Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 216

Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 240

Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 247

Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 248
ရန်ကုန်မှ ငပလီသို့ စက်ဘီးစီးခရီးစဉ် – Tourism Myanmar
Skip to content

စက်ဘီးစီးခရီးစဉ်

ရန်ကုန်မှ ငပလီသို့

စိတ်ဝင်စားဖွယ်ရာများ

  • နိုင်ငံ၏ သာယာလှပသော ခရီးစဉ်လမ်းကြောင်းမှ တစ်ဆင့် စက်ဘီးစီးနင်းခြင်း
  • မြို့နှင့် ကျေးရွာငယ်လေးများတွင် ညအိပ်ရပ်နားခြင်းဖြင့် ဒေသခံများ၏ လူနေမှုဘဝများကို နားလည်သဘောပေါက်စေပါသည်။
  • မြန်မာနိုင်ငံ၏ အလှပဆုံးကမ်းခြေများအနက်တစ်ခုအပါအဝင်ဖြစ်သော ငပလီကမ်းခြေသို့ သွားရောက် လည်ပတ်ခြင်း

ပထမနေ့ – ရန်ကုန်မြို့မှ ပန်းတနော်မြို့သို့ ထွက်ခွာခြင်း

သင်တို့၏ခရီးစဉ်ကိုဒီနေ့ပဲစတင်လိုက်ပါ။ဆားမလောက်-ညောင်တုန်းကားလမ်းအတိုင်းစက်ဘီး စီးနင်းသွားမည်ဆိုပါက ယာဉ်အသွားအလာရှင်းလင်းမည်ဖြစ်ပါသည်။ ညောင်တုန်းမြို့သို့ ရောက်လျှင် နေ့လည်စာစားပြီး အနားယူနိုင်ပါသည်။ ညောင်တုန်းမြို့သည် ဧရာဝတီမြစ်ကမ်းပေါ်တွင် တည်ရှိပြီး မြစ်ကမ်းနားတွင် အနားယူအပန်းဖြေနိုင်ပါသည်။ ဆက်လက်၍ ညောင်ချောင်းသာကမ်းခြေသို့လည်း သွားရောက် လည်ပတ်နိုင်ပါသည်။ အနားယူပြီးနောက် ပုသိမ်ကားလမ်းအတိုင်း ခရီးစဉ်ပြန်လည် စတင်ပြီး ညအိပ်တည်းခိုမည့် ပန်းတနော်မြို့သို့ ရောက်ရှိမည်ဖြစ်ပါသည်။

ဒုတိယနေ့ – ပန်းတနော်မြို့မှ ငသိုင်းချောင်မြို့သို့ သွားရောက်ခြင်း

ဒုတိယနေ့တွင် နံနက်စာစားပြီးနောက် ကားလမ်းအတိုင်းဆက်လက်စီးနင်းပြီး ပသွေးလမ်းဆုံ မှတစ်ဆင့်ကျောင်းကုန်းမြို့သို့ဆက်လက်ထွက်ခွာပါမည်။ နေ့လည်စာစားချိန်ခန့်တွင် အသုတ်ကျေးရွာ သို့ရောက်ရှိပြီး ဒေသထွက်အစားအစာများတစ်ဝကြီးစားသောက်နိုင်ပြီး အနားယူနိုင်ပါသည်။ အနားယူ စားသောက်ပြီးနောက် ငသိုင်းချောင်းသို့ ရောက်ရှိရန် ၂၅ ကီလိုမီတာ စီးနင်းရမည်။ ငသိုင်းချောင်းမြို့ တွင် ညအိပ်ရပ်နားပါမည်။

တတိယနေ့ – ငသိုင်းချောင်းမြို့မှ ကြွေချိုင်သို့ ထွက်ခွာခြင်း

နံနက်စာစားပြီးနောက် ရခိုင်ရိုးမရှိ ဂွမြို့သို့ စက်ဘီးဖြင့် ဆက်လက်ထွက်ခွာပြီး (၂)နာရီခန့် စီးနင်းရမည်ဖြစ်ပါသည်။ဂွမြို့မှဆက်လက်စီးနင်းလာရာ ဒေသခံများအကြားကျော်ကြားသည့် ကမ်းသာ ယာကမ်းခြေအထိ ပင်လယ်ကမ်းခြေတစ်လျှောက်သည် သာယာလှပသည်ကို တွေ့မြင်ရမည် ဖြစ်ပါ သည်။ ကမ်းခြေအနီးရှိ ဆတ်သွားကျေးရွာတွင် နေ့လည်စာစားပြီးနောက် ပင်လယ်ကမ်းခြေတွင်တည် ရှိသော ရွာငယ်လေးဖြစ်သည့် ကြွေချိုင်သို့ ရောက်ရှိပြီး ညအိပ်ရပ်နားမည်ဖြစ်ပါသည်။

