ကလော
စိတ်ဝင်စားဖွယ်ရာများ
- မြန်မာနိုင်ငံ၏မြို့ကြီးများဖြစ်သော- ရန်ကုန်မြို့၊ ပုဂံမြို့၊ မန္တလေးမြို့များသို့ သွားရောက် လည်ပတ်ခြင်း
- မြို့အသီးသီးရှိ အထင်ကရနေရာများကို သွားရောက်လည်ပတ်ခြင်း
- မြန်မာပြည်အလယ်ပိုင်း၏ အမြင့်ဆုံးတောင်ထိပ်ဖြစ်သော နတ်မတောင်တွင် ခရီးကြမ်းလမ်း လျှောက်ခြင်း

ပထမနေ့ - မန္တလေးမြို့သို့ ထွက်ခွါခြင်း
မန္တလေးမြို့သည် ကမ္ဘာတစ်ဝှမ်းရှိ ခရီးသွားများအတွက် နှစ်သက်ဖွယ်ခံစားမှုမျိုးစုံကို ပေးစွမ်း နိုင်သော ခရီးစဉ်ဒေသတစ်ခု ဖြစ်ပါသည်။ မဟာမုနိရုပ်ပွားတော်မြတ်၊ ရွှေအင်းပင်ကျောင်းတော်၊ မန္တလေးနန်းတော်တို့သို့ သွားရောက်လည်ပတ်မည်ဖြစ်ပါသည်။ ထို့အပြင် ရွှေနန်းတော်ကျောင်း၊ အတု မရှိရွှေကျောင်းတော်တို့ကိုလည်းလည်ပတ်နိုင်ပါသည်။မန္တလေးတောင်တွင် နေဝင်ဆည်းဆာကြည့်ရှု့ပြီး အပြန်လမ်းတွင် ကုသိုလ်တော်ဘုရား၊ စန္ဒြာမုနိဘုရားတို့ကိုဖူးမျှော်နိုင်ပါသည်။

ဒုတိယနေ့ - ကလောသို့ရောက်ခြင်းနှင့် လည်ပတ်ခြင်း
နံနက်စာစားပြီးချိန်တွင် မော်တော်ယာဉ်ဖြင့် ကလောသို့သွားရောက်ပြီးကလောမြို့၏ အလှအပ များကိုခံစားရန် ဖြစ်ပါသည်။ ရွှေဥမင်ဘုရား၊ တိန်တောင်ဘုရား၊ နှီးဘုရား၊ ကလောဘူတာရုံတို့သို့ သွား ရောက်လည်ပတ်ရင်းဒေသထွက် အစားအစာများနဲ့ ညစာသုံးဆောင်မှာ ဖြစ်ပါသည်။ ထို့နောက် နောက်နေ့ ခရီးစဉ်အတွက် ပြင်ဆင်ရင်း ညအိပ်အနားယူရန် ဖြစ်ပါသည်။

တတိယနေ့ - ကလော၌ ခရီးကြမ်းလမ်းလျှောက်ခြင်း
ကလောမြို့ပတ်ဝန်းကျင်မှာ ခရီးကြမ်းလမ်းလျှောက်ဖို့ နံနက်စောစောထွက်ခွာမှာဖြစ်ပါသည်။ ဒေသအနေအထားကိုသိတဲ့ ဒေသခံဧည့်လမ်းညွှန်များက ခရီးကြမ်းလမ်းလျှောက်ဖို့ ကူညီဆောင်ရွက် ပေးမှာဖြစ်ပါသည်။ ကျေးရွာများကိုဖြတ်ကျော်ပြီးလျှင် မြန်မာ့တောတောင်ရေမြေရှု့ခင်းများ၊ လက်ဖက် စိုက်ခင်းများ၊ လိမ္မော်ခြံများကိုလည်း တွေ့ရှိရမှာဖြစ်ပါသည်။ နာမည်ကျော် View Points တွင် ဓါတ်ပုံ ရိုက်ကူးပြီးပါက ခရီးစဉ်အပြန်တွင် တစ်နေ့တာ ပင်ပန်းနွမ်းနယ်မှုကို အနားယူနိုင်ရန် ညအိပ်ရပ်နား မှာဖြစ်ပါသည်။

စတုတ္ထနေ့ - ကလောမှ ပုဂံသို့ ထွက်ခွာခြင်း
ကလောမှပုဂံသို့ နံနက်ပိုင်းမှာလေယာဉ်ဖြင့်ထွက်ခွာပြီး ပုဂံသို့ရောက်ရှိတဲ့အခါတွင် ရှေးဟောင်း သမိုင်းဝင်နေရာဒေသများကိုလည်ပတ်နိုင်မှာဖြစ်ပါသည်။မီးပုံးပျံစီးခြင်းဖြင့်နေဝင်ဆည်းဆာကြည့်ခြင်း၊ နန်းမြင့်မျှော်စင်သို့တက်ရောက်ပြီး ဘုရားပုထိုးများနှင့် နေဝင်ရှု့ခင်းကြည့်ရှု့ခြင်း၊ သစ်ပင်များအုပ်မိုး ထားမှုတို့ကို ကြည့်ရှု့ခံစားနိုင်ပါသည်။ညနေပိုင်းတွင် ပုဂံဒေသထွက်ယွန်းထည်ဆိုင်များသို့ ဈေးဝယ် ထွက်နိုင်ပါသည်။

