သတိပြုရမည့်အချက်
ကြိုတင်သိထားသင့်သည့်အချက် – ကြက်မောက်ကျွန်းသို့ ရောက်လျှင် ရေငုပ်ခြင်းကို မဖြစ်မနေ ပြုလုပ်သင့်ပါသည်။ အကယ်၍သင်သည် ရေငုပ်သမားတစ်ဦးဖြစ်လျှင် ထိုကျွန်းတွင် ရေငုပ်ရန် အထူးအကြံပြုလိုပါသည်။ ထို့အပြင် ကနူးလှေစီးခြင်းကိုလည်း ပြုလုပ်နိုင်ပါသည်။
သွားရောက်နိုင်သည့်နည်းလမ်း
ကြက်မောက်ကျွန်းသည် မြိတ်ကျွန်းစုထဲတွင် မဖြစ်မနေသွားရောက် လည်ပတ်သင့်သော နေရာများအနက်မှ တစ်ခုဖြစ်ပါသည်။ ကျွန်းသို့ရောက်ရန် မြန်မာနိုင်ငံတောင်ဘက်ရှိ တနင်္သာရီဒေသရှိ ကော့သောင်းမြို့အထိ သွားရောက်ပြီး ထိုမှတစ်ဆင့် လှေဖြင့် ဆက်သွားနိုင်ပါသည်။
သမိုင်းကြောင်း
ကြက်မောက်ကျွန်းသည် မြန်မာနိုင်ငံ၏ အလှပဆုံးသော ကျွန်းများအနက်မှ တစ်ခုဖြစ်ပြီး ခရီးသွားဧည့်သည်များ၏ အသိအမှတ်ပြုခြင်းကို ခံထားရသော ကျွန်းတစ်ကျွန်းလည်းဖြစ်ပါသည်။ ထိုကျွန်း၏ အလယ်တွင် တောင်တန်းများဖြင့် ဝန်းရံထားသည့် ထူးဆန်းသော စိမ်းပြာရောင် အသည်းပုံရေကန်ရှိသည့် အတွက်ကြောင့် အသည်းပုံကျွန်းဟုလည်း ခေါ်ပါသည်။ ကျွန်းဝင်ပေါက်ကို ရောက်ရှိရန် ဂူတစ်ခုကို ဖြတ်သွားရပါသည်။
ကျွန်းသို့ရောက်သည့်အခါ ကြည်လင်သောရေနှင့် နူးညံ့သောသဲသောင်ပြင်၏အလှအပများကို တွေ့မြင်ရပါမည်။ ထိုကျွန်းတွင် မိသားစု (သို့) သူငယ်ချင်းများနှင့် ရေငုပ်ပြီး အဏ္ဏဝါမျိုးစုံနှင့် ပင်လယ်ကြမ်းပြင်ရှိ ရှားပါးသော ရောင်စုံသန္တာကျောက်တန်းများကို ကြည့်ရှု လေ့လာနိုင်ပါသည်။ သဘာဝအတိုင်း မပျက်စီးသေးသော ကျွန်း၏ အလှအပမျိုးစုံကို တွေ့မြင် ရပါလိမ့်မည်။
လည်ပတ်ရန်အကောင်းဆုံးအချိန်
မတ်လနှင့် ဧပြီလတွင် ကြက်မောက်ကျွန်းအပါအဝင် မြိတ်ကျွန်းစုတစ်ခုလုံးကို လည်ပတ်ရန် အကောင်းဆုံးအချိန်ဖြစ်ပါသည်။ အပူချိန်မှာလည်း အလယ်အလတ် ဖြစ်သည့်အတွက် ပျော်ရွှင်စွာ ရေကစားနိုင်ပါသည်။