စတုတ္ထနေ့ – ကြွေချိုင်မှ ငပလီသို့ ထွက်ခွာခြင်း

စတုတ္ထနေ့သည် စက်ဘီးစီးခရီးစဉ်၏နောက်ဆုံးနေ့ဖြစ်ပြီး အရှည်ဆုံးနေ့လည်းဖြစ်ပါသည်။ နံနက်စောစောထွက်ခွာခဲ့ပြီး ရခိုင်ရိုးမတောင်တန်းများကို ဖြတ်ကျော်ဖောက်လုပ်ထားသည့် လှပသော လမ်းကို ဖြတ်ကျော်စီးနင်းကြမည်ဖြစ်ပါသည်။ စက်ဘီးစီးနင်းလာရာလမ်းတစ်လျှောက်တွင် အချို့လမ်း အပိုင်း၌ ပင်လယ်ပြင်ကြီးအား အပေါ်စီးမှ မြင်တွေ့နိုင်မည်ဖြစ်ပါသည်။ နေ့လည်စာစားသုံးပြီး အနား ယူနိုင်သည့် မရေမတွက်နိုင်အောင်များပြားလှသော ကျေးရွာများကို ဖြတ်သန်းပြီးနောက်ညနေပိုင်းတွင် မြန်မာနိုင်ငံ၏ အလှပဆုံးကမ်းခြေများအနက်တစ်ခုအပါအဝင်ဖြစ်သော ငပလီကမ်းခြေသို့ရောက်ရှိပြီး ညအိပ်ရပ်နားမည်ဖြစ်ပါသည်။

ပဉ္စမနေ့ – ငပလီကမ်းခြေတွင် အနားယူအပန်းဖြေခြင်း

ငပလီကမ်းခြေသည် မြန်မာနိုင်ငံ၏အလှပဆုံးကမ်းခြေများတွင် တစ်ခုအပါအဝင်ဖြစ်ပြီး ယနေ့ တွင် ကမ်းခြေ၌ အနားယူအပန်းဖြေကြမည်ဖြစ်ပါသည်။ ရက်အနည်းငယ်ကြာ စက်ဘီးဖြင့် ခရီးနှင် လာခဲ့သည့်အတွက် နေရောင်ခံခြင်း၊ ပင်လယ်တွင်ရေကူးခြင်းနှင့် အေးချမ်းစွာအနားယူခြင်းတို့ ပြုလုပ် သင့်ပါသည်။ ကယက်လှေ(သို့) လှေစီး၍ အနီးတစ်ဝိုက်ရှိ ကျွန်းအချို့သို့သွားရောက်လည်ပတ်နိုင်ပါ သည်။ လတ်ဆတ်သောပင်လယ်စာများ ချက်ပြုတ်ရောင်းချသည်ကိုလည်း တွေ့ရမည်ဖြစ်ပါသည်။ ရေဓါတ်ဖြည့်တင်းပေးနိုင်မည့် အုန်းစိမ်းရေအနည်းငယ်သောက်လိုက်ပါ။နေဝင်ဆည်းဆာနှင့် တစ်ဖြည်း ဖြည်းမှောင်ရီပျိုးလာသည်ကို ခံစားရင်း တစ်နေ့တာကို အဆုံးသတ်လိုက်ပါ။

ဆက်သွယ်ရန်

ရုံးအမှတ် (၃၃), ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန, နေပြည်တော်မြို့, မြန်မာနိုင်ငံ

+၉၅ ၆၇ ၃၄၀ ၆၄၅၈,

+၉၅ ၆၇ ၃၄၀ ၆၂၄၇, +၉၅ ၆၇ ၃၄၀ ၆၁၂၉

© COPYRIGHT 2020. ALL RIGHTS RESERVED