ပဉ္စမနေ့ - ပုပ္ပါးတောင်သို့ တက်ရောက်ခြင်း
ပုပ္ပါးတောင်သို့ နေ့ချင်းပြန် ခရီးဝေးလမ်းလျှောက်တက်ရောက်ရန် ပင်လယ်ရေမျက်နှာပြင် အထက် မီတာ ၈၀၀မြင့်သော Popa Mountain Resort မှ စတင်မှာဖြစ်ပါသည်။ ပုဂံမှ ပုပ္ပါးသို့ ၁ နာရီခွဲခန့်မောင်းနှင်ရပါသည်။ ခရီးလမ်းကြောင်းများသိရှိဖို့ မြေပုံများစုစည်းယူဆောင်သွားသင့်ပါသည်။ အများအသုံး ပြုသောခရီးစဉ်လမ်းကြောင်းများဖြစ်သဖြင့် တောတောင်တက်သောသူများကိုလည်း တွေ့ရှိရမှာဖြစ်ပြီး တောင်တက်နေစဉ်အတွင်း ရင်သပ်ရှု့မောဖွယ်မြင်ကွင်းများကို တွေ့ရှိနိုင်ပါသည်။ သင့်ရဲ့ ခရီးစဉ်ပြီးဆုံးလျှင် ပုဂံသို့ ပြန်လည်ထွက်ခွာ အနားယူနိုင်ပါသည်။

ဆဌမနေ့ - ပုဂံဘုရားများဖူးမျှော်ခြင်း
ပုဂံဘုရားများ မဖူးဘဲပြန်ရလျှင် ပုဂံသို့ရောက်ဖူးသည်ဟုမသတ်မှတ်ကြောင်း ပြောစမှတ်ဖြစ်ကြ ပါသည်။ ဘုရားဖူးခရီးစဉ်တွင်ပုဂံ၏ အဓိကခရီးသွားဆွဲဆောင်မှုနေရာများသို့ သွားရောက်လည်ပတ်ရန် ဖြစ်သည်။ နန်းမြင့်မျှော်စင်သို့ တက်ရောက်ကြည့်ရှု့ခြင်း၊ စေတီပုထိုးများ နောက်ခံမြင်ကွင်းမှ နေဝင် ရှု့ခင်း၊ သစ်ပင်များအုပ်မိုးနေတဲ့ရှု့ခင်းများကို ခံစားနိုင်ပါသည်။

သတ္တမနေ့ - ရန်ကုန်ခရီးစဉ်ထွက်ခွာခြင်း၊ လှည့်လည်ကြည့်ရှု့ခြင်း
ခရီးစဉ်နောက်ဆုံးနေ့တွင် ရန်ကုန်မြို့သို့ ထွက်ခွာခြင်းနဲ့ မြို့တွင်းလည်ပတ်ခြင်းဖြစ်ပါတယ်။ ရန်ကုန်မြို့သည် မြန်မာနိုင်ငံရဲ့အကြီးဆုံးမြို့တော်ဖြစ်ပြီး နိုင်ငံရဲ့မြို့ပြယဉ်ကျေးမှုထွန်းကားမှုကို တွေ့ရှိ နိုင်ပါသည်။ မြန်မာနိုင်ငံတွင် နာမည်ကျော်ကြားသော ရွှေတိဂုံဘုရားကို ဖူးမျှော်ရခြင်းသည် ရွှေတောင် ကြီးကိုတွေ့ရသလို ရင်သပ်ရှု့မောဖြစ်ရမှာ ဖြစ်သည်။ မြန်မာ့ဒဏ္ဍာရီရာဇဝင်ထဲက ငှက်ပုံသဏ္ဍာန်တည် ဆောက်ထားသော ကရဝိတ်နန်းတော်ဖောင်တော်ကိုလည်း သွားရောက်လည်ပတ် နိုင်ပါသည်။ ရန်ကုန်မြို့ ပတ်ဝန်းကျင်ကို ကြည့်ရှု့ရင်း ဗိသုကာလက်ရာများ၊ ကိုလိုနီခေတ်အဆောက်အဦများကို လည်း တွေ့မြင်နိုင်ပါသည်။
နတ်မတောင်ခရီးစဉ်
စိတ်ဝင်စားဖွယ်ရာမျာ
- မြန်မာနိုင်ငံနာမည်ကျော်မြို့များဖြစ်တဲ့ ရန်ကုန်၊ ပုဂံ၊ မန္တလေးမြို့များသို့လည်ပတ်ခြင်း
- Enjoy the best of each city
- နတ်မတောင်သို့တောတွင်းခရီးကြမ်းလမ်းလျှောက်ခြင်း

