Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 216

Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 240

Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 247

Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 248
ကျွန်းများသို့ စွန့်စားခရီးသွားခြင်း – Tourism Myanmar
Skip to content

ကျွန်းများသို့ စွန့်စားခရီးသွားခြင်း

စိတ်ဝင်စားဖွယ်အချက်များ

  • ယခုခရီးစဉ်တွင် မြိတ်ကျွန်းစုသို့သွားရောက်ခြင်း
  • ပင်လယ်ရေအောက်အလှအပများနှင့် မပျက်စီး သေးသည့် သဘာဝအလှအပများကိုခံစားခြင်း
  • မြန်မာနိုင်ငံ၏တောင်ဘက်စွန်းမြို့ဖြစ်သည့် ကော့သောင်းမြို့သို့သွားရောက်လည်ပတ်ခြင်း

ပထမနေ့ - ရန်ကုန်-ကော့သောင်း

ခရီးစဉ်ပထမနေ့တွင် ရန်ကုန်မှ မြန်မာနိုင်ငံ၏တောင်ဘက်စွန်းမြို့ဖြစ်သည့် ကော့သောင်းမြို့သို့ လေယာဉ်ဖြင့် သွားရောက်မည်ဖြစ်ပါသည်။ ကော့သောင်းမြို့သည် မြိတ်ကျွန်းစုခရီးစဉ်စတင်ရာ နေရာလည်း ဖြစ်ပါသည်။ ကျဉ်းမြောင်း၍ကွေ့ကောက်သည့်မြို့တွင်းလမ်းများနှင့် ကမ်းနားရှိ ကော့သောင်းဈေးတို့ကိုလည်းလည်ပတ်ကြည့်ရှုကြမည်ဖြစ်ပါသည်။ ထို့နောက် ဘုရင့်နောင်အငူ၊ ငါးသုံးလုံးတောင်နှင့် ရွှေပြည်သာဘုရားတို့ကိုလည်းသွားရောက်လည်ပတ်နိုင်ပါသည်။

ဒုတိယနေ့ - MC LEOD ကျွန်း

ဒုတိယနေ့တွင် သဲဖြူကမ်းခြေနှင့် ဖန်သား (crystal) ကဲ့သို့ကြည်လင်သည့် ရေပြင်ရှိသည့် MC LEOD ကျွန်းသို့သွားရောက်လည်ပတ်မည်ဖြစ်ပါသည်။ Mc Leod ကျွန်းသည် ကော့သောင်းမြို့မှ ရေမိုင် ၄၀ ခန့်အကွာတွင်တည်ရှိပြီး ရေငုပ်ရန်၊ လှေလှော်ရန်၊ ငါးဖမ်းရန်၊ ဌက်ကြည့်ရန်၊ တောင်တက်နှင့် တောတွင်း safari သွားရန် အကောင်းဆုံးသောနေရာဖြစ်ပါသည်။ ၎င်းကျွန်းသို့ သွားရောက်ရာတွင်အတွေ့အကြုံကောင်းများပိုမိုရရှိနိုင်ရန်အတွက် ဧည့်လမ်းညွှန်ဖြင့်သတ်မှတ် လမ်းကြောင်းအတိုင်းသွားရောက်လည်ပတ်သင့်ပါသည်။

တတိယနေ့ - လန်ပိကျွန်း

တတိယနေ့တွင် လန်ပိကျွန်းသို့ လှေဖြင့် ရွက်လွှင့်သွားရောက်မည်ဖြစ်ပါသည်။ ကျွန်းပေါ်တွင် ညအိပ်တည်းခိုရင်း ညရှုခင်းများကို ခံစားနိုင်ရန်အတွက် လှေကိုပါညအိပ်ဌားရမ်းပြီး ကျွန်းအနီး တွင် ကျောက်ချရပ်နားထားရပါမည်။ လန်ပိအဏ္ဏဝါအမျိုးသားဉယျာဉ်တွင် အမျိုးအစားစုံလင် လှသည့် သစ်ပင်ပန်းမန်နှင့် တိရစ္တာန်မျိုးစုံမျိုးကွဲများကိုလေ့လာနိုင်ပါသည်။

ဆက်သွယ်ရန်

ရုံးအမှတ် (၃၃), ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန, နေပြည်တော်မြို့, မြန်မာနိုင်ငံ

+၉၅ ၆၇ ၃၄၀ ၆၄၅၈,

+၉၅ ၆၇ ၃၄၀ ၆၂၄၇, +၉၅ ၆၇ ၃၄၀ ၆၁၂၉

© COPYRIGHT 2020. ALL RIGHTS RESERVED