ဒိုင်ဗင်ထိုးခြင်းပြုလုပ်နိုင်သည့်နေရာများ
မြန်မာနိုင်ငံသည် ရေငုပ်သမားများအကြား လောကနိဗ္ဗာန်ဘုံတစ်ခုအဖြစ် ကျော်ကြားလျက် ရှိပါသည်။ စိမ်းမြမြရေအရောင်ရှိသော ကပ္ပလီပင်လယ်၊ ရေနေသတ္တဝါများ၊ ပင်လယ်ငါးများဖြင့် ပေါများလျက်ရှိပါသည်။ရေငုတ်ခြင်းကို ခုံမင်သူများအနေဖြင့် နေ့ရက်ပေါင်းများစွာ သွားလာကုန်ဆုံး နိုင်ပြီး မြိတ်ကျွန်းစုရှိ ကျွန်းများကို အခြေပြု၍ လည်ပတ်နိုင်ပါသည်။သီးသန့်နေရာဒေသတစ်ခုဖြစ်ပြီး လူသူစွက်ဖက်မှုနည်း၍ရေငုပ်ဝါသနာရှင်များအတွက်အထူးသင့်လျော်သော နေရာတစ်ခုဖြစ်ပါသည်။ထပ်၍ လေ့လာရန်
ကယက်လှေလှော်ခြင်း၊ လန်ပိအဏ္ဏဝါသဘာဝဘေးမဲ့ဥယျာဉ်
လန်ပိကျွန်းတွင် ကယက်လှေလှော်ခြင်းဖြင့်လည်း မြိတ်ကျွန်းစု၏ သဘာဝအလှတရားများကို ကြည့်ရှုခံစားနိုင်ပါသည်။ လန်ပိကျွန်း၏ အနောက်ဘက်ပိုင်းတွင် မိကျောင်းမြစ်နှင့် ခရီးသွားမြစ် ဟူသော မြစ်(၂)စင်းရှိပြီး ၎င်းမြစ်များအတွင်း ဒီရေတောများ ထူထပ်စွာပေါက်ရောက်လျက်ရှိ သည့်အပြင် ရေနေသတ္တဝါများ၊ ငှက်များနှင့် တွားသွားသတ္တဝါများ ကျင်လည်ကျက်စားလျက် ရှိပါ သည်။ ချောင်းငယ်များအတွင်း ကယက်လှေများစီးကာ ပင်လယ်ပျော်သတ္တဝါများ၏ မတူညီသော နေထိုင်မှုပုံစံများကို လေ့လာနိုင်ရုံသာမက အမှတ်တရစွန့်စားခန်းခရီးစဉ်အဖြစ် မှတ်တမ်းတင်လည် ပတ်နိုင်မည် ဖြစ်ပါသည်။
တည်နေရာ – မြိတ်ကျွန်းစု
ခြေထောက်ဖြင့်လှေလှော်ခြင်း၊ အင်းလေးကန်
ခရီးသွားများသည် လှေဖြင့် အကြိမ်ပေါင်းများစွာ ခရီးသွားလာခဲ့မည်ဖြစ်သော်လည်း အင်းလေးကန်အတွင်းရှိ ခြေဖြင့်လှော်ခတ်သော အင်းသားများ၏ တမူထူးခြားသည့် လှေခရီးစဉ်ကို ကြုံဖူးမည် မဟုတ်ပါ။ သာယာလှပသော အင်းလေးကန်အတွင်း လှေဦးထိပ်တွင် မတ်တပ်ရပ်၍ ခြေတစ်ဖက်တည်းဖြင့်ချိတ်ကာ လှော်ခတ်နေသော အင်းသား၏ လှော်တက်နှင့်ရေမျက်နှာပြင် ရိုက်ခတ်သံများကို နားထောင်ရင်း တစ်သက်စာအမှတ်တရ အတွေ့အကြုံများကို ရယူနိုင်ပါသည်။
တည်နေရာ – ရှမ်းပြည်နယ်
နန့်လှန်ချောင်းအတွင်း ဖောင်စီးခြင်း
ကချင်ပြည်နယ်အတွင်းရှိ ရေစီးသန်သော နန့်လှန်ချောင်းအတွင်း ဖောင်စီးကာ ချောင်းဘေး တစ်လျှောက်ရှိ စိမ်းလန်းစိုပြေလှပသည့် ပတ်ဝန်းကျင်ရှုခင်းကိုကြည့်ရှုရင်း ငှက်မျိုးစိတ်ပေါင်းစုံကို လေ့လာနိုင်ပါသည်။စွန့်စားရတဲ့ခရီးစဉ်များကို သဘောကျသည့်ခရီးသွားများအတွက် နန့်လှန်ချောင်း အတွင်း ဖောင်စီးခြင်းခရီးစဉ်သည် စိတ်လှုပ်ရှားမှုအပြည့်အဝပေးနိုင်သည်သာမက တောတွင်း သဘာဝများကိုပါ မှတ်တမ်းတင် ကြည့်ရှုနိုင်မည်ဖြစ်ပါသည်။ ၁၀၀ ရာခိုင်နှုန်း စိတ်လှုပ်ရှားမှု အပြည့်ပေးနိုင်ပါသည်။