ပထမနေ့ - ရန်ကုန်မြို့တွင်းလည်ပတ်ခြင်း
မြန်မာနိုင်ငံစီးပွားရေးမြို့တော်မှကြိုဆိုလျက်ပါ။ မြို့တော်အနှံ့လျောက်လည်ရင်း အချိန်ကုန်ဆုံး နိုင်မှာဖြစ်ပါသည်။ ရန်ကုန်မြို့သည် မြန်မာနိုင်ငံရဲ့ အကြီးမားဆုံးမြို့တော်ဖြစ်ပြီး နိုင်ငံရဲ့မြို့ပြ ထွန်းကားမှုကို တွေ့မြင်နိုင်ပါသည်။ မြန်မာနိုင်ငံရဲ့ နာမည်ကျော်ရွှေတိဂုံဘုရား၊ ဆူးလေစေတီ၊ ဗိုလ်တစ်ထောင်ဘုရား၊ စွယ်တော်မြတ်စေတီတို့ကို နံနက်ပိုင်းမှာ ဖူးမျှော်မှာဖြစ်ပါသည်။ သင်ဟာ တောရိုင်းတိရစ္ဆာန်ကိုချစ်မြတ် နိုးသူဖြစ်လျှင် ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ကို လည်ပတ်နိုင်ပါသည်။ ရန်ကုန်မြို့တွင်းလျှောက်လည်ရင်း ကိုလိုနီခေတ်ကာလအဆောက်အဦများနှင့် ဗိသုကာလက်ရာများကို တွေ့ရှိရနိုင်ပါသည်။ ဒေသထွက်ကုန်များ ဝယ်ယူလိုပါက ဗိုလ်ချုပ်ဈေးကို သွားရောက်လည်ပတ်ဖို့ အကြံပြုချင်ပါသည်။ ခရီးစဉ်နေ့အဆုံးမှာတော့ ညစာကို မြန်မာ့ထမင်း ဟင်းလက်ရာအစစ်အမှန်များနဲ့ သုံးဆောင်ရမှာဖြစ်ပါသည်။

ဒုတိယနေ့ - ရန်ကုန်မှ ပုဂံသို့ ထွက်ခွာခြင်း
ခရီးစဉ်ဒုတိယနေ့ နံနက်ပိုင်းမှာ ရန်ကုန်မှ ပုဂံသို့ ထွက်ခွာပြီး ပုဂံဘုရားများလည်ပတ်ကြည့်ရှု့ ရမှာဖြစ်ပါသည်။ မီးပုံးပျံစီးခြင်းဖြင့် အာရုဏ်တက်ချိန် နေထွက်ခြင်းကိုကြည့်ခြင်း၊ နန်းမြင့်မျှော်စင်သို့ တက်ရောက်ပြီး ဘုရားပုထိုးများနှင့် နေဝင်ရှု့ခင်းကြည့်ရှု့ခြင်း၊ သစ်ပင်များ အုပ်မိုးထားမှုတို့ကို ကြည့်ရှု့ ခံစားနိုင်ပါသည်။ ညနေပိုင်းမှာတော့ပုဂံဒေသထွက် ယွန်းထည်ဆိုင်များသို့ ဈေးဝယ်ထွက်နိုင်ပါသည်။

တတိယနေ့ ပုဂံမှ နတ်မတောင်သို့ ထွက်ခွာခြင်း
နံနက်ပိုင်းမှာ ပုဂံရဲ့နေထွက်ချိန်အလှကို ခံစားနိုင်ပြီး နံနက်စာစားပြီးနောက် ကိုယ်ပိုင်ယာဉ်ဖြင့် နတ်မတောင်သို့ ထွက်ခွာမှာဖြစ်ပါသည်။ ဒီခရီးစဉ်အတွက် ၈နာရီသာသာခန့် မောင်းနှင်ပြီးတဲ့အခါ ကျေးလက်ရှု့ခင်းများ တွေ့ရှိခံစားနိုင်ပြီး လမ်းတစ်လျှောက်ရပ်နားချင်တဲ့ နေရာမှာ နားနေနိုင်ပြီး နတ်မတောင်မှာညအိပ်ရပ်နားမှာဖြစ်ပါသည်။

