Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 216

Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 240

Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 247

Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 248
ရေငုတ်ခြင်း ခရီးစဉ် – Tourism Myanmar
Skip to content

ရေငုတ်ခြင်း ခရီးစဉ်

အထူးပြုတင်ပြလိုသည့် အကြောင်းအရာများ

  • မြို့ကြီး(၃)မြို့သို့ လည်ပတ်ခြင်း- ကော့သောင်း၊ ရန်ကုန်နှင့် မြောက်ဦးး
  • ရေငုပ်ရန်အကောင်းဆုံး(၃) နေရာ
  • သွားရောက်လည်ပတ်ရန်အကောင်းဆုံး မြန်မာနိုင်ငံ၏ကမ်းခြေများ

ပထမနေ့ - မြန်မာနိုင်ငံတောင်ဘက်ရှိကော့သောင်းမြို့သို့သွားရောက်ခြင်း

ခရီးစဉ်ပထမဆုံးနေ့တွင် နိုင်ငံတကာလေကြောင်းလိုင်းဖြင့် ရန်ကုန်သို့ရောက်ရှိပြီးနောက် ပြည်တွင်းလေကြောင်းလိုင်းဖြင့် ကော့သောင်းမြို့သို့သွားရောက်မည်ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ တောင်ဘက်စွန်းမြို့ဖြစ်သည့်ကော့သောင်းမြို့၏အလှအပများကိုလှည့်လည်ကြည့်ရှုခံစားကြမည်ဖြစ်ရာဘုရင့်နောင်အငူ၊ ငါးသုံးလုံးတောင်၊ ရွှေပြည်သာဘုရားစသည်တို့သည်သွားရောက်သင့်သည့် နေရာများဖြစ်ပါသည်။ ထို့နောက် ဒေသထွက်အစားအစာများဖြင့်ညစာသုံးဆောင်ပြီး ပထမနေ့ ခရီးစဉ်ပြီးဆုံးမည်ဖြစ်ပါသည်။

ဒုတိယနေ့ - Mc Leod ကျွန်းသို့သွားရောက်၍ရေငုပ်ခြင်း

Mc Leod ကျွန်းသို့ မော်တော်ငယ်ဖြင့်သွားရောက်မည်ဖြစ်ပြီး ကျွမ်းကျင်သည့် ရေငုပ်သမား၏ လမ်းညွှန်ပြသမှုဖြင့် ရေငုပ်မည်ဖြစ်ပါသည်။ ထို့နောက် ကျွန်းပေါ်သို့လှည့်လည်ကြည့်ရှုပြီး ကော့သောင်းမြို့သို့ပြန်လာကာညအိပ်ရပ်နားမည်ဖြစ်ပါသည်။

တတိယနေ့ - ကော့သောင်းမှငွေဆောင်ခရီးစဉ်

ကော့သောင်းမှရန်ကုန်သို့လေယာဉ်ဖြင့်ပျံသန်းပြီးနောက် ရန်ကုန်မှ ငွေဆောင်သို့ အဌားယာဉ်ဖြင့် ဆက်လက်ထွက်ခွာမည်ဖြစ်ပါသည်။ ငွေဆောင်ကျေးရွာတွင်နေထိုင်ရင်း ကျေးရွာသားများနှင့် စကားစမြည်ပြောဆိုနိုင်မည်ဖြစ်ပါသည်။

စတုတ္ထနေ့ - ငွေဆောင်တွင်ရေငုပ်ခြင်းခရီးစဉ်

ပင်လယ်ရေအောက်မှသဘာဝအလှအပများကိုကြည့်ရှုခံစားနိုင်ရန်အတွက် ငွေဆောင်ရှိရေငုပ်နိုင် သည့်နေရာတွင်ရေငုပ်ကျွမ်းကျင်သူ၏လမ်းညွှန်မှုဖြင့် ရေငုပ်မည်ဖြစ်ရာ အံ့သ◌ြဖွယ်အတွေ့အကြုံ များကိုရရှိနိုင်မည်ဖြစ်ပါသည်။ ထို့နောက်ငွေဆောင်မှရန်ကုန်သို့ပြန်လည်ထွက်ခွာမည်ဖြစ်ပြီး မြန်မာနိုင်ငံ၏စီးပွားရေးမြို့တော်ဖြစ်သည့် ရန်ကုန်မြို့ကိုလှည့်လည်ကြည့်ရှုမည်ဖြစ်ပါသည်။ ထို့နောက် ခရီးစဉ်အမှတ်တရလက်ဆောင်ပစ္စည်းများဝယ်ယူနိုင်ရန် ဗိုလ်ချုပ်အောင်ဆန်းဈေးသို့ ညနေပိုင်းတွင် သွားရောက်မည်ဖြစ်ပါသည်။

