သတိပြုရမည့်အချက်
ကြိုတင်သိထားသင့်သည့်အချက် – ကျွန်းတွင် စက်လှေစီးပြီး စိတ်လှုပ်ရှားစရာကောင်းသော အတွေ့အကြုံများ ရယူပါ။
သွားရောက်နိုင်သည့်နည်းလမ်း
ညောင်ဦးဖီးကျွန်းသည် မြိတ်ကျွန်းစုတွင် မဖြစ်မနေ သွားရောက်လည်ပတ်သင့်သော နေရာများအနက်မှ တစ်ခုဖြစ်ပါသည်။ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ကော့သောင်းမြို့မှ တစ်ဆင့် လှေဖြင့် သွားရောက်လည်ပတ်နိုင်ပါသည်။
သမိုင်းကြောင်း
အလှပဆုံးသောကျွန်း တစ်ကျွန်းဖြစ်သည့် ညောင်ဦးဖီးကျွန်းကို မြန်မာနိုင်ငံ တောင်ဘက်ပိုင်းတွင် တွေ့နိုင်ပါသည်။ ကျွန်းကို ပုဂ္ဂလိကကဏ္ဍမှ ထိန်းသိမ်းလုပ်ပိုင်ခွင့် ပြုထားပြီး ခရီးသွား အရေအတွက် အကန့်အသတ်ဖြင့်သာ လည်ပတ်ခွင့်ပြုပါသည်။ ထိုကျွန်းတွင် ရေငုပ်ခြင်းဖြင့် သန္တာကျောက်တန်းများ၏ အလှအပများကို တွေ့မြင်နိုင်ပြီး လာရောက်လည်ပတ်သူများအား တစ်သက်တာ အမှတ်တရများ ဖန်တီးပေးစွမ်းနိုင်မည့် ခရီးစဉ်တစ်ခု ဖြစ်နေပါလိမ့်မည်။
ဤကျွန်း၏ ပတ်လည်တွင် တားရေ့စ်ပင်လယ်အော်၊ မဒမ်ပင်လယ်အော် နှင့် နီမိုငါးပင်လယ်အော် ဟူ၍ ပင်လယ်အော်(၃)ခုရှိပါသည်။ ထိုကျွန်းတွင် အေးချမ်းစွာ အပန်းဖြေရင်း ငါးများ၊ လိပ်များနှင့် ရေအောက်ရှိအဏ္ဏဝါမျိုးစုံကို ကြည့်ရှုနိုင်ပါသည်။
သွားရောက်လည်ပတ်ရန်အကောင်းဆုံးအချိန်
နိုဝင်ဘာလမှ မေလအထိ ရာသီဥတုသာယာ၍ လည်ပတ်ရန် အချိန်ကောင်းဖြစ်သောကြောင့် ရာသီဥတုအခြေအနေ ပြောင်းလဲမှုများအပေါ် စိုးရိမ်ပူပန်စရာမလိုဘဲ ကျွန်းတွင် ပျော်ပျော်ပါးပါး အပန်းဖြေနိုင်ပါသည်။