စတုတ္ထနေ့ - နတ်မတောင်၌ ခရီးကြမ်းလမ်းလျှောက်ခြင်း
ယနေ့သင့်ခရီးစဉ်မှာ ချင်းပြည်နယ် နတ်မတောင်၏ ခရီးသွားဆွဲဆောင်မှုများကို တွေ့ရှိရမှာဖြစ် ပါသည်။ ခရီးကြမ်းလမ်းလျှောက်ခြင်းအတွက် တောင်များစွာ တွေ့ရှိနိုင်ပါသည်။ အချို့တောင်များသည် တနေကုန်ခရီးစဉ်၊ နေ့တစ်ဝက်ခရီးစဉ်များ သွားရောက်ပြီး ကြမ်းတမ်းခက်ခဲမှုများကို ရင်ဆိုင်ရမည်ဖြစ် သည်။ တောတွင်းခရီးကြမ်းများသည်သင့်အတွက် အကောင်းဆုံးရွေးချယ်နိုင်မှုဖြစ်ပါစေ။ အကောင်း ဆုံးအတွေ့အကြုံအတွက် ဒေသခံဧည့်လမ်းညွှန်များကို ငှားရမ်းဖို့အကြံပြုချင်ပါသည်။

ပဉ္စမနေ့ - နတ်မတောင်မှ ပုဂံနှင့် မန္တလေးသို့ထွက်ခွာခြင်း
နတ်မတောင်မှ နံနက်စောစောထွက်ခွာပါက ပုဂံသို့ ၈နာရီခန့်အကြာမှာ ရောက်ရှိနိုင်ပါသည်။ ပုဂံလေဆိပ်သို့ရောက်ရှိပြီး မန္တလေးသို့လေယာဉ်ဖြင့်ထွက်ခွာမှာဖြစ်ပါသည်။ နောက်တစ်နေ့မှာတော့ မန္တလေးမှာလည်ပတ်မှာဖြစ်ပါသည်။

ဆဌမနေ့ - အမရပူရသို့ လည်ပတ်ခြင်း
ဒီနေ့ခရီးစဉ်တွင် အမရပူရမြို့နဲ့ ပတ်ဝန်းကျင်စိတ်ဝင်စားဖွယ် ခရီးသွားဆွဲဆောင်မှုများကို လည်ပတ်ကြည့်ရှု့ရမှာ ဖြစ်ပါသည်။ ဒီခရီးစဉ်အတွင်းမှာ ဗားကရာကျောင်းတိုက်၊ ကျောက်တော်ကြီး ဘုရား၊ ဆုတောင်းပြည့်ကျောင်းတိုက်၊ ပုထိုးတော်ကြီးတို့ပါဝင်မှာ ဖြစ်ပါသည်။ အထင်ကရခရီးသွား ဆွဲဆောင်မှုများဖြစ်တဲ့ ကမ္ဘာ့အရှည်ဆုံးသစ်သားတံတားဖြစ်သော ဦးပိန်တံတားမှာ လမ်းလျှောက်ခြင်း ဟာတစ်နေ့တာ ခရီးစဉ်ရဲ့ အဓိကဖြစ်ပြီး ညနေပိုင်းမှာ နေဝင်ဆည်းဆာအလှကို ကြည့်ရှု့နိုင်ပါသည်။ မန္တလေး မြို့မှာ ညအိပ်ရပ်နားမှာဖြစ်ပါသည်။

သတ္တမနေ့ - မန္တလေးမြို့သို့ လည်ပတ်ခြင်း
မန္တလေးမြို့ကို လည်ပတ်တဲ့အခါမှာ မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှုမြို့တော်အဖြစ် ခံစားရမှာပါ။ မဟာမုနိရုပ်ပွားတော်မြတ်၊ ရွှေအင်ပင်ကျောင်း၊မန္တလေးနန်းတော်တို့အပြင်ရွှေနန်းတော်ကျောင်း၊ အတု မရှိရွှေကျောင်းတော်တို့ကိုလည်း လည်ပတ်ရမှာဖြစ်ပါသည်။ ဒီခရီးစဉ်များပြီးလျှင် မန္တလေးတောင်သို့ လည်းကောင်း အပြန်လမ်းမှာ ကုသိုလ်တော်ဘုရား၊ စန္ဒာမုနိဘုရားတို့ကိုလည်းကောင်း လည်ပတ်ပြီး မန္တလေးတောင်မှ နေဝင်ဆည်းဆာအလှဆွဲဆောင်ဖမ်းစားမှုများကို ကြည့်ရှု့ရမှာဖြစ်ပါသည်။
ခါကာဘိုရာဇီ
စိတ်ဝင်စားဖွယ်ရာများ
- ခါကာဘိုရာဇီခရီးစဉ်တွင်မြန်မာနိုင်ငံ၏ယဉ်ကျေးမှုမြို့တော်ဖြစ်သောရန်ကုန်မြို့၊သာယာအေးချမ်းသည့်မြို့များဖြစ်သော ပူတာအိုနှင့် မြစ်ကြီးနားမြို့များသို့လည်ပတ်သွားလာခြင်း
- ကျေးရွာများနှင့် ခြေကျင်ခရီးသွားလမ်းကြောင်းတလျှောက်ရှိသာယာလှပသောသဘာဝရှုမျှော်ခင်းများကိုကြည့်ရှုခံစားခြင်း
- ဧရာဝတီမြစ်စတင်ရာမြစ်ဆုံဒေသသို့သွားရောက်လည်ပတ်ခြင်း

