Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 216

Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 240

Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 247

Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 248
မြိတ်ကျွန်းစုတွင် (၃)ရက် ရေငုပ်ခြင်း – Tourism Myanmar
Skip to content

(၃)ရက် ရေငုပ်ခြင်း

မြိတ်ကျွန်းစု

စိတ်ဝင်စားဖွယ်ရာများ

  • ဝက်စတန်ရော့(ခ်)ကီး၊ ဘလက်ရော့(ခ်)၊ ဟိုက်ရော့(ခ်)နှင့် ဟစ်ဒန်းလက်ဂွန် စသည့်ရေငုပ်နေရာ (၄)နေရာတွင်ရေငုပ်ခြင်း
  • ကြက်မောက်ကျွန်းရှိ သဘာဝအသဲပုံရေအိုင်သို့သွားရောက်လေ့လာခြင်း၊
  • အံ့သြဖွယ်ကောင်းသော ရေအောက်အဏ္ဏဝါများအား လေ့လာခြင်း၊

ပထမနေ့ – ဘလက်ရော့ခ်(Black Rock)

တနင်္သာရီတိုင်းဒေသကြီးတွင် ရေငုပ်မည်ဆိုပါက ကော့သောင်းမြို့ကို ရွေးချယ်သင့်ပါသည်။ ကော့သောင်းမြို့ မြောက်ဘက် ၆၀ ကီလိုမီတာသာ ကွာဝေးသော ဘလက်ရော့ခ် (Black Rock) သို့ သွားရောက်ခြင်းဖြင့် ရေငုပ်ခရီးစဉ်ကိုစတင်နိုင်ပါသည်။ ဘလက်ရော့ခ် (Black rock) သည် fish magnet နှင့် မယုံနိုင်လောက်အောင် ကြီးမားသော မိုဗျူလာငါးအုပ်များကြောင့် လူသိများ ပါသည်။ ငါးလိပ်ကျောက်မျိုးစုံနှင့်လည်း စိတ်လှုပ်ရှားဖွယ် အတွေ့အကြုံများလည်း ဖန်တီးပေးနိုင် ပါလိမ့်မည်။ ရေငုပ်ပြီးအနီမိုနီပန်းများနှင့် ခရမ်းရောင်သန္တာကျောက်တန်းများကိုကြည့်ရှုနိုင်ပါ သည်။ အပြာရောင်၊ အဝါရောင်၊ အစိမ်းရောင်နှင့် လိမ္မော်ရောင် ပျော့ပျောင်းသော ပြွန်သန္တာ ကျောက်တန်းများအပြင် ထရီဗယ်လီငါးများနှင့် ပင်လယ်မြွေများလည်း ရှိပါသေးသည်။

ဒုတိယနေ့ – ကြက်မောက်ကျွန်း

ခရီးစဉ်၏ဒုတိယနေ့တွင် နံနက်စောစောထပြီး နှစ်နာရီခန့်သာကွာဝေးသော ကြက်မောက် ကျွန်းသို့ သွားရောက်လည်ပတ်ပါမည်။ ထိုကျွန်းသို့ လာရောက်လည်ပတ်ရသည့် အဓိကအချက်မှာ ကျွန်းအလယ်ရှိ အသည်းပုံရေကန်ကြောင့် ဖြစ်ပါသည်။ ရေကန်သို့ရောက်ရန် တောတောင်များအား ဖြတ်ကျော်ပြီး ကျောက်လိုဏ်ဂူအောက်မှတွားသွားရပါသေးသည်။ ခရီးစဉ်မှာ စိတ်လှုပ်ရှားစရာ ကောင်းပြီး ရှုခင်းများမှာလည်း ရင်သပ်ရှုမောဖွယ်ရာ ကောင်းလှပါသည်။ ရေအိုင်၏ ရေတိမ်ပိုင်း၌ သန္တာကျောက်တန်းများနှင့် ရေနေသတ္တဝါများအား ကြည့်ရှုရန် အကောင်းဆုံးနေရာဖြစ်သည်။

တတိယနေ့ – High Rock

ကော့သောင်းမြို့မှ ၂၅ ကီလိုမီတာ အကွာအဝေးတွင် ရေငုပ်ရန် သတ်မှတ်ထားသော နေရာရှိပါသည်။ သစ်ပင်တစ်ပင်သာရှိသော ကျွန်းငယ်လေး ဖြစ်သော်လည်း တောင်ဘက်နှင့် အနောက်ဘက်တွင် ကျောက်ဆောင်ကျောက်တန်းများဖြင့် ဝန်းရံထားပါသည်။ ရေငုပ်သည့်အခါ ရေထဲရှိ ငါးမျိုးစုံတို့ကို အံ့ဩဖွယ် တွေ့မြင်ရပါလိမ့်မည်။ အပြာလိုင်းငါးများ၊ အဝါရောင် အမြီးရှိသော ဘားရာကူဒါငါးများနှင့် အခြားငါးမျိုးစိတ်မျိုးစုံလည်း ရှိပါသည်။

Popular in Tanintharyi Region

ဆက်သွယ်ရန်

ရုံးအမှတ် (၃၃), ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန, နေပြည်တော်မြို့, မြန်မာနိုင်ငံ

+၉၅ ၆၇ ၃၄၀ ၆၄၅၈,

+၉၅ ၆၇ ၃၄၀ ၆၂၄၇, +၉၅ ၆၇ ၃၄၀ ၆၁၂၉

© COPYRIGHT 2020. ALL RIGHTS RESERVED