Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 216

Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 240

Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 247

Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 248
မွန်ပြည်နယ် (၃) ရက်ခရီးစဉ် – Tourism Myanmar
Skip to content

(၃) ရက်ခရီးစဉ်

မွန်ပြည်နယ်

စိတ်ဝင်စားဖွယ်ရာများ

  • ကျိုက်ထီးရိုး စေတီတော်မြတ်ကြီးအား သွားရောက်ဖူးမြှော်ခြင်း
  • သာယာလှပသော မော်လမြိုင်သို့ လှည့်ပတ်ကြည့်ရှုခြင်း
  • ရန်ကုန်မြို့တော်အား လေ့လာခြင်း

ပထမနေ့-မော်လမြိုင်သို့ရောက်ရှိလည်ပတ်ခြင်း

ရန်ကုန်မြို့မှတဆင့်မော်လမြိုင်သို့ တက္ကစီ (သို့) ဘတ်စ်ကားဖြင့်သွားမည်ဖြစ်ပြီး ခရီးစဉ် တစ်လျှောက် ကျေးလက်ရှုခင်းများကို ခံစားရင်း (၅) နာရီကြာ သွားရောက်ရမည်ဖြစ်သည်။ မော်လမြိုင်မြို့သို့ရောက်ပါကဟိုတယ်တွင်ကိုယ်လက်သန့်စင်အနားယူပါမည်။ ထို့နောက်မော်လမြိုင် မြို့၏ စိတ်ဝင်စားဖွယ်နေရာများဖြစ်သည့် နွားလပို့ဘုရား၊ ဖားအောက်တောရဘုန်းကြီး ကျောင်း၊ စိန့်မတ်သရူးဘုရားကျောင်း၊ကျိုက်သလ္လံဘုရားတို့အားသွားရောက်ဖူးမြှော်ပါမည်။ ထို့ပြင်၁၉၀၈ခုနှစ် ၌တည်ဆောက်ခဲ့သော ကိုလိုနီအကျဉ်းထောင်ကြီးကို လည်းသွားရောက်ကြည့်ရှုနိုင်ပါသည်။

ဒုတိယနေ့-ကျိုက်ထီးရိုးစေတီတော်အားသွားရောက်ဖူးမြှော်ခြင်း

ဒုတိယနေ့တွင် မနက်စာသုံးဆောင်ပြီးနောက် ကျိုက်ထီးရိုးဘုရားသို့ တက္ကစီ (သို့) ဘတ်စ်ကားဖြင့်သွားရောက်ပါမည်။ တောင်ခြေ၌ရှိသော ကင်မွန်းစခန်းသို့ ဦးစွာ သွားရမည်ဖြစ်ပြီး ထိုမှတဆင့် တောင်တက်ကားဖြင့် ရသေ့တောင်ကားဂိတ်သို့ သွားရပါမည်။ ရသေ့တောင်မှ ကျိုက်ထီးရိုးတောင်ပေါ်သို့ ကေဘယ်ကားဖြင့်လည်းကောင်း၊ တောင်တက်ကားဖြင့် လည်းကောင်း တက်ရောက်နိုင်ပါသည်။ ကျိုက်ထီးရိုးဘုရားဖူးပြီးနောက် ညဘက်တွင်မော်လမြိုင်သို့ ပြန်လည် ထွက်ခွာပါမည်။ ကျိုက်ထီးရိုးခရီးစဉ်သည် အံ့ဩ ပျော်ရွှင်ဖွယ်ကောင်းမည်ဟုယုံကြည်ပါသည်။

တတိယနေ့-ရန်ကုန်မြို့တွင်လည်ပတ်ခြင်း

တတိယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့တော်သို့ ခရီးစတင်ပါမည်။ ရွှေတိဂုံစေတီတော်၊ ဆူးလေစေတီတော်၊ ကန်တော်ကြီးသဘာဝဥယျာဉ်၊ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်နှင့် စွယ်တော်မြတ်စေတီတော် စသည့်နေရာများအား သွားရောက်ပါမည်။ ရန်ကုန်တွင် မြန်မာနိုင်ငံ၏ အကောင်းဆုံးသော လမ်းဘေးအစားအစာများရှိပါသောကြောင့် သွားရောက်မြည်းစမ်းကြည့်ရန် မမေ့သင့်ပါ။

Popular in Mon State

ဆက်သွယ်ရန်

ရုံးအမှတ် (၃၃), ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန, နေပြည်တော်မြို့, မြန်မာနိုင်ငံ

+၉၅ ၆၇ ၃၄၀ ၆၄၅၈,

+၉၅ ၆၇ ၃၄၀ ၆၂၄၇, +၉၅ ၆၇ ၃၄၀ ၆၁၂၉

© COPYRIGHT 2020. ALL RIGHTS RESERVED