ပထမနေ့: ရန်ကုန်
ရန်ကုန်မြို့သည်မြန်မာနိုင်ငံ၏အကြီးဆုံးမြို့ဖြစ်ပြီး မြို့ပြယဉ်ကျေးမှုများကိုကြည့်ရှုခံစားနိုင်ရန် အကောင်းဆုံးနေရာတစ်ခုဖြစ်ပါသည်။ နံနက်ခင်းပိုင်းတွင် မြန်မာနိုင်ငံ၏အထင်ကရ ရွှေတိဂုံ စေတီတော်၊ ဆူးလေစေတီတော်၊ ဗိုလ်တစ်ထောင်ဘုရားနှင့် စွယ်တော်မြတ်စေတီတော် တို့သို့ သွားရောက်ဖူးမျှော်နိုင်မည်ဖြစ်ပါသည်။ တောရိုင်းတိရိစ္ဆာန်များကိုချစ်မြတ်နိုးတတ်သူများ အနေဖြင့်လည်း ရန်ကုန်တိရစ္ဆာန်ဉယျာဉ်သို့သွားရောက်လေ့လာနိုင်ပါသည်။ ရန်ကုန်မြို့လယ်ရှိ ကိုလိုနီခေတ်အဆောက်အဦများနှင့် ရှေးခေတ်ဗိသုကာလက်ရာများကိုလည်းလမ်းလျှောက် လေ့လာကြည့်ရှုရန်အကြံပြုလိုပါသည်။ ဒေသထွက်ပစ္စည်းများနှင့် အမှတ်တရလက်ဆောင်ပစ္စည်း များရှာဖွေဝယ်ယူလိုပါက ဗိုလ်ချုပ်အောင်ဆန်းဈေးသို့သွားရောက်ရန်တိုက်တွန်းလိုပါသည်။ မြန်မာ့ရိုးရာအစားအစာများဖြင့်ညစာစားသုံးပြီး ရန်ကုန်ခရီးစဉ်၏ တစ်နေ့တာကို ကုန်ဆုံးနိုင် ပါသည်။

ဒုတိယနေ့: ရန်ကုန်မှ ပူတာအို
ခရီးစဉ်၏ဒုတိယနေ့တွင် ရန်ကုန်မှ ပူတာအိုသို့ လေယာဉ်ဖြင့်သွားရောက်မည်ဖြစ်ပါသည်။ ပူတာအိုမြို့သည် မြန်မာနိုင်ငံမြောက်ပိုင်း ဟိမဝန္တာတောင်စောင်းတွင်တည်ရှိသည့် တောင်ပေါ် မြို့ငယ်လေးတစ်မြို့ဖြစ်ပြီးမြို့တွင်းသို့ခြေကျင်လမ်းလျှောက်လေ့လာနိုင်ပါသည်။ ပူတာအိုမြို့၏ အချို့နေရာများသို့ နိုင်ငံခြားသားဧည့်သည်များသွားလာခွင့်မပြုထားခြင်းကြောင့် နိုင်ငံခြားသား ဧည့်သည်များအနေဖြင့် မိမိတို့တည်းခိုနေထိုင်မည့်ဟိုတယ်များတွင်ဦးစွာစုံစမ်းပြီးမှ သွားလာရန် အကြံပြုလိုပါသည်။

တတိယနေ့: မူလာရှီးဒီရွာတွင်ခြေကျင်လမ်းလျှောက်ခရီးသွားခြင်း
ခရီးစဉ်၏တတိယမြောက်နေ့တွင် မြန်မာနိုင်ငံ၏အမြင့်ဆုံးဒေသရှိခြေကျင်လမ်းကြောင်းခရီးစဉ် ဖြစ်သည့် မူလာရှီးဒီရွာသို့သွားရောက်လည်ပတ်မည်ဖြစ်ပါသည်။ မူလာရှီးဒီရွာသည် ပူတာအိုမြို့မှ ၁၃ ကီလိုမီတာအကွာ ကားဖြင့် မိနစ် ၃၀ ခန့်သွားရောက်ရသည့်အကွာအဝေးတွင်တည်ရှိပါသည်။ နံနက်ပိုင်းတွင် ပူတာအိုမြို့မှ အဌားယာဉ်ဖြင့်သွားရောက်မည်ဖြစ်ပြီး မူလာရှီးဒီကြိုးတံတားပေါ် တွင် လမ်းလျှောက်ဖြတ်သန်းရမည်ဖြစ်ပါသည်။ ၎င်းဒေသအနီးတဝိုက်တွင်ခြေကျင်ခရီးသွားနိုင် မည့်လမ်းကြောင်းများစွာရှိရာ မိမိနှစ်သက်ရာလမ်းကြောင်းကို ရွေးချယ်လည်ပတ်သွားလာနိုင်ပြီး ညနေပိုင်းတွင် ပူတာအိုမြို့သို့ညအိပ်တည်းခိုရန်ပြန်လည်ထွက်ခွာမည်ဖြစ်ပါသည်။

