Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 216

Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 240

Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 247

Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 248
၈ ရက်တာ သမိုင်းကြောင်းလေ့လာရေး ခရီးစဉ် – Tourism Myanmar
Skip to content

၈ ရက်တာ

သမိုင်းကြောင်းလေ့လာရေးခရီးစဉ်

စိတ်ဝင်စားဖွယ်ရာများ

  • ယူနက်စကိုကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပျူမြို့ဟောင်းများသို့သွားရောက်ခြင်း
  • မြန်မာ့ဘုရားကျောင်းမြို့တော် ပုဂံသို့သွားရောက်လည်ပတ်ခြင်း
  • မြန်မာ့ယဉ်ကျေးမှုမြို့တော် မန္တလေးသို့ သွားရောက်လည်ပတ်ခြင်း

ပထမနေ့ – ပြည်သို့ရောက်ရှိခြင်း

ခရီးစဉ်၏ပထမနေ့တွင် ရန်ကုန်မြို့မှ ပဲခူးတိုင်းရှိ ပြည်မြို့သို့ တက္ကစီ (သို့မဟုတ်) ဘတ်(စ်) ကားဖြင့်သွားရောက်လည်ပတ်ပြီး တစ်နေ့တာကုန်ဆုံးပါမည်။ ပထမဦးစွာပြည်မြို့လယ်ရှိ ရွှေဆံတော် ဘုရားသို့သွားရောက်လည်ပတ်ပါမည်။ ရွှေဆံတော်ဘုရားတွင် ကြီးမားသော ဗုဒ္ဓရုပ်ပွား တော်တည် ထားပါသည်။ ထို့နောက် ပြည်မြို့ညဈေးသို့သွားရောက်လည်ပတ်ပြီး ဒေသထွက် အစားအစာများကို စားသုံးပါမည်။

ဒုတိယနေ့ – သရေခေတ္တရာမြို့ဟောင်းသို့အလည်သွားခြင်း

ခရီးစဉ်၏ဒုတိယနေ့တွင်တက္ကစီ (သို့မဟုတ်) သုံးဘီးဖြင့် ယူနက်စကိုကမ္ဘာ့အမွေအနှစ် နေရာတစ်ခုဖြစ်သည့် သရေခေတ္တရာ မြို့ဟောင်းသို့သွားရောက်လည်ပတ်ရင်း တစ်နေ့တာကုန်ဆုံး ပါမည်။ ပိုမိုကောင်းမွန်သော လေ့လာရေးခရီးစဉ်တစ်ခုဖြစ်စေရန် သွားရောက် မလေ့လာမီတွင် မြို့၏သမိုင်းကြောင်းများကို ကြိုတင်ဖတ်ရှုခဲ့ရန်အကြံပြုလိုပါသည်။ ထို့နောက်ပြည်သို့ ပြန်လည် ထွက်ခွာပြီး အနားယူပါမည်။

တတိယနေ့ – တောင်တွင်းကြီးမြို့သို့ခရီးဆက်ခြင်း

ခရီးစဉ်၏တတိယနေ့တွင် နံနက်စာစားပြီးနောက် ပြည်မြို့မှ တောင်တွင်းကြီးသို့ (၄)နာရီ ကြာမောင်းနှင်ခရီးဆက်ပါမည်။ တောင်တွင်းကြီးမြို့တွင် ညအိပ်နားပါမည်။ မြို့လေးသည် ချစ်စရာ ကောင်းပြီး ခေတ်ဟောင်း၏အငွေ့အသက်များ ထင်ကျန်နေပါသည်။ မြို့လယ်ရှိမြို့မစျေး နှင့် အောင်မြင်ဇေယျရခိုင်ဘုရားကြီးတို့သို့ သွားရောက်လည်ပတ်ပါမည်။ အောင်မြင်ဇေယျဘုရားကြီး သည်မြို့နယ်၏ အကြီးဆုံးဘုရားတစ်ဆူဖြစ်ပြီးအလွန်သပ္ပါယ်ပါသည်။

စတုတ္ထနေ့ – ဗိဿနိုးရှေးဟောင်းမြို့တော်သို့ စူးစမ်းလေ့လာခြင်း

ခရီးစဉ်၏စတုတ္ထနေ့တွင် ယူနက်စကိုကမ္ဘာ့အမွေအနှစ်နေရာတစ်ခုဖြစ်သည့် ဗိဿနိုးမြို့ ပျူမြို့ဟောင်းသို့ သွားရောက်လည်ပတ်ပါမည်။ တစ်သက်မှာတစ်ခါသာ ကြုံတွေ့ရမည့် အတွေ့အကြုံများကို ရှာဖွေရင်းဖြင့် တစ်နေ့တာကိုအသုံးချပါမည်။ ထို့အနောက်ညတာကို ပုဂံမြို့သို့ အပြန်ကားပေါ်တွင် ကုန်ဆုံးပါမည်။

