Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 216

Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 240

Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 247

Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 248
ရန်ကုန်သို့ (၃)ညအိပ်ခရီးစဉ် – Tourism Myanmar
Skip to content

(၃)ညအိပ်ခရီးစဉ်

ရန်ကုန်

သတိပြုရမည့်အချက်

  • မြန်မာနိုင်ငံ၏စီးပွားရေးမြို့တော်သို့ (၃) ရက်တာခရီးစဉ်
  • အထင်ကရဘုရားများနှင့် အမျိုးသားပြတိုက်တို့သို့ သွားရောက်လည်ပတ်ခြင်း
  • ယဉ်ကျေးမှုမြို့တော် တွံတေးသို့လှေဖြင့် သွားရောက်လည်ပတ်ခြင်း

ပထမနေ့ - ရွှေတိဂုံစေတီတော်နှင့် အခြားစိတ်ဝင်စားဖွယ်ရာနေရာများသို့ လည်ပတ်ခြင်း

ရန်ကုန်မြို့သည် မြန်မာနိုင်ငံ၏အကြီးဆုံးမြို့တော်ဖြစ်ပြီး နိုင်ငံ၏ မြို့ပြယဉ်ကျေးမှုထွန်းကားမှု ကိုတွေ့ရှိနိုင်ပါသည်။ ရန်ကုန်ဘူတာကြီးမှ နေ့စဉ်အချိန်ဇယားအလိုက် ထွက်ရှိသောနာမည်ကျော် မြို့ပတ်ရထားဖြင့် ခရီးစဉ်အစတွင် မနက်ခင်းမှ စတင်၍ လည်ပတ်နိုင်ပါသည်။ မြို့တော်နေလူအများစု မှာနေ့စဉ်စီးပွားရေး၊ စားဝတ်နေရေးလုပ်ငန်းများအတွက် မြို့ပတ်ရထားကို အသုံးပြုကြပါသည်။ မြန်မာနိုင်ငံ၏နာမည်ကျော် ရွှေရောင်လွှမ်းနေသည့် ရွှေတိဂုံစေတီတော်ကို ရောက်ရှိသည့်အခါ ရင်သပ် ရှုမောဖွယ်တွေမြင်ရမည် ဖြစ်ပါသည်။ မြန်မာ့ဒဏ္ဍာရီပုံပြင်ထဲမှ ကရဝိတ်ဖောင်တော်ကိုလည်း သွားရောက် လေ့လာနိုင်ပါသည်။ ရန်ကုန်မြို့တွင်း လည်ပတ်ခြင်းအစီအစဉ်တွင် ကိုလိုနီခေတ် အဆောက်အဦများ၏ ဗိသုကာလက်ရာများကို ကြည့်ရှု့ဖို့လဲအကြံပြုလိုပါသည်။ ဗိုလ်ချုပ်ဈေးသည် ဒေသထွက်ကုန် များ ဝယ်ယူလိုပါကလည်ပတ်စရာနေရာတစ်ခုဖြစ်ပါသည်။ ပထမနေ့ခရီးစဉ်အဆုံးမှာ ၁၉ လမ်းတွင် ညစာသုံးဆောင်ရင်း မြန်မာဘီယာအရသာကို မြည်းစမ်းဖို့ မမေ့စေလိုပါ။

ဒုတိယနေ့ - တွံတေးမြို့သို့လည်ပတ်ခြင်း

ရန်ကုန်မြစ်ကမ်းဘေးမှာ တည်ရှိသည့် တွံတေးမြို့သို့ ရန်ကုန်မြစ်ဆိပ်ကမ်းကူးတို့သင်္ဘောဖြင့် သွားရောက်လည်ပတ်နိုင်ပါသည်။ ဒီခရီးစဉ်တွင် ကျေးလက်ရှု့ခင်းများဖြစ်သည့် လယ်ကွင်းများ၊ ဝါးပင်၊ ငှက်ပျောစိုက်ခင်းများနှင့် သဘာဝရှု့ခင်းများကို ဖြတ်သန်းရာတစ်လျှောက်မှာ တွေ့ရှိခံစား ရမှာ ဖြစ်ပါသည်။ တွံတေးမြို့နှင့် ပတ်ဝန်းကျင်ကိုလည်း မြင်းလှည်းစီးရင်းလည်ပတ်နိုင်ပါသည်။ တွံတေးမြို့ ကိုရောက်လျှင် ရွှေဆံတော်ဘုရား၊ နာမည်ကျော်ကြွေထည်နဲ့ အိုးလုပ်ငန်းတို့ကိုလည်း သွားရောက် လည်ပတ်ရင်း အမှတ်တရပုံရိပ်များဆောင်ယူရင်း လက်မှုအနုပညာလက်ဆောင်များ ဝယ်ယူခဲ့ နိုင်ပါ သည်။

တတိယနေ့ - ခရီးစဉ်နောက်ဆုံးရက်လည်ပတ်ခြင်း

ရန်ကုန်မြို့တော်ခရီးစဉ်နောက်ဆုံးရက်တွင် ပြတိုက်များသို့ သွားရောက်လည်ပတ်ပြီး အချိန် ကုန်ဆုံးစေမှာဖြစ်ပါသည်။ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်၊ အမျိုးသားပြတိုက်၊ မြန်မာ့ကျောက်မျက် ရတနာပြတိုက်တို့ကို အချိန်ပေးလည်ပတ်ခြင်းဖြင့် နိုင်ငံ၏သမိုင်းအကြောင်းအရာများကို သိရှိပြီးတန်ဖိုး ရှိစွာအချိန်ကုန်ဆုံးစေမှာဖြစ်ပါသည်။ ရန်ကုန်မြို့တော်မှ မထွက်ခွာခင်မဖြစ်မနေ လည်ပတ်ရန်မှာ မြို့လမ်းဘေးမှာခွေးခြေခုံလေးများနှင့် ခင်းကျင်းထားသည့် လက်ဖက်ရည်ဆိုင်အများစုဖြစ်ပြီး ကြိုက် နှစ်သက်ရာအရသာခံစားရင်း သုံးဆောင်နိုင်ပါသည်။ တစ်နေ့တာခရီးစဉ်အပြန်တွင် ဗိုလ်တစ်ထောင် -၂- ဆိပ်ကမ်းတွင် လမ်းလျှောက်ရင်း ရန်ကုန်မြို့ပြလူနေမှုဘဝကို ခံစားနိုင်ပြီး နေဝင်ဆည်းဆာအလှကို လည်း အပေါ်စီးမှရှု့မြင်နိုင်ပါသည်။

Popular in Yangon Region

ဆက်သွယ်ရန်

ရုံးအမှတ် (၃၃), ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန, နေပြည်တော်မြို့, မြန်မာနိုင်ငံ

+၉၅ ၆၇ ၃၄၀ ၆၄၅၈,

+၉၅ ၆၇ ၃၄၀ ၆၂၄၇, +၉၅ ၆၇ ၃၄၀ ၆၁၂၉

© COPYRIGHT 2020. ALL RIGHTS RESERVED