စတုတ္ထနေ့: ထက်စန်ဂေါင်ရွာတွင် ခြေကျင်လမ်းလျှောက်ခရီးသွားခြင်း
နံနက်စာစားပြီးချိန်တွင် ပူတာအိုမြို့မှ ၂၂ ကီလိုမီတာအကွာတွင်ရှိသည့် ထက်စန်ဂေါင်ကျေးရွာသို့ သွားရောက်မည်ဖြစ်ပါသည်။ ကျေးရွာအနီးတဝိုက်တွင်ခြေကျင်ခရီးသွားလာခြင်းများပြုလုပ်နိုင်ပြီး ကျေးရွာနေတောင်ပေါ်တိုင်းရင်းသားမျိုးနွယ်စုများနှင့်လည်း စကားစမြည်ပြောဆိုနိုင်မည်ဖြစ်ပါ သည်။ ၎င်းကျေးရွာတွင်ညအိပ်နေထိုင်ရင်း မြန်မာတို့၏ဖော်ရွေတတ်သည့်ဓလေ့များကိုခံစားနိုင် မည်ဖြစ်ပါသည်။

ပဉ္စမနေ့ : ပူတာအိုမှ မြစ်ကြီးနား
ပူတာအိုမြို့သို့မော်တော်ကားဖြင့်သွားရောက်ပြီးထိုမှတဆင့် မြစ်ကြီးနားမြို့သို့ လေယာဉ်ဖြင့် သွားရောက်မည်ဖြစ်ပါသည်။ မြစ်ကြီးနားမြို့တွင်တည်းခိုနေထိုင်မည့် ဟိုတယ်၌ Check in ဝင်ရောက်ပြီးနောက် မြစ်ကြီးနားဈေး၊ ဆုတောင်းပြည်ဘုရား၊ လျောင်းတော်မူဘုရားနှင့် ကချင်မနောဉယျာဉ်တို့သို့ သွားရောက်လည်ပတ်ကြည့်ရှုမည်ဖြစ်ပါသည်။

ဆဌမနေ့: မြစ်ဆုံ
မြစ်ကြီးနားမြို့မှ ၄၅ ကီလိုမီတာအကွာတွင်တည်ရှိသည့် မြစ်ဆုံသို့သွားရောက်လည်ပတ်မည် ဖြစ်ပါသည်။ မြစ်ဆုံသည် ခါကာဘိုရာဇီတောင်မှမြစ်ဖျားခံကာစီးဆင်းလာသည့် မေခနှင့် မလိခ မြစ်နှစ်သွယ်ပေါင်းဆုံပြီး မြန်မာနိုင်ငံ၏နှလုံးသားဖြစ်သည့် ဧရာဝတီမြစ်အဖြစ်စတင်စီးဆင်းသည့် နေရာဖြစ်ပါသည်။ မြစ်ဆုံဒေသတွင် ကြည့်ရှုသွားလာလည်ပတ်စရာများစွာရှိရာ တန်ဖဲရွာတွင် သစ်ဆွဲဆင်များအားကြည့်ရှုခြင်း၊ မလိခမြစ်အတွင်းအပျော်စီးသင်္ဘောစီးခြင်းစသည်တို့ကို လုပ်ဆောင်နိုင်ပါသည်။ ထို့ပြင် မြစ်ကြီးနားမြို့သို့ အပြန်လမ်းတွင်ရှိသည့် ဂျောဘွန်းမျှော်စင် ကိုလည်းဝင်ရောက်လည်ပတ်နိုင်ပါသည်။

