဖြစ်နေသည့် တောရိုင်း တိရစ္ဆာန်မျိုးစုံအတွက် လုံခြုံမှုပေးနိုင်သော ခိုလှုံရာနေရာတစ်ခု ဖြစ်ပါသည်။

လာရောက်လည်ပတ်ရန်အကောင်းဆုံးအချိန်

နတ်မတောင်သို့ ရာသီဥတုသာယာသော အချိန်ကာလဖြစ်သည့် နိုဝင်ဘာလနှင့် မတ်လကြားတွင် လည်ပတ်သင့်ပြီး မိုးရာသီဖြစ်သည့် မေလ မှ အောက်တိုဘာလ အတွင်းတွင် တောင်ပေါ် ဒေသများသို့  သွားရောက် မလည်ပတ်သင့်ပါ။

PHOTO GALLERY

Video

ဆက်သွယ်ရန်

ရုံးအမှတ် (၃၃), ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန, နေပြည်တော်မြို့, မြန်မာနိုင်ငံ

+၉၅ ၆၇ ၃၄၀ ၆၄၅၈,

+၉၅ ၆၇ ၃၄၀ ၆၂၄၇, +၉၅ ၆၇ ၃၄၀ ၆၁၂၉

© COPYRIGHT 2020. ALL RIGHTS RESERVED