စိတ်ဝင်စားဖွယ်ရာများ
- ဧရာဝတီမြစ် မြစ်ဖျားခံရာ မြစ်ဆုံဒေသသို့ လည်ပတ်ခြင်း
- သာယာအေးချမ်းသော တောင်ပေါ်မြို့ဖြစ်သည့်ပူတာအိုမြို့သို့ သွားရောက်လည်ပတ်ခြင်း
- ရှမ်းကောင်းရွာသို့ ခရီးကြမ်းလမ်းလျှောက်ပြီးလှပသောရှုမျှော်ခင်းများကို ခံစားခြင်း
ပထမနေ့ ရန်ကုန်မှ ပူတာအိုသို့သွားရောက်လည်ပတ်ခြင်း
ခရီးစဉ်၏ပထမနေ့တွင် ရန်ကုန်မှပူတာအိုသို့ လေယာဉ်ဖြင့်သွားရောက်ကာ ဟိမဝန္တာတောင် စွယ်ရှိတောင်ပေါ်မြို့သို့ သွားရောက်လည်ပတ်ပါမည်။ ပူတာအိုမြို့သည် မြန်မာနိုင်ငံမြောက်ပိုင်း ဟိမဝန္တာတောင်စောင်းတွင်တည်ရှိသည့် တောင်ပေါ်မြို့ငယ်လေးတစ်မြို့ဖြစ်ပြီး မြို့တွင်းသို့ခြေကျင် လမ်းလျှောက်လေ့လာနိုင်ပါသည်။ ပူတာအိုမြို့၏အချို့နေရာများသို့နိုင်ငံခြားဧည့်သည်များ သွားလာ ခွင့်မပြုထားသောကြောင့် နိုင်ငံခြားသားများအနေဖြင့် မိမိတို့တည်းခိုသောဟိုတယ်တွင် ဦးစွာ မေးမြန်းစုံစမ်းပြီးမှသာ သွားရောက်လည်ပတ်ရန်အကြံပြုလိုပါသည်။

ဒုတိယနေ့ – ပူတာအိုမြို့၏ တောင်ပေါ်မြို့လေးတွင်လည်ပတ်ခြင်း
ခရီးစဉ်၏ဒုတိယနေ့တွင် ပူတာအိုမြို့၏လှပသော တောင်ပေါ်မြို့ကလေးသို့ သွားရောက် လည်ပတ်ပါမည်။ ပူတာအို နံနက်ခင်းဈေးသို့သွားရောက်လည်ပတ်နိုင်ပြီး မြို့အနှံ့လည်ပတ်ကာ ဒေသခံများ၏ လူနေမှု ဘဝများကိုလည်းလေ့လာနိုင်ပါသည်။ မလိခမြစ်ကမ်းရှိ ကောင်းမှုလုံဘုရား သို့လည်းသွားရောက် ဖူးမြော်နိုင်ပါသည်။ အဆိုပါဘုရားသည်မြန်မာပြည်မြောက်ပိုင်းရှိ ဘာသာရေး ဆိုင်ရာ အထွတ်အမြတ် အထားဆုံး နေရာတစ်ခုလည်းဖြစ်ပါသည်။ ညနေဘက်တွင် နတ်ကျွန်းနှင့် မလိခမြစ်ရှိ ကျွန်းငယ်သို့ လှေဖြင့် သွားရောက်လည်ပတ်နိုင်ပါသည်။တတိယနေ့ – ရှမ်းကောင်းရွာသို့အလည်တစ်ခေါက်
ခရီးစဉ်၏တတိယနေ့တွင် နံနက်စာစားပြီးလျှင် ရှမ်းကောင်းတောင်သို့ ခရီးကြမ်းလမ်း လျှောက်ခြင်းခရီးစဉ်စတင်ပါမည်။ ရှမ်းကောင်းတောင်သည်အမြဲစိမ်းတောများနှင့် ကျောက်စိမ်းတွင်း များပေါများသောကြောင့် ထင်ရှားပါသည်။ ခရီးလမ်းတစ်လျှောက်တွင် တောရိုင်းသဘာဝမျိုးစုံကို လေ့လာနိုင်မည့်အပြင်ဆီးနှင်းများ ဖုံးလွှမ်းနေသော တောင်ထိပ်၏ ရှုမျှော်ခင်းများကိုလည်း တွေ့မြင် ခံစားနိုင်ပါသည်။

စတုတ္ထနေ့ – ပူတာအိုမှ မြစ်ကြီးနားသို့
ခရီးစဉ်၏စတုတ္ထနေ့တွင် ပူတာအိုသို့ ကားဖြင့်သွားရောက်ပြီး ထိုမှတဆင့် မြစ်ကြီးနားသို့ လေယာဉ်ဖြင့်ခရီးဆက်ပါမည်။ မြစ်ကြီးနားသို့ရောက်လျှင် ဟိုတယ်တွင်ခေတ္တအနားယူပြီး မြစ်ကြီးနားဈေး၊ ဆုတောင်းပြည့် ဘုရား၊ လျောင်းတော်မူဘုရား နှင့် ကချင် “မနော” ဥယျာဉ်များသို့ သွားရောက်လည်ပတ်နိုင်ပါသည်။ပဉ္စမနေ့ – မြစ်ဆုံသို့လည်ပတ်ခြင်း
ခရီးစဉ်၏ပဉ္စမနေ့တွင် မြစ်ကြီးနားမှ (၄၅) ကီလိုမီတာအကွာတွင်တည်ရှိသည့် မြစ်ဆုံသို့ သွားရောက်လည်ပတ်ပါမည်။ ခါကာဘိုရာဇီတောင်မှ မြစ်ဖျားခံလာသော မေခနှင့်မလိခမြစ်တို့ ဆုံစည်းပြီး မြန်မာနိုင်ငံ၏ ပင်မအသက် သွေးကြောဖြစ်သည့်ဧရာဝတီမြစ်အဖြစ် စီးဆင်းလာပါသည်။ ထို့နောက် တန်ဖဲရွာတွင် သစ်ဆွဲဆင်များအားလေ့လာခြင်း၊ မေခမြစ်အတွင်း အပျော်စီးသင်္ဘော စီးခြင်းများ ပြုလုပ်နိုင်သည့်အပြင် မြစ်ကြီးနားသို့ အပြန်လမ်းတွင်လည်း ဂျောဘွန်းမျှော်စင်သို့ ဝင်ရောက်လည်ပတ်နိုင်ပါသေးသည်။