Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 216

Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 240

Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 247

Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 248
ကယက်လှေစီးခြင်းနှင့် ရေငုပ်ခြင်း – Tourism Myanmar
Skip to content

ကယက်လှေစီးခြင်းနှင့် ရေငုပ်ခြင်း

စိတ်ဝင်စားဖွယ်ရာများ

  • မြန်မာနိုင်ငံ၏ အကောင်းဆုံးကမ်းခြေအချို့သို့ သွားရောက်လည်ပတ်ပါ
  • ပင်လယ်ရေပေါ်တွင် ညအိပ်အပန်းဖြေနေစဉ် ကယက်လှေစီးခြင်းနှင့် ရေငုပ်ခြင်းတို့ကို ပျော်ရွှင်ခံစားနိုင်မည်ဖြစ်ပါသည်။
  • မြန်မာနိုင်ငံတောင်ပိုင်းရှိ ထင်ရှားသော မြို့တစ်မြို့ဖြစ်သည့် ထားဝယ်မြို့သို့ သွားရောက်လည်ပတ်ပါ။

ပထမနေ့ – ရန်ကုန်မြို့မှ ထားဝယ်မြို့သို့ ထွက်ခွာခြင်း

ရန်ကုန်မြို့မှ ထားဝယ်မြို့သို့ လေယာဉ်ဖြင့် သွားရောက်နိုင်ပါသည်။ ထားဝယ်မြို့တွင် တစ်နေ့ တာအတွင်း လည်ပတ်မည်ဆိုပါက ရှင်မုတ္ထီးဘုရား၊ ရွှေသာလျောင်းရုပ်ပွားတော်ကြီးတို့ကိုသွား ရောက် ဖူးမျှော်နိုင်ပြီး မောင်းမကန်ကမ်းခြေတွင်လည်း အပန်းဖြေနိုင်ပါသည်။ နောက်တစ်နေ့တွင် စိတ်ဝင်စား ဖွယ်ကောင်းသော ကယက်လှေစီးခြင်းနှင့် ရေငုပ်ခြင်းတို့ ဆောင်ရွက်နိုင်မည့် ခရီးစဉ်စတင်ပါမည်။

ဒုတိယနေ့ – ရေငုပ်ခြင်းနှင့် ကယက်လှေစီးခြင်းခရီးစဉ်

ပင်လယ်ရေပြင်တွင်ရေငုပ်ခြင်းနှင့် ကယက်လှေစီးခြင်းတို့ဆောင်ရွက်နိုင်မည့် Boat Trip များ စီစဉ်ဆောင်ရွက်ပေးနေသော ခရီးသွားကုမ္ပဏီ အများအပြားတွေ့ရှိနိုင်ပါသည်။ ၎င်းတို့စီစဉ်ပေးသော သင်္ဘော(သို့မဟုတ်)လှေကြီးများပေါ်တွင် တစ်ညတာတည်းခိုနေထိုင်ပြီးပင်လယ်ရေတွင် အပန်းဖြေနိုင် မည့်အစီအစဉ်များကို ခံစားနိုင်မည်ဖြစ်ပါသည်။ တစ်ညတာတည်းခိုနေစဉ်အတွင်း ခရီးသွားလုပ်ငန်း ကုမ္ပဏီများအပေါ်မူတည်၍ ဆောင်ရွက်ပေးသည့်အစီအစဉ်များ ကွဲပြားနိုင်ပါသည်။ သင်အနေဖြင့် နှစ်သက်ရာ ခရီးသွားကုမ္ပဏီတစ်ခုနှင့် ဆောင်ရွက်နိုင်ပြီး ပင်လယ်ရေပြင်တွင် တစ်ညတာပျော်ရွှင်စွာ ကုန်ဆုံးနိုင်မည်ဖြစ်ပါသည်။ ရေငုပ်ခြင်းနှင့် ကယက်လှေစီးခြင်းတို့ ဆောင်ရွက်နိုင်မည့် အကောင်းဆုံး နေရာများမှာ အုန်းပင်တန်းနှင့်ပင်လယ်လိပ်များရှိရာပင်လယ်အော်တို့ဖြစ်ကြပြီးရေငုပ်ခြင်းနှင့် ကယက် လှေစီးခြင်း(သို့) ကမ်းခြေတစ်လျှောက်လမ်းလျှောက်နိုင်ရန် ကျွန်းများပေါ်သို့ သွားရောက်လည်ပတ်နိုင် ပါသည်။

တတိယနေ့ – ရေငုပ်ခြင်းနှင့် ကယက်လှေစီးခြင်း

တတိယနေ့တွင် ငါးမျိုးစုံ၊ သန္တာကျောက်တန်းနှင့် ကျောက်ဆောင်များကို မြင်တွေ့နိုင်မည့် လှပသော ပင်လယ်အော်သို့ သွားရောက်ကြမည်ဖြစ်ပါသည်။ ပင်လယ်ရေသည်ကြည်လင်နေပြီး ရေကူး ခြင်း၊ နေပူဇာလှုံခြင်း၊ ရေငုပ်ခြင်း (သို့မဟုတ်) ကမ်းခြေတွင်အေးချမ်းစွာအနားယူနိုင်မည့် ရေသူမကမ်း ခြေသို့သွားရောက်နိုင်ပါသည်။ ရေငုပ်ရန်ကောင်းမွန်သည့် အခြားကျွန်းတစ်ခုမှာ ငှက်သိုက်ကျွန်းဖြစ်ပြီး တစ်နေ့တာရေငုပ်အပန်းဖြေပြီးနောက် ထားဝယ်သို့အပြန်လမ်းတွင် နေဝင်ဆည်းဆာကိုလည်းခံစား နိုင်မည်ဖြစ်ပါသည်။

စတုတ္ထနေ့ – ထားဝယ်မြို့၏အလှကို ကြည့်ရှု့ခံစားခြင်း

ထားဝယ်မြို့သည် ကိုလိုနီမြို့ဟောင်းတစ်မြို့ဖြစ်ပြီး အံ့ဩဖွယ်ကောင်းသော ဗိသုကာလက်ရာ များဖြင့် တည်ဆောက်ထားသည့် အဆောက်အဦများစွာရှိပါသည်။ ရွှေတောင်စာဘုရားနှင့် ဘုရားကြီး ပြတိုက်တို့တွင် ကြေးဒင်္ဂါးများ၊ ပန်းအိုးများ၊ ရှေးဟောင်းသစ်သားဗုဒ္ဓဆင်းတုတော်များကို လေ့လာ ဖူးမျှော်နိုင်ပါသည်။ သင့်အနေဖြင့် စည်ကားသော ကမ်းနားဈေးသို့ သွားရောက်လည်ပတ်မည် ဆိုပါက လတ်ဆတ်သောငါးများရောင်းချနေသည်ကို တွေ့မြင်နိုင်ပြီး ထားဝယ်မြို့တွင်သာ ရရှိနိုင်သော လတ်ဆတ်သည့် ပင်လယ်စာများ တစ်ဝကြီးစားခဲ့ရန် သတိရပါ။

ဆက်သွယ်ရန်

ရုံးအမှတ် (၃၃), ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန, နေပြည်တော်မြို့, မြန်မာနိုင်ငံ

+၉၅ ၆၇ ၃၄၀ ၆၄၅၈,

+၉၅ ၆၇ ၃၄၀ ၆၂၄၇, +၉၅ ၆၇ ၃၄၀ ၆၁၂၉

© COPYRIGHT 2020. ALL RIGHTS RESERVED