ပဉ္စမနေ့ – ပုဂံမြို့လေ့လာရေးခရီးစဉ်

ခရီးစဉ်၏ပဉ္စမနေ့နံနက်ပိုင်းတွင် ပုဂံသို့ရောက်ရှိပြီး ဟိုတယ်တွင်အနားယူပါမည်။ ထို့နောက် ကိုယ်လက်သန့်စင်ပြီး အာန္ဒာဘုရား၊ ရွှေစည်းခုံဘုရား၊ သဗ္ဗေညုဘုရား၊ ရွှေဂူကြီးဘုရား၊ မနူဟာဘုရားနှင့် ဓမ္မရံကြီးဘုရားများသို့ သွားရောက်လည်ပတ်ရင်း တစ်နေ့တာကုန်ဆုံးပါမည်။ ပုဂံဒေသသည်ရာသီဥတုပူပြင်းသည့်အတွက် သောက်သုံးရေများယူဆောင်လုံလုံလောက်လောက် ယူဆောင်သွားရန် အကြံပြုလိုပါသည်။

ဆဌမနေ့ –  ရွှေဘိုမြို့သို့သွားရောက်ခြင်း

ခရီးစဉ်၏ဆဌမနေ့ နံနက်ပိုင်းတွင် တက္ကစီဖြင့် ပုဂံမြို့မှ ရွှေဘိုမြို့သို့ (၅)နာရီကြာ ခရီးဆက် ပါမည်။ ဘတ်(စ်)ကားဖြင့်သွားရောက်လိုပါက ပထမဦးစွာ ပုဂံမြို့မှမန္တလေးသို့ စီးနင်းရမည်ဖြစ်ပြီး ထိုမှတစ်ဆင့် ရွှေဘိုမြို့သို့ဆက်သွားရမည်ဖြစ်ပါသည်။ ရွှေဘိုမြို့သို့ရောက်သည့်အခါ ဟိုတယ်တွင် အခန်းငှား၍ အနားယူပါမည်။

သတ္တမနေ့ – ဟန်လင်းရှေးဟောင်းမြို့တော်သို့သွားရောက်လေ့လာခြင်း

သတ္တမမြောက်နေ့တွင် ရှေးဟောင်းပျူမြို့တော်များထဲမှ တစ်ခုဖြစ်သော ဟန်လင်းမြို့သို့ခရီး ဆက်၍ ပျူမြို့ဟောင်းအားလှည့်ပတ်ကြည့်ရှုလေ့လာရင်း တစ်နေ့တာကို ကုန်ဆုံးပါမည်။ ဟန်လင်းမြို့ သို့ သုံးဘီးဆိုင်ကယ် (သို့မဟုတ်) တက္ကစီဖြင့်သွားရောက်နိုင်ပါသည်။ ညနေပိုင်းတွင် ရွှေဘိုမြို့သို့ ပြန်လည်ရောက်ရှိပြီး အနားယူပါမည်။

အဌမနေ့ – မန္တလေးမြို့၌လည်ပတ်ခြင်း

(၈)ရက်တာခရီးစဉ်၏နောက်ဆုံးနေ့ နံနက်ပိုင်းတွင် မြန်မာနိုင်ငံ၏ယဉ်ကျေးမှုမြို့တော်ဖြစ်သော မန္တလေးသို့သွားရောက်၍ မန္တလေးနန်းတော်၊ မန္တလေးတောင်နှင့် အခြားသောဘုရားများသို့ သွားရောက် လေ့လာပါမည်။ ထို့နောက် မန္တလေးမြို့တွင်းလမ်းလျှောက်ရင်း ရောင်စုံမြင်ကွင်းရှုခင်းများကို ကြည့်ရှု ခံစားပါမည်။ ရန်ကုန်သို့ညနေလေယာဉ်ဖြင့်ပြန်လာပြီးလျှင် အိမ်အပြန်ခရီးဆက်ပါမည်။

ဆက်သွယ်ရန်

ရုံးအမှတ် (၃၃), ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန, နေပြည်တော်မြို့, မြန်မာနိုင်ငံ

+၉၅ ၆၇ ၃၄၀ ၆၄၅၈,

+၉၅ ၆၇ ၃၄၀ ၆၂၄၇, +၉၅ ၆၇ ၃၄၀ ၆၁၂၉

© COPYRIGHT 2020. ALL RIGHTS RESERVED