တည်နေရာ – ကချင်ပြည်နယ်
ဧရာဝတီမြစ် အပျော်စီးသင်္ဘောခရီးစဉ်
ယခုအခါတွင်မန္တလေးမြို့မှ ပုဂံမြို့သို့ သင်္ဘောခရီးစဉ်ဖြင့် သွားလာနိုင်ပြီး ပုဂံမြို့၏ သဘာဝအလှများကို ခံစားနိုင်ပါသည်။ လမ်းခရီးစဉ်တစ်လျှောက်တွင် စစ်ကိုင်းတောင်ရိုး၊ ပခုက္ကူ၊ မြင်းခြံနှင့် အခြားလူသိများကျော်ကြားသော နေရာများ၏ နှစ်သက်ဖွယ် မြင်ကွင်းများကို ခံစားနိုင်ပါသည်။၎င်းမြို့(၂)မြို့အတွင်းလှေဖြင့်(၈)နာရီကြာနေ့စဉ်ခရီးစဉ်သွားလာနိုင်ပါသည်။
တည်နေရာ – မန္တလေးမြို့နှင့် ပုဂံဒေသ
ပင်လယ်ရေငုပ်ခြင်း၊ ငပလီကမ်းခြေ
မြန်မာနိုင်ငံအောက်ပိုင်းဒေသရှိ ရခိုင်ပြည်နယ်သို့ ရောက်ရှိချိန်အတွင်း ပင်လယ်ရေငုပ် နိုင်ပါ သည်။ရေငုပ်ပြီး ပင်လယ်ပျော်တို့၏လှပသော နေထိုင်မှုပုံစံကို လေ့လာလိုပါကငပလီကမ်းခြေ သို့ သွားရောက်နိုင်ပါသည်။ထို့ပြင်ငပလီကမ်းခြေအနီးရှိထင်ရှားသည့်နေရာတစ်ခုဖြစ်သည့် ကိုလိုနီခေတ် တွင်အကျဉ်းထောင်အဖြစ် အသုံးပြုခဲ့သော သံတွဲစျေးသို့ သွားရောက်လည်ပတ်နိုင်ပြီး လက်ဖက်ရည် ပူပူလေးတစ်ခွက်ကိုသောက်ကာ၎င်းဒေသရှိ သက်ဝင်လှပသောမြင်ကွင်းများကို ခံစားကြည့်ရှုနိုင်မည် ဖြစ်ပါသည်။
တည်နေရာ – ရခိုင်ပြည်နယ်
ငွေဆောင်ကမ်းခြေတွင် ပင်လယ်ရေငုပ်ခြင်း
ပင်လယ်ရေငုပ်ခြင်းနှင့် ကယက်လှေစီးခြင်းကို စိတ်ပါဝင်စားသော ခရီးသွားများအနေဖြင့် ရန်ကုန်မြို့မှ (၅) နာရီကြာမောင်းနှင်ရသော မြန်မာနိုင်ငံတောင်ပိုင်းရှိ ငွေဆောင်ကမ်းခြေသို့ သွား ရောက်ကာ အပန်းဖြေနိုင်ပါသည်။ ၎င်းပင်လယ်ကမ်းခြေဒေသတွင် ရေသတ္တဝါမျိုးစိတ်ပေါင်းစုံ ကျင်လည်ကျက်စားလျက်ရှိပြီး လှပသောကမ်းရိုးတန်းများနှင့် ငါးအမျိုးမျိုးကိုလည်း တွေ့မြင်နိုင်မည့် အပြင် သဲသောင်ပြင်တွင်အနားယူဆော့ကစားရင်း လတ်ဆတ်သောပင်လယ်စာများကိုလည်း စားသုံး နိုင်မည် ဖြစ်ပါသည်။
တည်ရှိသည့်နေရာ – ရန်ကုန်မြို့မှသွားနိုင်ပါသည်။
မြစ်အတွင်းမှ နေဝင်ဆည်းဆာအချိန်ကို ကြည့်ရှုခံစားခြင်း
မြန်မာနိုင်ငံ၏ အသက်သွေးကြောဖြစ်သော လှပသည့် ဧရာဝတီမြစ်ကြောင်းတစ်လျှောက် အပျော်စီးသင်္ဘောပေါ်မှနေ၍ ရင်သပ်ရှုမောဖွယ်ကောင်းသော၊ ထာဝရစိတ်ထဲတွင် အမြဲအမှတ်ရနေ မည့် ပန်းချီကားတစ်ချပ်ကဲ့သို့ သာယာလှပသည့် နေဝင်ချိန်မြင်ကွင်းကို ကြည့်ရှုနိုင်ပြီး မြစ်ကမ်းဘေး ရှိဒေသခံတို့၏လူနေမှုဘဝပုံစံများကိုပါတွေ့မြင်နိုင်မည် ဖြစ်ပါသည်။ ရင်သပ်ရှုမောဖွယ်ကောင်းသော မြင်ကွင်းများမှ ညှို့ယူဆွဲဆောင်နိုင်ပြီး အမြဲအမှတ်တရရှိနေမည်ဖြစ်သည်။
