Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 216

Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 240

Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 247

Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 248
Backpacking in မန္တလေး – Tourism Myanmar
Skip to content

Backpacking in

မန္တလေးမြို့

စိတ်ဝင်စားဖွယ်ရာ အဓိကအချက်များ

  • ၃ ရက်အတွင်း မန္တလေးမြို့၏ အကောင်းဆုံး နေရာများအား ရှာဖွေလည်ပတ်ခြင်း
  • ကျောပိုးအိတ်တစ်လုံးဖြင့် ခရီးသွားခြင်းဆိုင်ရာ အကြံပြုချက်များအား လေ့လာခြင်း
  • မန္တလေးမြို့၏ ညချမ်းကို ခံစားခြင်း

ပထမရက် – မန္တလေးမြို့သို့ ရောက်ရှိခြင်း

မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်သည် ကမ္ဘာတစ်ဝန်းရှိ နေရာအများအပြားဖြင့် ချိတ်ဆက် ပျံသန်းလျက်ရှိပါသည်။ မန္တလေးမြို့သို့ တိုက်ရိုက်ပျံသန်းမှု မရှိသည့် အခြေအနေမျိုးတွင် ရန်ကုန်မြို့သို့ လေယာဉ်ဖြင့်သွားရောက်၍ ထိုမှတဆင့် မန္တလေးမြို့သို့ ရထား သို့မဟုတ် ဘတ်စ်ကား စီး၍ သွားရောက်ရမှာ ဖြစ်ပါသည် အောင်မင်္ဂလာကားကွင်းမှ မန္တလေးမြို့ရှိ ချမ်းမြရွှေပြည် အဝေးပြေးကားကွင်းသို့ ဘတ်စ်ကားဖြင့် ၉ နာရီခန့်ကြာ ကားစီးရပါသည်။ မန္တလေးမြို့တွင် လှည့်ပတ်ကြည့်ရှုခြင်း နှင့် အနားယူအပန်းဖြေ ခြင်းဖြင့် ခရီးစဉ်၏ ပထမနေ့ကို ကုန်ဆုံးမှာ ဖြစ်ပါသည်။ မန္တလေးမြို့သည် မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုမြို့တော်ဖြစ်သည့်အတွက် မန္တလေးမြို့သည် သင်အား မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုကို ကောင်းကောင်း ခံစားစေနိုင်လိမ့်မည် ဖြစ်ပါသည်။ ဒေသခံ စားသောက်ဆိုင်များတွင် ထိုင်ပြီး အရသာရှိသော ဒေသအစားအစာများကို မြည်စမ်းနိုင်ပါသည်။ မြန်မာပြည်၏ အထူးဟင်းလျာဖြစ်သည့် အကြော် ကိုလည်း မြည်စမ်းကြည့်ဖို့ အကြံပြုလိုပါသည်။

ဒုတိယနေ့ – မန္တလေးမြို့အား လှည့်ပတ်ကြည့်ရူခြင်း

မြန်မာနိုင်ငံ၏ နောက်ဆုံး တော်ဝင် နန်းတော်ဖြစ်သည့် မန္တလေး နန်းတွင်းသို့ မသွားရောက်မီ ကောင်းမွန်သည့် ဒေသခံနံနက်စာကို သုံးဆောင်မှာ ဖြစ်ပါသည်။ ထို ထူးခြားဆန်းပြားသော နန်းတော်ကို သစ်သားဖြင့် အားလုံးနီးပါး ဆောက်လုပ်ထားပါသည်။ မန္တလေး နန်းတွင်းတွင် လှည့်ပတ် ကြည့်ရူစရာ အဆောက်အအုံများစွာ ရှိပါသည်။ မြန်မာ မင်းမျိုးမင်းနွယ်တို့၏ သမိုင်းကို သိရှိနိုင်မှာဖြစ်ပြီး အချိန်ပေး၍ လည်ပတ်ကြည့်ရှုရမှာ ဖြစ်ပါသည်။ ထို့မှတဆင့် မိနစ် ၂၀ ခန့်ကြာ အကွာတွင် ရှိသည့် အတုမရှိကျောင်းသို့ သွားရောက်လည်ပတ်မှာ ဖြစ်ပါသည်။ ထိုဘုန်းကြီးကျောင်းသည် ရှေးဟောင်းသုတေသနဆိုင်ရာ အရေးပါမှုရှိပြီး ရင်သပ်ရှုမော်ဖွယ်ရာ ကောင်းပါသည်။ ဒေသခံ စားသောက်ဆိုင်၌ နေ့လည်စာ သုံးဆောင်ပြီးနောက် မြို့၏ အနောက်တောင်အရပ်တွင် ရှိသည့် မဟာမုနိဘုရားသို့ သွားရောက်လည်ပတ်မှာ ဖြစ်ပါသည်။ ဤနေရာ၌ စိန်၊ ပတ္တမြား၊ နီလာ နှင့် အခြား ကျောက်မျက်ရတနာများဖြင့် အလှဆင်ထားသည့် စိန်ဖူးတော်အား ဌာပနာထား ထားသည့် ၄ မီတာအမြင့်ရှိသော ကြေးဖြင့်ပြုလုပ်ထားသည့် ဘုရားဆင်းတုတော်ကို ဖူးမြော်နိုင်မှာဖြစ်ပါသည်။ ညနေခင်းတွင် မန္တလေးတောင်သို့ သွားရောက်လည်ပတ်မှာ ဖြစ်ပါသည်။ မန္တလေး တောင်ထိပ် မှနေ၍ ညနေ နေဝင်ချိန်အလှကို ခံစားနိုင်ရန် ညနေနေမဝင်ချိန် ထိုနေရာသို့ အရောက်သွားဖို့ လိုအပ်ပါသည်။ မန္တလေးတောင်သို့ မသွားရောက်မီ တောင်ခြေ၌ရှိသော ကုသိုလ်တော်ဘုရားသို့ ဝင်ရောက်လည့်ပတ်မှာ ဖြစ်ပါသည်။ ဆွဲဆောင်မှုရှိသည့် ညနေ နေဝင်ချိန်အလှကို ခံစားပြီး နောက် မန္တလေးမြို့တွင်းသို့ သွားရောက်လည်ပတ်မှာ ဖြစ်ပါသည်။ ကျန်ရှိသည့် ညနေခင်းအချိန်များကို မန္တလေးမြို့ရှိ ညဈေးကို လည်ပတ်ရင်း ကုန်ဆုံးနိုင်ပါသည်။