သတ္တမနေ့: မြစ်ကြီးနားမှ ရန်ကုန်
ခရီးစဉ်၏နောက်ဆုံးနေ့ဖြစ်ပြီး မြစ်ကြီးနားမှ ရန်ကုန်မြို့သို့ လေယာဉ်ဖြင့်ပြန်လာမည်ဖြစ်ပါသည်။ ထိုနေ့တွင် ရန်ကုန်မြို့ရှိ ပြတိုက်များသို့သွားရောက်လည်ပတ်ကြည့်ရှုမည်ဖြစ်ရာ ဗိုလ်ချုပ် အောင်ဆန်းပြတိုက်၊ အမျိုးသားပြတိုက်နှင့် ကျောက်မျက်ရတနာပြတိုက်တို့သို့ သွားရောက်မည် ဖြစ်ပါသည်။ ပြတိုက်များသို့ သွားရောက်လည်ပတ်ကြည့်ရှုခြင်းဖြင့် ရန်ကုန်မြို့၏ယဉ်ကျေးမှု၊ သမိုင်းကြောင်းနှင့် ရှေးဟောင်းအနုပညာများကို ကျယ်ကျယ်ပြန့်ပြန့်လေ့လာသိရှိနိုင်မည်ဖြစ်ပါ သည်။ ရန်ကုန်မြို့တွင် မဖြစ်မနေသွားရောက်လည်ပတ်ရမည့်နေရာတစ်ခုမှာ လက်ဘက်ရည်ဆိုင် ဖြစ်ပါသည်။ လက်ဘက်ရည်ဆိုင်ထိုင်ရင်းရန်ကုန်မြို့သူမြို့သားများ၏ နေ့စဉ်ဘဝများကိုလေ့လာ ကြည့်ရှုနိုင်မည်ဖြစ်ပါသည်။ ထို့နောက် ဗိုလ်တစ်ထောင်ဆိပ်ကမ်းတွင် နေဝင်ဆည်းဆာအလှကို ကြည့်ရှုခံစားရင်း ရန်ကုန်မြို့၏တစ်နေ့တာခရီးစဉ်ကိုကုန်ဆုံးမည်ဖြစ်ပါသည်။
ပုပ္ပါးတောင်ခရီးစဉ်
စိတ်ဝင်စားဖွယ်ရာများ
- ပုပ္ပါးတောင်ခရီးစဉ်တွင်မြန်မာနိုင်ငံ၏အထင်ကရမြို့ ၂ မြို့ဖြစ်သည့်မန္တလေးမြို့နှင့် ပုဂံမြို့များ
- ပုပ္ပါးတောင်မကြီးသို့ ခြေကျင်ခရီးထွက်ခြင်း
- ထာဝရအမှတ်တရဖြစ်စေမည့် ပုဂံဘုရားများသို့ လည်ပတ်သွားလာမည့်ခရီးစဉ်များပါဝင်ပါသည်။

ပထမနေ့ - မန္တလေး
ခရီးစဉ်၏ပထမဆုံးနေ့တွင် မြန်မာနိုင်ငံ၏ရှေးဟောင်းမြို့တော်ဖြစ်သည့် မန္တလေးမြို့သို့ သွားရောက်လည်ပတ်မည်ဖြစ်ပါသည်။ မဟာမြတ်မုနိဘုရား၊ ရွှေအင်ပင်ကျောင်းဘုန်းတော်ကြီး ကျောင်းနှင့် မန္တလေးနန်းတော်သို့သွားရောက်မည်ဖြစ်ပြီး ထိုမှတဆင့် ရွှေနန်းတော်ဘုန်းတော်ကြီး ကျောင်းနှင့် အတုမရှိကျောင်းတိုက်သို့သွားရောက်မည်ဖြစ်ပါသည်။ ထို့နောက်ညနေပိုင်းတွင် မန္တလေးတောင်သို့ညနေနေဝင်ဆည်းဆာကြည့်ရန်သွားရောက်မည်ဖြစ်ပြီး လမ်းခရီးတွင်ရှိသည့် ကုသိုလ်တော်ဘုရားနှင့် စန္ဒာမုနိဘုရားများသို့လည်းဝင်ရောက်မည်ဖြစ်ပါသည်။

ဒုတိယနေ့ - မန္တလေးမှ ပုဂံ
ခရီးစဉ်ဒုတိယနေ့နံနက်စောစောတွင် မန္တလေးမှ ပုဂံသို့ ဧရာဝတီမြစ်ကြောင်းအတိုင်း သင်္ဘောဖြင့် သွားရောက်မည်ဖြစ်ရာ မြစ်ကမ်းဘေးဝဲယာရှိဒေသခံများ၏လူနေမှုဘဝများကို ရင်သပ်ရှုမောဖွယ် ကြည့်ရှုခံစားနိုင်မည်ဖြစ်ရာ သင်္ဘောစီးချိန် ၈ နာရီခန့်အားကောင်းစွာအသုံးချနိုင်မည်ဖြစ်ပါသည်။ မန္တလေးမှ ပုဂံသို့ လေယာဉ်ဖြင့်လည်းသွားရောက်နိုင်ပြီး ပုဂံဘုရားများသို့သွားရောက်လည်ပတ် ရန် အချိန်ပိုမိုရရှိနိုင်ပါသည်။