တည်နေရာ – ပုဂံဒေသ
ကော့သောင်းမြို့မှ ထားဝယ်မြို့သို့ အမြန်လှေ(Speed Boat)ဖြင့် သွားရောက်ခြင်း
မြိတ်ကျွန်းစုအတွင်းရှိ ကော့သောင်းမြို့မှ ထားဝယ်မြို့သို့ ကုန်းလမ်းခရီးဖြင့်အစား စက်လှေ ဖြင့်ပါ ကူးသန်းသွားလာနိုင်ပါသည်။ခရီးသွားလုပ်ငန်းကုမ္ပဏီများသည် ထိုကျွန်းနှစ်ခုသို့ Speed Boatများဖြင့် လိုက်ပါပို့ဆောင်လျက်ရှိပြီး ပင်လယ်ပတ်ဝန်းကျင်ကိုပါ လေ့လာကြည့်ရှုနိုင် သော ဝန်ဆောင်မှုများကိုလည်း ထည့်သွင်းဆောင်ရွက်လျက်ရှိပါသည်။
တည်နေရာ – မြိတ်ကျွန်းစု
ကနူးလှေစီးခြင်း၊ ရေငုပ်ခြင်းနှင့် လှေလျှောစီးခြင်း
မြန်မာနိုင်ငံ၏ တောင်ပိုင်းခရီးစဉ်များထဲမှ မြိတ်ကျွန်းစုသည် သဘာဝသစ်ပင်ပန်းမန်များနှင့် ကုန်းနေသတ္တဝါများသာမက ရေနေသတ္တဝါမျိုးစိတ်များ ပေါက်ဖွားရှင်သန်ရာ ဒေသတစ်ခုဖြစ်သည်။ ကပ္ပလီပင်လယ်အော်နှင့် ထိစပ်နေပြီး ရေကြည်ပြာပြာကမ်းခြေတွင် ရေကူးအားကစားနည်းများ ဆော့ကစားနိုင်ရုံသာမက ပင်လယ်ပျော်သတ္တဝါလေးများ၏ နေထိုင်မှုပုံစံကိုပါ လေ့လာနိုင်ပါသည်။ သာယာလှပသောကမ်းခြေတွင်အနားယူအပန်းဖြေရင်း အရသာရှိသောပင်လယ်စာများကို သုံးဆောင် နိုင်ရန်အတွက်နှင့်ခရီးသွားများ၏ အားလပ်ချိန်များကို မြိတ်ကျွန်းစုတွင် ကုန်ဆုံးကာ ဘဝအမှတ်တရ များကို ဖန်တီးပြုလုပ်နိုင်ရန် ဖိတ်ခေါ်လိုက်ရပါသည်။
တည်နေရာ – မြိတ်ကျွန်းစု
ဧရာဝတီလင်းပိုင်များကျက်စားရာနေရာကိုခြေရာခံကြည့်ခြင်း
ဧရာဝတီမြစ်တစ်လျှောက်တွင် လှေစီးမည်ဆိုပါက ဧရာဝတီလင်းပိုင်လေးများ၏ ခရီးဦး ထောက်ကြိုဆိုမှုများကို မြင်တွေ့နေနိုင်မည်ဖြစ်ပြီး ၎င်းတို့၏ အမြီးရေယက်များဖြင့် ရေမျက်နှာပြင် ရိုက်ခတ်သံများကိုပါနားဆင်ခံစားနိုင်မည်ဖြစ်ပါသည်။ ဧရာဝတီမြစ်ကမ်းတစ်လျှောက် လင်းပိုင်များ ကိုစောင့်ကြည့်လေ့လာခြင်းခရီးစဉ်များကို ခရီးသွားလုပ်ငန်းကုမ္ပဏီများကလုပ်ဆောင်ကြသည်။ ဧရာ ဝတီလင်းပိုင်လေးများ၏ ကျက်စားရှင်သန်ပုံသာမက ပတ်ဝန်းကျင်အနီးရှိ ငါးဖမ်းရွာလေးများကို အလည်အပတ်ဝင်ရောက်နိုင်သည့်အပြင် ဒေသခံများ၏ နွေးထွေးပျူငှာသော ကြိုဆိုဧည့်ခံမှုများကိုပါ ခံစားလေ့လာနိုင်မည် ဖြစ်ပါ သည်။
တည်နေရာ ရန်ကုန်