တတိယနေ့ – မင်းကွန်း နှင့် အမရပူရ

နံနက်စာ သုံးဆောင်ပြီးနောက် မန္တလေးမြို့မှ ၁၀ ကီလိုမီတာအကွာတွင် တည်ရှိသည့် မင်းကွန်းသို့ သွားရောက်လည်ပတ်မှာ ဖြစ်ပါသည်။ မန္တလေးမြို့မှ မင်းကွန်းသို့ လှေဖြင့် သွားရောက်နိုင်ပါသည်။ ဤနေရာတွင် လည်ပတ်သင့်သည့် အဓိကနေရာမှာ သမိုင်းဝင် မင်းကွန်းခေါင်းလောင်းကြီး ဖြစ်ပါသည်။ မင်းကွန်းပုထိုးတော်ကြီးနှင့် ဆင်ဖြူမယ် ဘုရားသို့ လည်း သွားရောက်လည်ပတ်သင့်ပါသည်။ ဆင်ဖြူမယ်ဘုရားသည် အင်စတာဂရမ်တွင် တင်မည့် ဓာတ်ပုံများ ရိုက်ရန် အလွန်ကောင်းသော နေရာတစ်ခုဖြစ်သည့်အတွက် သင်၏ ကင်မရာကို ယူသွားဖို့ကိုလည်း မမေ့စေလိုပါ။ နေ့လည်စာ သုံးဆောင်ပြီးနောက် မန္တလေးမြို့မှ နာရီဝက်ခန့်အကွာတွင်သာ ရှိသည့် အမရပူရမြို့သို့ သွားရောက်မှာ ဖြစ်ပါသည်။ မြင်းလှည်းဌား၍လည်း သွားရောက်နိုင်ပါသည်။ အမရပူရတွင် ကမ္ဘာ့အရှည်ဆုံး ကျွန်းသစ်တံတားဖြစ်သည့် ဦးပိန်တံတားရှိပါသည်။ တံတားပေါ်၌ လမ်းလျှောက်နိုင်ပြီး တံတားပေါ်မှ ရင်သပ်ရှုမော်ဖွယ်ရာ ညနေနေဝင်ချိန်အလှကို ကြည့်ရှုခံစားနိုင်မှာ ဖြစ်ပါသည်။ ဤနေရာတွင် သင်၏ မန္တလေးမြို့ Backpacking ခရီးစဉ်အား အဆုံးသတ်ရန် အကောင်းဆုံး နည်းလမ်း ဖြစ်ပါလိမ့်မည်။

Popular in Mandalay Region

ဆက်သွယ်ရန်

ရုံးအမှတ် (၃၃), ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန, နေပြည်တော်မြို့, မြန်မာနိုင်ငံ

+၉၅ ၆၇ ၃၄၀ ၆၄၅၈,

+၉၅ ၆၇ ၃၄၀ ၆၂၄၇, +၉၅ ၆၇ ၃၄၀ ၆၁၂၉

© COPYRIGHT 2020. ALL RIGHTS RESERVED