Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 216

Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 240

Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 247

Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 248
နေပြည်တော်သို့ (၃)ရက်ခရီးစဉ် – Tourism Myanmar
Skip to content

(၃)ရက်တာခရီးစဉ်

နေပြည်တော်

သတိပြုရမည့်အချက်

  • နေပြည်တော်၏ အဓိကခရီးသွားဆွဲဆောင်မှုများသို့ လည်ပတ်ခြင်း
  • ဆင်စခန်းသို့နေ့ချင်းပြန်ခရီးစဉ်လည်ပတ်ခြင်း
  • မြန်မာနိုင်ငံ၏ မြို့တော်အသစ်ဖြစ်သော နေပြည်တော်တွင် စနစ်တကျထိန်းသိမ်းစောင့်ရှောက်ထားသော သဘာဝရှုခင်းများကို တွေ့မြင်ခံစားနိုင်မည်ဖြစ်သည်။

ပထမနေ့ - မြန်မာနိုင်ငံမြို့တော်သစ်သို့ လည်ပတ်ခြင်း

ပထမနေ့ခရီးစဉ်မှာတော့ မြန်မာနိုင်ငံအုပ်ချုပ်ရေးမြို့တော်ရဲ့အစိုးရဝန်ကြီးဌာနအဆောက်အအုံ များတွေ့မြင်နိုင်မည်ဖြစ်ပါသည်။ လမ်းမကျယ်များကို ဖြတ်သန်းမောင်းနှင်ရင်း လွှတ်တော်အဆောက် အအုံများကို တွေ့မြင်နိုင်ပါသည်။ လွှတ်တော်ဝင်းထဲသို့ ဝင်ရောက်ခွင့်မရှိသော်လည်း ရပ်နားပြီး အမှတ်တရဓါတ်ပုံရိုက်ကူးခွင့်ရရှိမှာပါ။ ထို့နောက် မြန်မာနိုင်ငံတပ်မတော်သမိုင်းကြောင်းကို တင်ပြ ထားတဲ့ စစ်သမိုင်းပြတိုက်ကိုလည်ပတ်မှာဖြစ်ပါတယ်။ နေ့လည်စာစားပြီးချိန်တွင် မြန်မာနိုင်ငံ တိုင်းဒေသကြီးနဲ့ ပြည်နယ်များ ပုံစံတည်ဆောက်ထားတဲ့ အမျိုးသားအထိမ်းအမှတ်ဥယျာဉ်ကို လည်ပတ်မှာဖြစ်ပြီး ညနေပိုင်းတွင် ရေပန်းဥယျာဉ်သို့ သွားရောက်လည်ပတ်ပြီး ရှု့ခင်းလှပတဲ့ ရေကန် မှာတင်ဆက်ပြသတဲ့ ရေပန်းအလှပြပွဲကို ကြည့်ရှု့ခံစားနိုင်မှာပါ။

ဒုတိယနေ့ - ငလိုက်ကန်သာအပြန်းဖြေစခန်းသို့ နေ့ချင်းပြန်ခရီးစဉ်လည်ပတ်ခြင်း

ယနေ့နေပြည်တော်ပြင်ပမှာရှိတဲ့ ငလိုက်ကန်သာအပန်းဖြေစခန်းကို လည်ပတ်မည်ဖြစ်ပါသည်။ ဒီခရီးစဉ်တွင် သဘာဝခရီးစဉ်များ၊ မြို့ပြနဲ့ဝေးကွာတဲ့ရှု့ခင်းများကို ခံစားရင်း လည်ပတ်ရမှာပါ။ နေလည်စာသုံးဆောင်ပြီးချိန်တွင် မြို့တော်နဲ့ သိပ်မဝေးကွာတဲ့ နေပြည်တော်ရေပူစမ်းဥယျာဉ်ကို လည်ပတ်ပြီး ညနေခင်းချိန် ပြန်လည်ရောက်ရှိမှာဖြစ်ပါသည်။ ဒီခရီးစဉ်မှာလမ်းမကြီးများ တစ်လျှောက် လှပစွာ ပြင်ဆင်ထားတဲ့မြေယာရှု့ခင်းများကိုခံစားနိုင်မှာဖြစ်ပါတယ်။

တတိယနေ့ - နေပြည်တော်အထင်ကရများသို့ လည်ပတ်ခြင်း

နေပြည်တော်ကိုလည်ပတ်တဲ့ခရီးစဉ်မှာတွင် မြန်မာနိုင်ငံရဲ့အဖိုးတန်ကျောက်မျက်ရတနာများ စုစည်းထားတဲ့ ကျောက်မျက်ပြတိုက်မှာ ကြည့်ရှု့နိုင်မှုပါဝင်ပါသည်။ ကျောက်မျက်ပြတိုက်၏ ပြခန်းများ မှာလည်း အချိန်ပေးကြည့်ရှု့နိုင်ပါသည်။နေပြည်တော်ရဲ့နောက်ထပ်လည်ပတ်စရာနေရာတစ်ခုကတော့ တိရစ္ဆာန်မျိုးစုံစွာတွေ့ရှိနိုင်တဲ့ တိရစ္ဆာန်ဥယျဉ်ဖြစ်ပြီးခရီးစဉ်မှာ ပါဝင်တဲ့ ကလေးများအတွက် အချိန်ကို ကောင်းစွာအသုံးချနိုင်မှာ ဖြစ်ပါတယ်။ ညနေပိုင်းတွင် မြို့မဈေးကို သွားရောက်လည်ပတ်ရင်း ဈေးဝယ် ထွက်ခြင်း အရသာကို ခံစားနိုင်မှာဖြစ်ပါသည်။

Popular in Nay Pyi Taw

ဆက်သွယ်ရန်

ရုံးအမှတ် (၃၃), ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန, နေပြည်တော်မြို့, မြန်မာနိုင်ငံ

+၉၅ ၆၇ ၃၄၀ ၆၄၅၈,

+၉၅ ၆၇ ၃၄၀ ၆၂၄၇, +၉၅ ၆၇ ၃၄၀ ၆၁၂၉

© COPYRIGHT 2020. ALL RIGHTS RESERVED