Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 216

Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 240

Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 247

Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 248
အင်းလေးသို့ (၃)ရက် ခရီးစဉ် – Tourism Myanmar
Skip to content

(၃)ရက် ခရီးစဉ်

အင်းလေးကန်

စိတ်ဝင်စားဖွယ်ရာများ

  • ရင်သပ်ရှုမောဖွယ်ကောင်းသောအင်လေးကန်၏ အလှတရာနှင့် အင်းသားတို့၏ လူနေမှုဘဝ ကို ခံစားလေ့လာခြင်း။
  • အင်းလေးကန် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောအတွင်း ငှက်မျိုးစိတ်များနှင့် တိရိစ္ဆာန်များ အား လှည့်ပတ်ကြည့်ရှုခြင်း။
  • စပျစ်ခြံသို့ သွားရောက်လည်ပတ်ပြီး မြန်မာ့ဝိုင်အရသာကို မြည်းစမ်းခြင်း။

ပထမနေ့ – အင်းလေးကန်သို့ သွားရောက်လည်ပတ်ခြင်း

ခရီးစဉ်၏ ပထမနေ့တွင် အင်းလေးဒေသရှိ အထင်ကရနေရာများသို့ သွားရောက်လေ့လာ ပါမည်။ အင်းထဲသို့ လှေငှားပြီး လည်ပတ်ကြည့်ရှုပါမည်။ အင်းလေးကန်တွင် ခြေဖြင့်လှော်ခတ်ကြ သူများ၊ (၅)ရက် တစ်ခါဖွင့်လှစ်သော ဈေးများ၊ ရေပေါ်ရွာများနှင့် အင်းလေးကန်၏ လှပသော ရှုခင်းများကို ကြည့်ရှုခံစားနိုင်ပါသည်။ အင်းလေးကန်ရှိ ဒေသထွက် အစားအစာများကို စားသုံးရင်း နေဝင်ဆည်းဆာအလှတရားများကို ခံစားနိုင်ပါသည်။

ဒုတိယနေ့ – တောရိုင်းတိရိစ္ဆာန်များကို လေ့လာကြည့်ရှုခြင်းနှင့် ဘုရားစေတီများသို့ သွားရောက် ဖူးမြော်ခြင်း

အင်းလေးကန်ပတ်လည်တွင် ဘုရားစေတီများစွာရှိရာ မနက်တစ်ပိုင်းကို ဘုရားဖူးရင်း ကုန်ဆုံးပါမည်။ ငါးဖယ်ကျောင်း ၊ ဖောင်တော်ဦး စေတီ နှင့် ရွှေအင်းတိမ် စေတီ တို့ကို သွားရောက် ဖူးမြှော် နိုင်ပါသည်။ ထိုဘုရားများသို့ စက်ဘီးငှား၍ သွားရောက်နိုင်ပါသည်။ စက်ဘီးမစီးတတ်ပါက တက္ကစီ သို့မဟုတ် ဆိုင်ကယ်တက္ကစီ စီးနိုင်ပါသည်။ နေ့လည်စာသုံးဆောင်ပြီးနောက်တွင် အင်းလေးကန်တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောအတွင်း လမ်းလျှောက်ပြီး လှပသော သစ်ပင်ပန်းမန်များနှင့် တိရစ္ဆာန်များကို ကြည့်ရှုပါမည်။

တတိယနေ့: ကက္ကူဘုရားနှင့် ဝိုင်စက်ရုံသို့ သွားရောက်လည်ပတ်ခြင်း

နံနက်ပိုင်းတွင်ကက္ကူဘုရားသို့ ခရီးတိုထွက်ပြီး အထင်ကရနေရာများကို သွားရောက် လေ့လာပါမည်။ ကက္ကူဘုရား၏သမိုင်းကြောင်းကို ကြိုတင်လေ့လာပြီးမှ သွားရောက်လည်ပတ် ပါကပိုမိုစိတ်ဝင်စားဖွယ်ကောင်းမည်ဖြစ်ပါသည်။ နေ့လည်စာသုံးဆောင်ပြီးနောက် အင်းလေးကန် နှင့်နာရီဝက်သာဝေးသော Red Mountain နှင့် အေးသာယာစပျစ်ခြံသို့ စက်ဘီး၊ မော်တော် ဆိုင်ကယ် သို့မဟုတ် တက္ကစီငှားစီး၍ သွားနိုင်ပါသည်။ စပျစ်ခြံအတွင်းရှိ ဝိုင်များသည် နှစ်ရှည်ကြာ သိုလှောင်ထားသည့်အတွက် ဈေးကြီးပါသည်။ စပျစ်ခြံသို့ လှည့်ပတ်ကြည့်ရှုရင်း အရသာထူးခြား ကောင်းမွန်လှသည့် မြန်မာ့ဝိုင်အရသာကို ဒေသထွက် အစားအစာများနှင့် တွဲဖက်မြည်းစမ်း နိုင်ပါသည်။ စပျစ်ခြံတွင် နေဝင်ဆည်းဆာကို ကြည့်ရှုခံစားပြီး ညဘက်တွင် ပြန်လာပါမည်။

Best 8 days
ဆက်သွယ်ရန်

ရုံးအမှတ် (၃၃), ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန, နေပြည်တော်မြို့, မြန်မာနိုင်ငံ

+၉၅ ၆၇ ၃၄၀ ၆၄၅၈,

+၉၅ ၆၇ ၃၄၀ ၆၂၄၇, +၉၅ ၆၇ ၃၄၀ ၆၁၂၉

© COPYRIGHT 2020. ALL RIGHTS RESERVED