တတိယနေ့ - ပုပ္ပါးတောင်တက်ခရီးစဉ်
ခရီးစဉ်တတိယနေ့တွင် ပုပ္ပါးတောင်တက်ခရီးစဉ်သွားရောက်မည်ဖြစ်ရာ ပင်လယ်ရေမျက်နှာပြင် အထက်အမြင့် ၈၀၀ မီတာတွင်တည်ရှိသည့် ပုပ္ပါးအပန်းဖြေဉယျာဉ်မှစတင်မည်ဖြစ်ပါသည်။ ပုဂံမှတစ်နာရီခွဲခန့်အကွာအဝေးတွင်တည်ရှိသည့် ပုပ္ပါးတောင်သို့သွားရောက်ရန်အတွက် ပုဂံမှ နံနက်စောစောစတင်ထွက်ခွာမည်ဖြစ်ပါသည်။ ခြေကျင်ခရီးသွားရောက်မည့်လမ်းကြောင်းပြ မြေပုံများကိုဟိုတယ်မှတပါတည်းယူဆောင်လာမည်ဖြစ်ပါသည်။ ဒေသခံများပုံမှန်သွားလာသည့် လမ်းကြောင်းဖြစ်သည့်အတွက် လမ်းသွားလမ်းလာများကိုလည်းတွေ့ရှိနိုင်ပါသည်။ တောင်တက် တောင်ဆင်းလမ်းများအတိုင်းသွားလာရင်း ရင်သပ်ရှုမောဖွယ်သဘာဝအလှအပများကို ခံစားနိုင် မည်ဖြစ်ပါသည်။ ပုပ္ပါးတောင်မကြီးတောင်ထိပ်ရှိ ဘုန်းတော်ကြီးကျောင်းတွင်ခရီးစဉ်ပြီးဆုံးမည် ဖြစ်ပါသည်။ ထို့နောက်ပုဂံသို့ပြန်လာပြီးတစ်နေ့တာပင်ပန်းခဲ့သမျှအတွက် အနားယူနိုင်မည် ဖြစ်ပါသည်။

စတုတ္ထနေ့ - ပုဂံဘုရားများသို့သွားရောက်လည်ပတ်ခြင်း
ပုဂံရှိဘုရားပုထိုးစေတီများကိုသွားရောက်လည်ပတ်ခြင်းမပြုဘဲ ပုဂံခရီးစဉ်သည်ပြည့်စုံမည် မဟုတ်ပါ။ ထို့ကြောင့် ယနေ့တွင် ပုဂံရှိအထင်ကရဘုရားပုထိုးစေတီများသို့ သွားရောက်လေ့လာ လည်ပတ်ကြမည်ဖြစ်ပါသည်။ ထောင်ပေါင်းများစွာသောပုဂံဘုရားများကိုနောက်ခံထား၍ ထွက် ပေါ်လာမည့် နေမင်းကြီး၏အလှအပကိုကြည့်ရှုခံစားနိုင်ရန်အတွက် နန်းမြင့်မျှော်စင်သို့ သွားရောက်ကြရမည်ဖြစ်ပါသည်။ ပိုမိုပြီးပြည့်စုံသည့်ခရီးစဉ်ဖြစ်စေရန်အတွက် မိုးပျံပူပေါင်းကို စီးနင်းကြည့်စေလိုပါသည်။

ပဉ္စမနေ့ - ရန်ကုန်
ရန်ကုန်မြို့ရှိ ပြတိုက်များသည်သွားရောက်လည်ပတ်သင့်သည့်နေရာများဖြစ်ပါသည်။ ဗိုလ်ချုပ် အောင်ဆန်းပြတိုက်၊ အမျိုးသားပြတိုက်နှင့် ကျောက်မျက်ရတနာပြတိုက်တို့ကိုသွားရောက် လေ့လာခြင်းဖြင့် မြန်မာနိုင်ငံ၏သမိုင်းကြောင်းတစေ့တစောင်းကို သိရှိလေ့လာနိုင်မည်ဖြစ်ပါ သည်။ ရန်ကုန်မြို့တွင်မဖြစ်မနေသွားရောက်လည်ပတ်သင့်သည့်နေရာမှာ လက်ဘက်ရည်ဆိုင် ဖြစ်ပါသည်။ ရန်ကုန်မြို့ရှိလက်ဘက်ရည်ဆိုင်များတွင် လက်ဘက်ရည်အမျိုးအစားမျိုးစုံကို ရွေးချယ်မှာယူသောက်သုံးနိုင်မည်ဖြစ်ပါသည်။ ထို့နောက် ရန်ကုန်မြို့နေပြည်သူများ၏နေ့စဉ်လူမှု ဘဝများကိုလေ့လာနိုင်ရန် ဗိုလ်တစ်ထောင်ဆိပ်ကမ်းသို့သွားရောက်မည်ဖြစ်ပြီး ရန်ကုန်မြို့၏ နေဝင်ဆည်းဆာအလှအပကိုပါခံစားနိုင်မည်ဖြစ်ပါသည်။