ပဉ္စမနေ့ - မြောက်ဦး

ရန်ကုန်မှ မြောက်ဦးသို့လေယာဉ်ဖြင့်သွားရောက်မည်ဖြစ်ပြီး ရခိုင်ပြည်နယ်၏မြို့တော်ဖြစ်သည့် မြောက်ဦးမြို့၏အလှအပများကိုကြည့်ရှုလေ့လာကြမည်ဖြစ်ပါသည်။ မြေက်ဦးသည် သက္ကရာဇ် ၁၄၃၀ မှ ၁၇၈၅ ကာလအတွင်းမြောက်ဦးနိုင်ငံတော်၏မြို့တော်လည်းဖြစ်ခဲ့ပါသည်။ မြောက်ဦး မြို့ထဲတွင် ဘုရားပုထိုးစေတီများကိုတွေ့ရှိနိုင်ပြီး ပုဂံပြီးလျှင် ရှေးဟောင်းဘုရားပုထိုးစေတီများကို လေ့လာဖူးမြှော်နိုင်သည့်နေရာလည်းဖြစ်ပါသည်။ ညနေခင်းပိုင်းတွင် မြောက်ဦးဒေသခံများ၏ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံများကိုသွားရောက်လေ့လာကြမည်ဖြစ်ပါသည်။

ဆဌမနေ့ - ငပလီကမ်းခြေနှင့် ပုလဲကျွန်းခရီးစဉ်

ယနေ့တွင်ငပလီကမ်းခြေသို့ကားဖြင့်သွားရောက်ကြမည်ဖြစ်ပါသည်။ ထို့နောက်ပုလဲကျွန်းသို့လှေ ဖြင့် သွားရောက်မည်ဖြစ်ပါသည်။ ငပလီ၏သာယာလှပသောကမ်းခြေအလှအပကိုခံစားရင်း အုန်းပင်ရိပ်များအောက်တွင်အုန်းစိမ်းရည်သောက်သုံးဖို့မမေ့ကြရန်သတိပေးလိုပါသည်။

သတ္တမနေ့ - ရန်ကုန်

ခရီးစဉ်၏နောက်ဆုံးနေ့ဖြစ်ပြီး ရန်ကုန်မြို့တွင်လည်ပတ်ကြမည်ဖြစ်ပါသည်။ ရန်ကုန်မြို့သည် မြန်မာနိုင်ငံ၏အကြီးဆုံးမြို့ပြတစ်ခုဖြစ်ပြီး မြို့ပြယဉ်ကျေးမှုများကိုကျယ်ကျယ်ပြန့်ပြန့် တွေ့ရှိ ခံစားကြရမည်ဖြစ်ပါသည်။ ရန်ကုန်မြို့တွင် ရင်သပ်ရှုမောဖွယ်ရွှေရောင်အဆင်းဖြင့် တင့်တယ်လှပ သည့် နာမည်ကျော်ရွှေတိဂုံဘုရားသို့သွားရောက်ကြမည်ဖြစ်ပါသည်။ ထို့နောက် မြန်မာ့ဒဏ္ဍာရီ လာဌက်တစ်မျိုး၏ပုံစံကိုတည်ဆောက်ထားသည့် ကရဝိတ်နန်းတော်ကိုလည်း သွားရောက် လေ့လာကြမည်ဖြစ်ပါသည်။ရန်ကုန်မြို့ရှိကိုလိုနီခေတ်အဆောက်အဦများ၏ ဗိသုကာလက်ရာများ သည်လည်းလမ်းလျှောက်လှည့်လည်ကြည့်ရှုသင့်သည့် နေရာများပင်ဖြစ်ပါသည်။ ထို့နောက် ညနေခင်းအချိန်ကို ဗိုလ်တစ်ထောင်ဆိပ်ကမ်းတွင် ဆည်းဆာနေဝင်ကြည့်ရင်း ကုန်ဆုံးမည်ဖြစ်ပါ သည်။

ဆက်သွယ်ရန်

ရုံးအမှတ် (၃၃), ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန, နေပြည်တော်မြို့, မြန်မာနိုင်ငံ

+၉၅ ၆၇ ၃၄၀ ၆၄၅၈,

+၉၅ ၆၇ ၃၄၀ ၆၂၄၇, +၉၅ ၆၇ ၃၄၀ ၆၁၂၉

© COPYRIGHT 2020. ALL RIGHTS RESERVED