Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 216

Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 240

Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 247

Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 248
ပုဂံသို့ (၃)ရက်ကြာ ခရီးစဉ် – Tourism Myanmar
Skip to content

(၃)ရက်ကြာ ခရီးစဉ်

ပုဂံမြို့

စိတ်ဝင်စားဖွယ်ရာများ

  • ပုဂံရှိ ဘုရားပုထိုးများကို လေ့လာခြင်း
  • နေထွက်ချိန်နှင့် နေဝင်ချိန်ဆည်းဆာများကို ခံစားခြင်း
  • ပုပ္ပါးတောင်ထိပ်မှ ရှုခင်းများကို ကြည့်ရှုခြင်း

ပထမနေ့ – ပုဂံသို့ရောက်ရှိခြင်း

မြန်မာနိုင်ငံ၏ ဘုရားပုထိုးစေတီများမြို့တော်မှ ကြိုဆိုပါသည်။ မြန်မာနိုင်ငံ၏ အပြည်ပြည် ဆိုင်ရာလေဆိပ်များမှ ပုဂံသို့ လေယာဉ်ဖြင့် သွားရောက်နိုင်ပါသည်။ ထို့အပြင် ကျန်မြို့များမှလည်း ကားလမ်း၊ ရထားလမ်းများဖြင့် ချိတ်ဆက်ထားပါသည်။ အကယ်၍ မန္တလေးမှသွားရောက်မည် ဆိုလျှင် အချိန်ရပါက သင်္ဘောဖြင့်သွားရောက်ရန် အကြံပြုပါသည်။ မြစ်ကမ်းတလျှောက် သဘာဝအလှအပရှုခင်းများနှင့် လူနေမှုဘဝများကို ကြည့်ရှုခံစားရင်း အကျိုးရှိရှိ အချိန်ကုန်ဆုံး နိုင်ပါသည်။
ဟိုတယ်ရောက်ပြီးသည်နှင့် ကိုယ်လက်သန့်စင်ပြီးလျှင် ပုဂံတွင်မြို့၏ ရင်သပ်ရှုမောဖွယ်ရာ အာနန္ဒာဘုရားသို့ သွားရောက်ပါမည်။ မင်္ဂလာစေတီဘုရား နှင့် ဂူပျောက်ကြီးဘုရား တို့ကိုလည်း သွားရောက်နိုင်ပါသည်။ အစားအသောက်ဆိုင်တိုင်းတွင် အရသာကောင်းမွန်သော ဒေသထွက် အစားအစာများကိုလည်း သုံးဆောင်နိုင်ပါသည်။ တစ်နေ့တာ၏ခရီးစဉ်ကို ညဈေးသို့ သွားရောက် လည်ပတ်ခြင်းဖြင့် အဆုံးသတ်ပါမည်။ ညဈေးတွင် ဒေသခံများ၏ ဖျော်ဖြေပွဲများကိုလည်း တွေ့မြင်နိုင်ပါသည်။

ဒုတိယနေ့-ပုဂံ ဘုရားဖူးခရီးစဉ်

ပုဂံမြို့တွင် မီးပုံးပျံစီးမည့်နေ့ဖြစ်ပါသည်။ မီးပုံးပျံစီးမည်ဆိုပါက လက်မှတ်ကို ကြိုတင် မှာယူရမည်ဖြစ်ပြီး နံနက်စောစောထရမည်ဖြစ်ပါသည်။ မီးပုံးပျံစီးမည့် အစီအစဉ်မရှိပါက နံနက် (၆)နာရီခန့်ဝန်းကျင်၌ ရွှေဆံတော်ဘုရားတွင် နေထွက်ချိန် အလှတရားကို ခံစားကြည့်ရှုပြီး ဟိုတယ်ကိုပြန်ပါမည်။ နံနက်စာ သုံးဆောင်ပြီးနောက် တက္ကစီ နှင့် လျှပ်စစ်စက်ဘီး ငှားရမ်း၍ ကန်တော့ပလ္လင်၊ ဓမ္မံရံကြီးဘုရား၊ စူဠာမနိဘုရားကျောင်းနှင့် ပုဂံရှေးဟောင်းသုတေသနပြတိုက် များသို့သွားရောက်လည်ပတ်ပါမည်။
တစ်နေတာလုံး ပူပြင်းသော နေရောင်အောက်တွင် လည်ပတ်ရခြင်းသည် ပင်ပန်းစေ သောကြောင့် ညနေခင်းဘက်တွင် စျေးသို့ သွားရောက်လည်ပတ်ပြီး အရသာရှိသည့် ဒေသထွက် အစားအစာများကို စားသုံးဖို့ အကြံပြုပါသည်။

တတိယနေ့ – ပုပ္ပားတောင်နှင့် အခြားသော ဘုရားကျောင်းများသို့ သွားရောက်လည်ပတ်ခြင်း

နောက်ဆုံးနေ့တွင် ပုဂံမှ တစ်နာရီခွဲခန့် ခရီးသာကွာဝေးသော ပုပ္ပားတောင်သို့ သွားရောက် လည်ပတ်ပါမည်။ မီးငြိမ်းတောင်ထိပ်တွင် ပုပ္ပါးတောင်ကလပ် ဘုန်းတော်ကြီးကျောင်းတည်ရှိ ပါသည်။ တောင်တက်ခရီးသည် ၃၀ မိနစ် မှ ၄၅ မိနစ်သာ ကြာမြင့်မည်ဖြစ်ပြီး ခက်ခက်ခဲခဲ တက်ရောက်ရမည်မဟုတ်ပါ။ တောင်တက်လမ်းသည် အံ့ဩဖွယ်ရာကောင်းပြီး နတ်ကိုးကွယ်သည့် သက်သေ အထောက်အထားများအား တွေ့မြင်ရပါလိမ့်မည်။
ထို့နောက်ပုပ္ပါးမှ ပုဂံသို့ပြန်ပြီးနေ့လည်စာစားပါမည်။ ပုဂံအနီးတဝိုက်ရှိ ထီးလိုမင်းလို ဘုရား၊ ဥပါလိသိမ်ဘုရား၊ နတ်တောင်ကျောင်းနှင့် မဟာဗောဓိဘုရားအပါအဝင် အခြား ဘုရားများကိုလည်း သွားရောက်နိုင်ပါသည်။ နောက်ဆုံးတွင် ပြဿကြီးဘုရားမှနေဝင်ချိန်ကို ခံစားပြီးတစ်နေ့တာကို ကုန်ဆုံးနိုင်ပါသည်။

Popular in Bagan

ဆက်သွယ်ရန်

ရုံးအမှတ် (၃၃), ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန, နေပြည်တော်မြို့, မြန်မာနိုင်ငံ

+၉၅ ၆၇ ၃၄၀ ၆၄၅၈,

+၉၅ ၆၇ ၃၄၀ ၆၂၄၇, +၉၅ ၆၇ ၃၄၀ ၆၁၂၉

© COPYRIGHT 2020. ALL RIGHTS RESERVED